ဝီကီပီးဒီးယား:ဆုလဒ် ခုံအဖွဲ့

ဝီကီပီးဒီးယား မှ

ဆုလဒ် ခုံအဖွဲ့ သည် ပုံမှန်မဟုတ်သော စာမျက်နှာဖြစ်ပြီး အသုံးပြုသူများက ဝီကီပီးဒီးယားရှိ ဆောင်းပါးများအား လိုချင်သည့် အတိုင်းအတာတစ်ခုထိ တိုးတက်လာစေရန် တောင်းခံခြင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ချက်များအပေါ် ဆုပေးခြင်းတို့ လုပ်ဆောင်နိုင်သည်။ ဆုလဒ်များသည် ငွေကြေး၊ စာအုပ်များ၊ ကွက်ကီးမုန့်များ၊ Barnstar များ အစရှိသည်ဖြင့် ပေးအပ်နိုင်ပြီး ဆုလဒ်များအား အသေးစိတ် ပေးအပ်မှုသည် ပါဝင်သည့် သက်ဆိုင်ရာပုဂ္ဂိုလ်၊ အသင်းအဖွဲ့များနှင့်သာ သက်ဆိုင်သည်။ ဝီကီမီဒီယား ဖောင်ဒေးရှင်းအား လှုဒါန်းသည့်အစား သက်ဆိုင်ရာ တည်းဖြတ်သူသို့ တိုက်ရိုက် ပေးချေသည့်စနစ်တစ်ခုလည်း ဖြစ်သည်။ ဝီကီမီဒီယား ဖောင်ဒေးရှင်းသည် တည်းဖြတ်သူများအား ငွေကြေးပေးချေခြင်း မရှိပါ။ ယင်းသည် တည်းဖြတ်သူတစ်ယောက်မှ အခြားတည်းဖြတ်သူအား တောင်းဆို/ဆုပေးသည့် စာမျက်နှာသက်သက်မျှသာ ဖြစ်သည်။ တောင်းဆိုမှုသည် အများဆုံး ၁ နှစ်အထိ တည်ရှိနိုင်ပြီး ထိုအချိန်ထက် ကျော်လွန်ပါက သက်သမ်းကုန်ဆုံးသဖြင့် ဖယ်ရှားခံရပေမည်။ သို့သော် တောင်းဆိုသူမှ ပြန်လည်ကာ တောင်းဆိုနိုင်သည်။

ဆုငွေ ဘယ်လို ကမ်းလှမ်းမလဲ[ပြင်ဆင်ရန်]

သင်သည် အောက်ပါကဲ့သို့သော ဆုလဒ်တစ်ခုအား ကမ်းလှမ်းလိုပါက ပုံစံအတိုင်း ထည့်ပေါင်းရုံသာဖြစ်သည်။ အသေးစိတ်အချက်အလက်များအား ပေါင်းထည့်ပြီး ကမ်းလှမ်းနိုင်ပါသည်။

ဆုလဒ် ခေါင်းစဉ်[ပြင်ဆင်ရန်]

  • ကမ်းလှမ်းသူ:~~~~
  • ကမ်းလှမ်း ရက်စွဲ: ၀၃:၁၅၊ ၁၈ ဧပြီ ၂၀၁၆ (UTC)
  • တောင်းဆိုချက်: ဆုလဒ်အား လက်ခံရန် မည်သည့်အရာများ ဆောင်ရွက်ရန် လိုအပ်။
  • ဆုလဒ်: သင် ကမ်းလှမ်းသည့် ဆုလဒ်
  • ဆုလဒ်များပေါ်တွင် ကန့်သတ်ချက်: ဆုလဒ်များပြားနေသော် လိုအပ်ပါက ကန့်သတ်ချက် ထုတ်ထားရန်
  • သက်တမ်းကုန်ဆုံး: သက်တမ်းကုန်လွန်ရက်အား သတ်မှတ်ရန်၊ အများဆုံးကာလသည် ၁ နှစ်ဖြစ်သည်။