အသုံးပြုသူ ဆွေးနွေးချက်:Winaung74

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အမေရိကန်ခရိုနီအရင်းရှင်စနစ်[ပြင်ဆင်ရန်]

အမေရိကန်ခရိုနီအရင်းရှင်စနစ်( American Crony Capitalism)

အမေရိကန် ပြည်ထောင်စု ၊ဝါရှင်တန် ဒီစီမြို့တော် K street ဟာ lobbyists လို့ ခေါ်တဲ ့ ကွန်ဂရက် လွတ်တော် အမတ်တွေကို မဲဆွယ်သူတွေ ကျက်စားရာ အထင်ကရ လမ်းတစ်လမ်းပါ။ Lobbyists ဆိုတာဟာ အမေရိကန် နိုင်ငံရေးမှာ သြဇာရှိသူ လွတ်တော် အမတ်ဟောင်းတွေ၊ အိမ်ဖြူတော် အရာရှိဟောင်းတွေ၊ ပင်တာဂွန်အရာရှိဟောင်းတွေပါ။ သူတို ့တွေ ကို စီးပွားရေးကုမ္ပဏီတွေ၊ နိုင်ငံခြားအစိုးရတွေ က အခု လက်ရှိ အမေရိကန် အမေရိကန်လွတ်တော်အမတ်တွေ ကို သူတို ့ဖြစ်စေခြင်တဲ ့ ဥပဒေတွေ ချမှတ်လာနိုင်အောင် မဲဆွယ်ပေးဖို ့ဌားကြပါတယ်။

သူတို ့ရဲ ့လစာ ကတော ့ tasks လုပ်ငန်းပေါ် မူတည်းပြီး ကွဲပါတယ်။ ဥပမာ tobacco ဆေးလိပ်ကုမ္ပဏီ တွေက ဌားထားတဲ lobbyist တွေဆို ဒေါ်လာ သန်းပေါင်းများစွာ ရကြပါတယ်။အလားတူပဲ စစ်လက်နက်ထုတ်တဲ ့ကုမ္ပဏီတွေ က လည်း စစ်များများတိုက်မယ့် ပေါ်လစီ ကို ထောက်ခံပေးမယ့် လွတ်တော်အမတ်တွေကို စည်းရုံးပေးရလေ့ရှိပါတယ်။ Lobbyists တော်တော်များများ ကလည်း လွတ်တော် အမတ်တွေ အဖြစ် အချိန်အတော်ကြာကြာ ဖြစ်ခဲ ့ကြတာမို ့ ဥပဒေပြုရေး အကြောင်း၊ ရွေးကောက်ပွဲ နိုင်ငံရေး အကြောင်းတွေကို သူတိုကိုယ်တွေဖြတ်သန်းခဲ ့ရတော ့ သေသေချာချာ နားလည်ကြပါတယ်။

Lobbyist တွေဟာ သူတို ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဆီးနိတ်တာတွေ အောက်လွတ်တော် အမတ်တွေ နဲ ့ နေ့လည်စာ၊ညစာ၊ ရွေးကောက်ပွဲရံပုံငွေ ရှာဖွေရေး ညစာ ( benefits dinner)၊ ဂေါက်သီးရိုက်ပွဲ တွေ၊ ဂုဏ်ပြုပွဲတွေ မှာ စကားပြောကြ အပေးအယုူ့လုပ်ကြ စည်းရုံးကြတာဟာ အမေရိကန်နိုင်ငံရေးရဲ ့အလေ့အထ တစ်ခုပါ။

အပေးအယူလုပ်တယ်ဆိုလို ့ ငွေပေးလဘ်စားတာကို ပြောတာမဟုတ်ပါ။ လွတ်တော် အမတ် တွေကို Lobbyist တွေက သူတို ့ကုမ္ပဏီ အကျိုးရှိမယ့် ဥပဒေတွေ ချမှတ်ပေးရင် ရွေးကောက်ပွဲ မဲဆွယ်ဖို ့အတွက်ငွေ ဘယ်လောက်လှူပေးမယ်ဆိုတာမျိုးပါ။ အမေရိကန်မှာ က ငွေတိုက်ရိုက်ပေးလို ့မရပါ။ ဒါပေမယ့် ကုမ္ပဏီအလိုက် ရွေးကောက်ပွဲ အတွက်တရားဝင်လှူခွင့် ရှိပါတယ်။ ဘယ်ကုမ္ပဏီ ကဘယ်လောက်လှူတာလဲ ဆိုတာ တရားဝင်ထုတ်ပြန်ရပါတယ်။ ဒါ့အတွက်လည်း Campaign Finance Law လို ့ခေါ်တဲ ့" ရွေးကောက်ပွဲ ဘဏ္ဍာရေးဥပဒေ" ရှိပါတယ်။ ရွေးကောက်ပွဲပြီးရင်လည်း ငွေစာရင်း တိတိကျကျ ထုတ်ပြန်ပေးရပါတယ်။ လှူတဲ ့ငွေတို ့ ရွေးကောက်ပွဲ လက်ကျန်ငွေတို ့ကို မည်သည့် အခါမှ လွတ်တော် ကိုယ်စားလှယ် ဟာ မိမိကိုယ်ကျိုး အတွက် သုံးခွင့်မရှိ အိပ်ကပ်ထဲ ထည့် ခွင့် မရှိပါ။ ဒါကိုတော ့ တင်းတင်းကြပ်ကြပ် အရေးယူ တရားစွဲထောင်ချလေ့ရှိပါတယ်။

