Weblio

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Weblio's Home Page

Weblio သည် ဂျပန်နိုင်ငံရှိ GRAS Group, Inc. (GRASグループ株式会社) က ပြုလုပ်ထားသည့် အခမဲ့အသုံးပြုနိုင်သည့် ဘာသာပြန်အဘိဓာတ်ဝဘက်ဆိုက်နှင့် အွန်လိုင်းစွယ်စုံကျမ်းတစ်ခု ဖြစ်သည်။ ၎င်းGRAS Group, Inc. ကို ယခင်က Weblio ကော်ပိုရေးရှင်း  (ウェブリオ株式会社) အဖြစ် သိကြသည်။ Weblio သည်အရေးပါသည့် ရှာဖွေမှုများဖြစ်သည့် အဘိဓာန်၊ စွယ်စုံကျမ်း၊ ဝေါဟာရ စသည့် အမျိုးမျိုးသော ရှာဖွေမှုများကို ပြုလုပ်နိုင်ကာ ရလဒ်များကို ပြန်လည်ပေးပို့ပေးသည်။ ဤဝဘ်ဆိုက်တွင် Kenkyūsha's New Japanese-English Dictionary နှင့် အခြားသော ဂျပန်-အင်္ဂလိပ်၊ အင်္ဂလိပ် - ဂျပန် အဘိဓာန် ၇၀ ခုပါဝင်သည့် အင်္ဂလိပ်စကားလုံးပေါင်း ၄၁၆၀၀၀၀ လုံးနှင့် ဂျပန်စကားလုံး ၄၇၃၀၀၀ လုံးတို့ကို ထည့်သွင်းထားသည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အဘိဓာန်ပေါင်း ၆၆၅ ခု, စွယ်စုံကျမ်းနှင့် ဝေါဟာရများကို အပြည့်အဝ ရှာဖွေမှု ပြုလုပ်နိုင်သည်။[၁][၂]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အစမ်းထုတ်ဝေမှုကို ၂၀၀၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်ခဲ့သည်။ ဝဘ်ဆိုက်တွင် အဘိဓာန်နှင့် စွယ်စုံကျမ်း ၁၁ ခုတို့၏ မတူညီသည့် ရှာဖွေမှုအမျိုးမျိုးတို့ကို ပြုလုပ်နိုင်စေရန် နောက်နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အထောက်အပံ့ပေးခဲ့သည်။[၃][၄]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Japanese Language: Reference: Encyclopedias၊ University of Washington Libraries
  2. Weblio homepage။ 2016-01-20 တွင် ပြန်စစ်ပြီး။
  3. プレスリリース オンライン百科事典「Weblio:ウェブリオ」のベータ版をオープン။ Weblio (2005-12-12)။ 2008-01-28 တွင် ပြန်စစ်ပြီး။
  4. プレスリリース オンライン百科事典「Weblio:ウェブリオ」を正式オープン။ Weblio (2006-01-25)။ 2008-01-28 တွင် ပြန်စစ်ပြီး။