အသုံးပြုသူ:Tun Lin Aung 0001/sandbox

ဝီကီပီးဒီးယား မှ

အချိန် သတ်မှတ်ခြင်း သမိုင်း[ပြင်ဆင်ရန်]

အချိန်ကိုဖော်ပြတဲ့စနစ် ဘယ်ကလာတာပါလဲ။ အချိန်ဇုန်တွေဆိုတာ ဘာများပါလဲ။ ဘာလို့ ဒီဇုန်တွေက အများကြီး ဖြစ်နေရတာလဲ။ ဒီအရာတွေအားလုံးအတွက် အဖြေကို ဖမ်းယူနိုင်ဖို့ဆို.. နေနာရီတွေမှ အစပြုကာ သဲနာရီများ၊ ထိုမှတစ်ဆင့်တက်ကာ မျက်မှောက်ခေတ် နာရီများအထိ ခေါ်ဆောင်သွားမဲ့ ဒီခရီးမှာ အချိန်များရဲ့သမိုင်းကို ဖတ်ရှုကြည့်ပါ။ ကျုပ်တို့တွေ နေ့တိုင်း အချိန်ကို ကြည့်ကြတာ တစ်နေ့လုံးပါပဲ။ ဒါပေမဲ့ အချိန်ဖော်ပြချက်ဟာ ဘယ်က လာသလဲလို့ ခင်ဗျားတို့တွေးဖူးကြပါသလား။ ဘယ်အချိန်ရှိပြီဆိုတာကရော ဘာကြောင့် အရေးကြီးရတာလဲ နာရီဆိုတာကို ဘယ်သူ သတ်မှတ်ခဲ့လဲ ပြီးတော့ ကမ္ဘာမှာ ကွဲပြားတဲ့ အချိန်ဇုန်တွေဘာလို့ အများကြီးရှိနေတာလဲ။ အချိန် ကိုဦးဆုံးဖော်ပြတဲ့ ပုံစံကနေနာရီဖြစ်ပြီး ရှေးဟောင်းသုတေသနဆိုင်ရာ မှတ်တမ်းအရတော့ အစောဆုံးနာရီဟာ နေနာရီပါ။ လွန်ခဲ့တဲ့ နှစ် ၅,၀၀၀ နီးပါးက Oblelisk လို့ခေါ်တဲ့ မျက်နှာစာလေးဘက်ပါတဲ့ ကျောက်တိုင်တွေပါ။ နေနာရီတွေက အချိန်ကို ဖော်ပြရာမှာတော့ မျက်နှာပြင်ပေါ်ကို အရိပ်ချတဲ့နည်းသုံးလို့ ဖော်ပြပါတယ်။ အရိပ်ကို ဖြစ်ပေါ်စေလိုက်တဲ့ အရာဟာ.. အလယ်ခေါင်က gnomon လို့ခေါ်တဲ့ တုတ်တိုင် တစ်ချောင်းပါ။ ချိန်သားကိုက်အောင် ဆောက်လုပ်ထားတဲ့ နေနာရီက အချိန်ကို တိကျစွာ တိုင်းတာနိုင်ပါတယ်။ ပြီးတော့ ယနေ့ခေတ်တိုင်အောင် နာရီတွေရဲ့လုပ်ဆောင်ချက် ကိုစောင့်ကြည့်ဖို့ နေနာရီတွေကို အသုံးပြုဆဲပါ။ ဒါပေမဲ့ နေနာရီတွေမှာ ကန့်သတ်ချက်တွေရှိပါတယ်။ ထင်ရှားတဲ့အချက်က နေနာရီတွေ နေရောင်ကို လိုအပ်တာပါပဲ။ ဒါ့ကြောင့် အမှောင်ကျသွားတဲ့ ညဉ့်ကာလမှာ နေနာရီတွေ အိပ်စက်အနားကြပါတယ်။ အချိန်ကုန်လွန်မှုကို ခန့်မှန်းဖို့ လူသားတို့ရဲ့ ကြိုးပမ်းခဲ့တဲ့ နှစ်များစွာအတွင်း ပစ္စည်းအမျိုးမျိုးသုံးခဲ့ကြပါသေးတယ်။ အဲဒီထဲမှ တချို့ဟာ အတန်အသင့်ခန့်မှန်းနိုင်တဲ့ မြန်နှုန်းမျိုးနဲ့ တောက်လောင်တဲ့ ဖယောင်းတိုင်နဲ့ မွှေးတိုင်တွေကို သဲနာရီတွေနဲ့အတူ တလျှောက်လုံး အသုံးပြုခဲ့ကြတာပါပဲ။ သဲနာရီတွေမှာ မှုန်ညက်တဲ့ သဲတွေပါဝင်ပါတယ်။ ပြီးတော့ သဲနာရီကိုယ်ထည်ရဲ့ ဖန်ဘူးလွတ်နှစ်ခုကိုဆက်ထားတဲ့ ပြွန်ငယ်မှတဆင့် အဲဒီသဲတွေကို မြန်နှုန်းမှန်မှန်နဲ့ စီးကျစေပြီး စိတ်ကြိုက် ကြိုတင်သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြား ကာလတစ်ခုရဲ့ ကုန်လွန်မှုကို ဖော်ပြပါတယ်။