လွတ်တော် အမတ်တွေ ဟာလည်း ရွေးကောက်ပွဲ အတွက် ငွေ အသည်းအသန်ရှာ ရလေ့ ရှိပါတယ်။ ရွေးကောက်ပွဲ မဲဆွဲ စရိတ်က သိပ်ကြီးတော့ ငွေများများ ရှာ နိုင်သုံးနိုင်တဲ ့ ကိုယ်စားလှယ် က နိုင်ဖို ့များပါတယ်။ သုတေသန စစ်တမ်းတွေ အရ ဆိုရင် Senate အထက်လွတ်တော် အမတ် တစ်ယောက် ဟာ ရွေးကေနိုင်ဖို အတွက် အနည်းဆုံး ဒေါ်လာ ၁၀.၃ သန်းကျော်သုံးရလေ့ ရှိပြီး၊ House အောက်လွတ်တော် အမတ် တစ်ယောက်ကတော ့ အနည်းဆုံး ဒေါ်လာ ၁.၆ သန်းသုံး ရပါတယ်။

<photo id="1" />

အထက်လွတ်တော် အမတ် တစ်ယောက် သက်တမ်း က ၆ နှစ်ရှိတော ့ ရွေးကောက်ပွဲ ကျင်းပဖို ့ ၂ နှစ် အလိုလောက်မှငွေစ ရှာရင်လည်းဖြစ်ပါတယ်။ ခက်တာက အောက်လွတ်တော် အမတ်တွေပါ။ အောက်လွတ်တော် အမတ် တစ်ယောက် ရဲ ့ သက်တမ်းက ၂ နှစ်ပါ။ အဲဒီတော ့ သူတို ့ခမျာ ဒီနေ ့ရွေးကောက်ပွဲ နိုင်ပြီးရင် နောက်နေ ့ ရံပုံငွေ ရှာဖို ့ မဲဆွယ် ဖို ့ စပြင်ကြရရှာပါတယ်။

များသောအားဖြင့် ကုမ္ပဏီတွေ က PAC ( Political Action Committee) တွေ အနေနဲ ့ငွေလှူလေ့ ရှိပါတယ်။ ရွေးကောက်ပွဲ ဘဏ္ဍာရေး ဥပဒေ အရဆို ရင် ပြည်သူတစ်ဦး က individual အနေနဲ ့ တိုက်ရိုက် ငွေသား လှူခြင်ရင် အများဆုံး $2500 ပဲလှူခွင့် ရှိပါတယ်။ PAC အနေနဲ ့ လှူခြင်တယ်ဆို ရင်တော ့ ငွေသား $5000 အထိ လှူလို ့ ရပါတယ်။ ဒါဆို ကုမ္ပဏီတွေ က ဒေါ်လာသန်းချီ ဘယ်လို လှူကြမလဲ။ ဒီနေရာမှာတော ့ အမေရိကန် နိုင်ငံရေး ရဲ ့ ပညာ ပိုင်း(သို့မဟုတ် ) လက်တလုံးခြား လုပ်မှုပိုင်းဝင်လာပါတယ်။

<photo id="2" />

အမေရိကန် " ရွေးကောက်ပွဲ ဘဏ္ဍာရေး ဥပဒေ" အရ ငွေသား တိုက်ရိုက်လှူရင်သာ ကန့်သတ်မှု ့ရှိတာပါ။ ဒါပေမယ် ့ ကုမ္ပဏီတွေ က PAC အနေနဲ ့ကြောငြာစရိတ် တို ့ဘာတို ့ မှာ ကိုယ်စားလှယ် ကိုယ်စား မဲဆွယ် ဖို ့ သုံ းရင်တော ့ ငွေ အကန် ့အသတ်မရှိ သုံးနိုင်ပါတယ်။ တကယ်ရွေးကောက်ပွဲ မဲဆွယ်တဲ ့နေရာမှာ သုံးရတာက လည်း TV နဲ ့ radio ကြော်ငြာတွေပါ။ ဒီကြော်ငြာ စရိတ်တွေ က ရွေးကောက်ပွဲ မပြီး မခြင်း အခါခါကြော်ငြာ ရလို ့ သန်းနဲ ့ချီ ကုန်ပါတယ်။

