အသုံးပြုသူ:Myint Aung San

ဝီကီပီးဒီးယား မှ

မောင်မြင့်အောင်ဆန်း (Myint Aung San)သည် ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ် အဲရစ် တို့၏ သားဦးဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

မြင့်အောင်ဆန်းကို မိဘဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်လ်အဲရစ်တို့မှ လန်ဒန်မြို့၌ ၁၂ ဧပြီ ၁၉၇၃ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

မြင့်ဆန်းအောင်သည် သူ၏ ပညာရေးကို နေအိမ်ရှိရာ အောက်စ်ဖိုဒ်မြို့ရှိ ပုဂ္ဂလိက ကျောင်းနှစ်ခုဖြစ်သည့်၊ အင်္ဂလန်တောင်ပိုင်းရှိ၊ နဂါးကျောင်း နှင့် မဂ်ဒါလန် ကောလိပ်ကျောင်းတွင် တက်ရောက်ခဲ့ပြီး၊ တက္ကသိုလ်ပညာရပ်များကို အမေရိကန်တွင် ဆက်လက်စည်းပူးခဲ့သည်။ တက်ရောက်ခဲ့သည်။

မိခင်နေအိမ်အကျယ်ချုပ် ကျခံရပြီးနောက်ပိုင်း[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရမှ မြင့်ဆန်းအောင် နှင့် ညီဖြစ်သူ မောင်ထိန်လင်းတို့၏ မြန်မာနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံရသည်။ [၁]

၁၉၉၁ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သော်လည်း၊ နေအိမ်အကျယ်ချုပ်ကြောင့် လူကိုယ်တိုင်တက်ရောက်ရယူနိုင်ခြင်းမရှိခဲ့ဘဲ၊ သားဖြစ်သူ မောင်မြင့်ဆန်းအောင်(၁၈ နှစ်) နှင့် မောင်ထိန်လင်း(၁၄ နှစ်)တို့မှ မိခင်ဖြစ်သူ ကိုယ်စား တက်ရောက်ရယူခဲ့သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆု၏ ဆုကြေးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁.၃သန်းကို မြန်မာလူမျိုးများအတွက် ပညာရေး နှင့် ကျန်းမာရေး(ကန်ဒ)များတွင် အသုံးပြုနိုင်ရန် ရန်ပုံငွေ မတည်ထူထောင်ခဲ့သည်။[၂] မိခင်ဖြစ်သူ တက်ရောက်မရယူနိုင်ခဲ့သည့် ဆုများရှိ တချို့ကို မောင်မြင့်ဆန်းအောင်မှ တက်ရောက်ရယူခဲ့သည်များတွင်၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ အဖွဲ့၏ ဆု၊ အိုလံပစ်မီးရှုးတိုင်အား စပိန်နိုင်ငံသို့ ရောက်ရှိလာရာတွင် ကြိုဆိုခဲ့ခြင်း နှင့်[၃] လွတ်လပ်ရေးသမ္မတဆု အားသွားရောက်တက်ယူခဲ့သည်များရှိခဲ့သည်။[၄]

၁၉၉၉ ခုနှစ်တွင် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်းတွင်၊ မောင်မြင့်ဆန်းအောင်သည် မိခင်ဖြစ်သူရှိရာ မြန်မာနိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့သည်။ [၅]

ကိုးကား[ပြင်ဆင်ရန်]

  1. "Myanmar back on a roadmap to nowhere"၊ Asia Times Online၊ 4 December 2007။ 
  2. Miller, J. E. Who's who in contemporary women's writing. p. 22. Routledge, 2001.
  3. By Aung San Suu Kyi (Statements, Speeches, Writings, Interviews)။ Online Burma/Myanmar Library။
  4. "Clinton honours Burma's Suu Kyi"၊ BBC News၊ 7 December 2000။ 
  5. http://findarticles.com/p/articles/mi_m0WDQ/is_1999_May_31/ai_54889142/?tag=content;col1 [လင့်ခ်သေ]