၁၄ ရာစုအစောပိုင်းမှာ သဲနာရီကို၊ အထူးသဖြင့် ရေယာဉ်တွေပေါ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပေမဲ့ သူ့ရဲ့ဇစ်မြစ်ကတော့ မရေရာလှပါဘူး။ အခြားအချိန်တိုင်းကိရိယာတွေနဲ့ မတူတာက ရေယာဉ်ရဲ့ ရွှေ့လျားမှုဟာ သဲနာရီကို သက်ရောက်မှု မဖြစ်စေပါဘူး။ ၁၃ ရာစုမှာတော့ စက်နာရီတွေ တီထွင်လာကြလို့ အချိန်တိုင်းရိုးတိုင်းစဉ်နည်းစနစ်တွေအပေါ် အပြောင်းအလဲ များစွာဖြစ်စေခဲ့တယ်။ ဒီနေ့ ခေတ်ပေါ် နာရီက ချိန်သီးလွှဲတဲ့ပေါ်မှာ သို့မဟုတ် သလင်းပုံဆောင်ခဲတုန်ခါမှုပေါ် အခြေခံလို့ သဲနာရီနဲ့ ဖယောင်းတိုင်နာရီတွေ ထက် အများကြီး ပိုတိကျပါတယ်။ ယနေ့ခေတ်မှာတော့ စဉ်ဆက်မပြတ် စက္ကန့်တွေကိုရေတွက်ခြင်းက သိပ္ပံနည်းကျအချိန်ရဲ့ အခြေခံဖြစ်ပါတယ်။ အက်တမ်နာရီပေါ် အခြေခံလို့ တစ်ကမ္ဘာတဝမ်လုံးမှာတော့ international atomic time အဖြစ်သိကြပါတယ်။ အချိန်ကိုမျက်ခြေမပြတ်ဖို့ ဘာလို့အရေးကြီးသလဲ။ ကဲ အချိန်က ကျုပ်တို့နေ့စဉ်ဘ၀တွေကို ထိန်းညှိပြီး တစ်ကမ္ဘာလုံးက လူတွေနဲ့ တိကျစွာ ဆက်သွယ်ဖို့ ဖြစ်နိုင်ခြေ ရှိစေပါတယ်။ အချိန်စနစ်မရှိခဲ့ရင် ခြံလုပ်ငန်းတွေ၊ လူမှုရေး အဆောက်အအုံတွေ၊ ဆက်သွယ်ရေးနဲ့ စီပွားရေး လုပ်ငန်းတွေမှာ များစွာအခက်ကြုံရလိမ့်မယ်။ ဥပမာအနေနဲ့ အမေရိကန်ရထားလမ်းစနစ်ကိုဖော်ပြပါရစေ။ ၁၉ရာစုအလယ်ပိုင်းမှာ ရထားလမ်းတစ်ခုစီဟာ ယေဘုယျအားဖြင့် ရုံးချုပ်ရဲ့ ဒေသစံတော်ချိန်ကို အခြေခံကာ ကိုယ်ပိုင်စံတော်ချိန်တွေ အသုံးပြုခဲ့ကြတယ်။ ရထားအချိန်ဇယားကိုတွေလည်း ကိုယ်ပိုင်စံတော်ချိန်အတိုင်း ဖြန့်ချိကြပါတယ်။ ပြီးတော့ ရထားလမ်းကြောင်းတွေ အမျိုးမျိုးရှိတဲ့ အရေးပါတဲ့ မီးရထားလမ်းဆုံ တစ်ချို့မှာ ရထားလမ်းတစ်ခုစီအတွက် သီးခြားနာရီတစ်ခုစီထားရှိပြီး မတူညီတဲ့အချိန်တွေကို ဖော်ပြကြတယ်။ New York နဲ့ Boston မြို့ကြားအကွာအဝေးက ၂ ဒီဂရီခန့် သို့မဟုတ် ၈ မိနစ်ကြာပြီး အဲဒါက ခင်ဗျားနဲ့ မီရထား ချိတ်အဆက်ကို လွဲအောင် လုပ်ပစ်လိုက်နိုင်ပါတယ်။ New York နဲ့ Boston ကြားအကွာအဝေးက ၈ မိနစ်ဆိုရင် Boston နဲ့ Australia ကြားသာဆို စဉ်းစားသာ ကြည့်ပေတော့။ နောက်ပိုင်းမှာ... ကမ္ဘာတဝမ်းလုံး၌ အချိန်ဇုန်တွေကို အသုံးပြုလိုက်နိုင်ခြင်းက ကွဲပြားမှုများကို ပြေလည်စေပြီး ဆက်သွယ်ရေးကို သိသိသာသာ ချောမွေ့သွားစေပါတယ်။ အချိန်ဇုန်ဆိုသည်မှာ တူညီတဲ့စံတော်ချိန်ရှိတဲ့ ကမ္ဘာပေါ်က ဒေသတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အချိန်ဇုန်ပေါင်း ၄၀ ရှိပါတယ်။ ပြီးတော့ အစောဆုံးနဲ့ နောက်အကျဆုံးဇုန်ဟာ ၂၆ နာရီ ကွာခြားပါတယ်။ ဒီတော့ ကမ္ဘာပေါ်မှာ ပြက္ခဒိန်ကမည်သည့်ရက်မဆို တစ်ရက်အချိန်ဟာ နာရီ ၅၀ ရှိသွားပါတော့တယ်။ နောက်တစ်ခါဆို.. ခင်ဗျားကို တစ်ယောက်ယောက်က "ဘယ်အချိန်ရှိပြီလဲ" လို့ မေးလာရင် ခင်ဗျားရဲ့အဖြေက ဖြေနေကျထက်ကို အများကြီး ပိုရှုပ်ထွေးသွားမှာပါ။ ~~~~

Ref : [The History of Keeping Time by Karen Mensing ၁]


ကိုးကား အမှား - <ref> tags exist for a group named "The History of Keeping Time by Karen Mensing", but no corresponding <references group="The History of Keeping Time by Karen Mensing"/> tag was found