မာတိကာသို့ ခုန်သွားရန်

Wave Money

ဝီကီပီးဒီးယား မှ
Wave Money
အမျိုးအစားJoint Venture
တည်ထောင်သည့်နှစ်နိုဝင်ဘာ ၉၊ ၂၀၁၆; ၉ နှစ် အကြာက (၂၀၁၆-၁၁-09)
ဌာနချုပ်ရန်ကုန်မြို့, မြန်မာနိုင်ငံ
မိခင်ကုမ္ပဏီYoma Strategic Holdings Ltd
ဝက်ဘ်ဆိုက်https://wavemoney.com.mm/about-us

Wave Money (အသံထွက် - ဝေဖ်မန်းနီး) သည် မြန်မာနိုင်ငံရှိ မိုဘိုင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်သည်။ ၎င်းကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။ ၎င်း၏ ရုံးချုပ်သည် ရန်ကုန်မြို့တွင် တည်ရှိသည်။

သမိုင်း

[ပြင်ဆင်ရန်]

Wave Money ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ရိုးမဘဏ်နှင့် တယ်လီနောအုပ်စု နှင့် First Myanmar Investment တို့သည် သဘောတူ စတင်ခဲ့သည်။[] ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် Wave Money သည် လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ မိုဘိုင်းငွေကြေးစည်းမျဉ်းသစ်များအောက်တွင် ပထမဆုံးသော ဘဏ်မဟုတ်သည့် မိုဘိုင်းငွေကြေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ Wave Money ကို စတင်ပြီးနောက် နှစ်လကြာပြီးနောက် အသုံးပြုသူအရေအတွက်သည် တစ်သိန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် ၁.၃ သန်းအထိ ရှိခဲ့သည်။[][][]

၂၀၁၈ ခုနှစ်အတွင်း ငွေကြေးလွှဲပြောင်းမှုသည် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံအထိ ရှီခဲ့ပြီး ၎င်းသည် ခန့်မှန်းခြေအားဖြင့် မြန်မာ့ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းရှိသည်။[] ၂၀၁၉ ခုနှစ်တွင် ငွေလွှဲပြောင်းမှုသည် မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန်လတွင် United Nations Capital Development Fund နှင့် Australia's Department of Foreign Affairs and Trade တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Wave Money သည် Shwe Toe အပ်ပလီကေးရှင်းကို ထုတ်ဝေခဲ့သည်။ Shwe Toe သည် ငွေကြေးဆိုင်ရာပညာပေးဂိမ်းအပ်တစ်ခု ဖြစ်ကာ ငယ်ရွယ်သည့်အမျိုးသမီးများအား ငွေကြေးဆိုင်ရာအယူအဆများကို ပိုမိုနားလည်စေရန် ရည်ရွယ်သည်။[][][]

၂၀၁၉ ခုနှစ်၊ မတ်လတွင် Wave Money သည် မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်းကာ အစိုးရပင်စင်စားများကို မိုဘိုင်းပေးချေမှုဖြင့် ပေးနိုင်ရန် လုပ်ဆောင်ခဲ့သည်။ []

၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် Yoma Strategic သည် First Myanmar Investment မှ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ရရှိခဲ့သည်။[]

၂၀၂၀ ခုနှစ်၊ မေလတွင် အလီဘာဘာဂရု၏ Ant Financial Group သည် Wave Money တွင် ရှယ်ယာ၏ ၃၃ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၇၃.၅ မီလီယံကို ရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။ [၁၀][၁၁]

၂၀၂၀ ခုနှစ် ဇွန်လတွင် Yoma Strategic သည် Yoma MFS (Wave Holdco) ကို တည်ထောင်ခဲ့သည်။ ၎င်းသည် Wave Money ရှိ တယ်လီနော၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရရှိခဲ့သည်။[၁၂][၁၃]

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပွားခဲ့ရာ တစ်နိုင်ငံလုံးအင်တာနက်ဖြတ်တောက်ခံရမှုများ ရင်ဆိုင်ခဲ့ရသည်။ Wave Money ၏ ငွေကြေးလွှဲပြောင်းမှုများသည်လည်း အကြီးအကျယ်ကျဆင်းခဲ့ပြီး ပုံမှန်လွှဲပြောင်းမှု၏ ၁၀ - ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။[၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Wave Money enjoying ride in Myanmar (in en-US)။
  2. Mobile money services make waves in Myanmar (in en) (2018-03-27)။ 2 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-03-31 တွင် ပြန်စစ်ပြီး။
  3. Nationwide expansion to drive Wave Money’s growth (in en-US)။ 2021-03-31 တွင် ပြန်စစ်ပြီး။
  4. Wave Money Celebrates Outstanding Results in 2018, All Set to Surpass Growth in 2019 (in en)။ 2021-03-31 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  5. Wave Money triples annual remittance, sees continuing growth in Myanmar (2020-01-13)။ 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-03-31 တွင် ပြန်စစ်ပြီး။
  6. Using digital gamification for enhancing financial literacy in Myanmar - UN Capital Development Fund (UNCDF) 2021-03-31 တွင် ပြန်စစ်ပြီး။
  7. Best Technology Solution For Financial Inclusion: Wave Money (in en) (2018-09-06)။ 2021-03-31 တွင် ပြန်စစ်ပြီး။
  8. Wave Money team ups with MEB to offer mobile pension service (2019-03-18)။ 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-03-31 တွင် ပြန်စစ်ပြီး။
  9. Yoma Strategic to buy 10% additional stake in Myanmar's Wave Money (in en-US)။ 2021-03-31 တွင် ပြန်စစ်ပြီး။
  10. China’s Ant Financial buys stake in fintech Wave Money (2020-05-18)။ 24 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-03-28 တွင် ပြန်စစ်ပြီး။
  11. Yoma Strategic's mobile payments JV ties up with Alipay operator Ant Financial 2021-03-31 တွင် ပြန်စစ်ပြီး။
  12. Yoma Strategic to buy Telenor's stake in Myanmar’s Wave Money for $76.5m (in en-US)။ 2021-03-31 တွင် ပြန်စစ်ပြီး။
  13. hermesauto (2020-06-24)။ Yoma to buy controlling stake in Myanmar e-payment firm Wave Money (in en)။ 2021-03-31 တွင် ပြန်စစ်ပြီး။
  14. News Article-AlJazeera 9 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 June 2021 တွင် ပြန်စစ်ပြီး။