အသုံးပြုသူ:Pho Aung

ဝီကီပီးဒီးယား မှ

ယုန်နဲ့လိပ်

ဒီပွဲမှာ လိပ်နိုင်တယ် ယုန်ရှုံးတယ် အားနည်းသူနိုင်ရင် ပရိတ်သတ်လက်ခုတ်တီးတာ ဒါသဘာဝ ပြီးတော့ ရှိသေးတယ် ကိုယ်နိုင်မယ့်သူကိုပဲ စိန်ခေါ်တတ်တာလည်း သူလိုကိုယ်လိုပဲ သဘာဝပဲ ထားပါ ယုန်မှားတာ တစ်ခုပဲ ပြေးလမ်းတိုသွားတာ တရေးအိပ်ဖို့ မလုံလောက်တဲ့ပြေးလမ်းက တော်တော်တိုလွန်းသွားတယ် ထားပါ ပထမပြေးပွဲက ဘာမှပညာသားမပါဘူး ဒါပေမယ့် လိပ်နိုင်တယ် ယုန်ရှုံးသွားတယ် နိုင်သင့်တဲ့ပွဲကို မနိုင်တော့ ယုန်က နောက်တပွဲထပ်ချိန်းတယ် လိပ်ကလည်း နိုင်ဖူးထားတဲ့မာန်နဲ့ လက်ခံလိုက်တယ် ပြိုင်ကြတယ် ယုန်ကလည်း အရင်လို ထပ်အိပ်တယ် ဒါပေမယ့် ဒီတခါပြေးလမ်းရှည်တဲ့အတွက် ယုန်နိုင်တယ် လိပ်ရှုံးတယ် ဒီပွဲမှာ ဘယ်ပရိတ်သတ်မှ လက်ခုပ်မတီးဘူး လိပ်ကိုလည်း ကိုယ့်ထက်အားသာတဲ့သူနဲ့ ပြိုင်တာ အရူးဆိုပီး ဝိုင်းလှောင်ကြတယ် ယုန်လည်း အပြောမလွတ်ဘူး လိပ်ကိုမှမနိုင်ရင် ယုန်လုပ်မနေနဲ့ ဘာညာပေါ့ ထားတော့ လိပ်မကျေနပ်ဘူး ယုန်ကတော့ အာသာပြေသွားပီ ဒါပေမယ့် တွေ့တိုင်းတော့ မထိတထိ စ တုန်း နောက်ဆုံးတော့ လိပ်ကလိပ် ယုန်ကယုန်ပါကွာ ဘာညာဘာညာပေါ့ လိပ်က ပြန်စိန်ခေါ်တယ် ပြေးလမ်းကို သူဆွဲမယ် ပြိုင်ရဲလားပေါ့ ယုန်ကလည်း ပြေးလမ်းသာရှည်ပလေ့စေ အချိန်မရွေးပဲဆိုတော့ နောက်တပွဲပေါ့ ထားတော့ ပြိုင်ကြရော လိပ်က ပြေးလမ်းကို ရေလမ်းကြောင်းပါထည့်လိုက်တော့ အဲ့ပွဲမှာ လိပ်နိုင်တယ် ယုန်ရှုံးတယ် ရေမကူးတတ်တဲ့ ယုန် ကမ်းခြေကနေ ထိုင်ကြည့်နေရတယ် ပရိတ်သတ်အကြောင်းတော့ ထားတော့ ဒီပွဲမှာ ပြောချင်တာက ကိုယ့်ရဲ့ ပါဝါ လုပ်နိုင်စွမ်းကို အပြည့်အဝအသုံးချသွားတာ ကိုယ့်အားသာချက်ကို သိတာ ချီးကျူးစရာပါ ထားတော့ လိပ်နိုင်သွားတယ် ယုန်ကတော့ လိပ်ခဲတင်းလင်းပေါ့ နောက်တပွဲထပ်ချိန်းတယ် ဒီပွဲမှာ ပြေးလမ်းကို နှစ်ကောင်အတူဆွဲကြတယ် ပြိုင်ကြတယ် ဘယ်သူမှ ပန်းတိုင်မရောက်ကြဘူး ယုန်က သူခုန်ကျော်လို့ရမယ် ဂျိုင့်ဝှမ်းတွေ တုံးတွေ ထည့်တယ် လိပ်က အဲ့မှာ သွားရော လိပ်က ရေလမ်းထည့်ထားတယ် ယုန်လည်း ပန်းတိုင်မရောက်လိုက်ဘူး ယုန်လည်းမရှုံးဘူး လိပ်လည်းမရှုံးဘူး ဒါပေမယ့်ဘယ်သူမှလည်း မနိုင်ကြဘူး ထားတော့ ပြောချင်တာက ဘဝမှာ ပြိုင်ဘက်ဆိုတာရှိတော့ ကိုယ်ရဲ့ လုပ်နိုင်စွမ်းကို တိုးတက်လာစေတယ် မနိုင်ဘူးဆိုရင်တောင် မရှုံးအောင်တော့ ကြိုးစားခွင့်ရှိတယ် ကာယဥာဏ တိုးတက်လာစေတယ် ပြိုင်ပွဲအပေါ် သုံးသပ်တတ်လာတယ် ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အသုံးချတတ်လာတယ် ထားပါတော့ ဘာပဲဖြစ်ဖြစ် ယုန်နဲ့လိပ်ကတော့ ဆက်ပြိုင်နေကြဦးမှာပဲ ပရိတ်သတ်လက်ခုပ်တီးဖို့ မဟုတ်ဘူး သူများအတွက်မဟုတ်ဘူး မိမိအတွက်ပဲ ယုန်နဲ့လိပ်ကတော့ ဆက်ပြိုင်နေကြဦးမှာပါပဲ

pho Aung