ဒီတော ့ အဲ ့ဒီ ကုမ္ပဏီတွေ က လွတ်တော် အမတ် အနိုင်ရပေါင်း တဖက်တလမ်းက ဆောင်ရွက်ပေးရာ ကျမနေဖူးလား။ ဒါ အပြင့် တချို ့ PAC တွေ ဆို လွတ်တော် ကိုယ်စား လှူခြင်တဲ ့ လူတွေ ကို ဖုန်းဆက် ဖိတ်ခေါ်လူ စုပေး သေးတယ်။ ပြီးရင် ရံပုံငွေ ညစာစားပွဲ အဖြစ် table တစ်ခု ကို ဒေါ်လာ ၂၀၀၀လောက်နဲ ့ လက်မှတ်ရောင်း ပြီးရံပုံငွေ ရှာပေးသေးတယ်။ လွတ်တော် အမတ် က ညစားစားပွဲ ခဏလောက်လာ မိန့် ခွန်း ပြော ပေး ၊ ဓါတ်ပုံ တွဲ ရိုက်ပေးရုံလေးပါ။

သူ ့အတွက် အလွန်ခေါင်းစား ရတဲ ့အလှူရှင်တွေ ကို ကိုယ်တိုင်ဖုန်းဆက်ရ ငွေတောင်းရတာ တွေ သက်သာသွားတော ့ ဒီ PAC တွေ စီးပွား ကုမ္ပဏီတွေ ရဲ ့ သြဇာ မသက်ရောက် ပဲ နေပါ့မလား။ သူတို ့တွေ ကောင်းစားမဲ ့ ဥပဒေတွေ ပဲ ထွက်လာဖို ့များ မနေဖူးလား။ ဒါ က ဝါရှင်တန် နိုင်ငံရေး ရဲ ့ သကြားသုတ် မထား တဲ ့ပကတိနိုင်ငံရေး အခြေအနေပါ။ သာမန် အမေရိကန် ပြည်သူတွေ က ရွေးကောက်ထားပြီးရင် ဥပဒေပြုရေးမှာ သူတို ့လို PAC တွေ ခရိုနီ တွေလောက် ဘယ်လွှမ်းနိုင်ပါ့မလဲ။ သမ္မတ ရွေးကောက်ပွဲ တွေမှာလည်း ဒီလို PAC တွေ စီးပွားရေး ကုမ္ပဏီ တွေရဲ ့ သြဇာ အနည်းနဲ ့အများတော့ ရှိပါတယ်။ ကွန်ဂရက် အမတ် ရွေးကောက်ပွဲတွေ လောက်တော့ လိုု ့ မရဖူးပေါ့။ ဒါကို ပဲ အမေရိကန်ခရိုနီ အရင်းရှင်စနစ် လို ့ပြောတာပါ။

<photo id="3" /> <photo id="4" />

ခရိုနီ ဆိုတာ လက်ရှိနိုင်ငံရေး အဏာရှိသူတွေ နဲ ့ပေါင်းစား အသုံးခြပြီး မိမိ ရဲ ့စီးပွားရေး အခွင့် အလမ်း အတွက် အမြတ်ထုတ်နေတဲ ့ လူမျိုးလို ့ပဲ ရိုးရိုးလေး အဓိပ္ပာယ်ဖွင် ့မိပါတယ်။

အမေရိကန် နိုင် ငံရေး သမား တချို ့ ကတော ့ လူကြားကောင်းအောင် Campaign Finance Reform တို ့ပြုပြင်ရေးတို ့ အော်နေကြပါတယ်။ တချို ့စဉ်းစား ကြတာ က TV တွေ radio တွေမှာ အချိန် အတူူတူပေး ရင် ဒီပြဿနာ တွေ လျော့ သွားမလားလို ့ပါ။ ဒါကို တချို ့ က ပြန်ချေပတာ က lobbyist တွေ PAC တွေ ကို က ပြည်သူ့ အသံတွေ နဲ ့ စီချယ်ထားတဲ ့ အမေရိကန် ဒီမိုကရေစီ ပါပဲတဲ့။ ဘယ်သူမဆို PAC ဖွဲ ့ပြီး မဲဆွယ် နိုင်ဖို ့ တန်းတူ အခွင့် အရေး ပေးထားပြီးသားပါတဲ ့။ ဒါကြောင့် အမေရိကန် နိုင်ငံရေး သမားတွေ ကို career politician လို ့ ခေါ်ကြတာပါ။ အဓိပ္ပာယ် ကတော ့ "နိုင်ငံရေး နဲ ့ အသက်မွေးဝမ်းကျောင်းနေသူများ" ပေါ့ဗျာ။

တချို ့အမေရိကန် လွတ်တော် အမတ်တွေ ဆို အမတ်ဘဝ ကတောင် ထွက်ပြီး lobbyists ဘဝပြောင်းကြတယ်။ အမတ်လစာ ထက် အဆပေါင်းများစွာ သာတဲ ့ ဒေါ်လာ သန်းပေါင်း များစွာ ရကြလို ့ပါ။

Credit: Documentary movie: "The Best Government Money Can buy" http://movies.netflix.com/WiMovie/The_Best_Government_Money_Can_Buy/70148086?trkid=2361637

Lectures from "Congress" class in 2005, Dr. Dina Titus (Nevada U.S House of Representative District 3), Professor of Political Science, University of Nevada, Las Vegas

Photo Sources: "Election cost" graph from CNN, " Campaign Contribution" Table from Federal Election Commission, "US Crony Capitalism Cartoon" from www.<a>patriotupdate.com</a> and "US Corporate Flag" from www.<a>reclaimdemocracy.org</a>