အသုံးပြုသူ:Gabbas110/Energy in Iran

ဝီကီပီးဒီးယား မှ
အီရန်သည် ကမ္ဘာ့ရေနံကို ၁၀ရာခိုင်နှုန်းနှင့် သဘာဝဓါတ်ငွေ့ကို ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ အီရန်သည် OPEC ၏ ဒုတိယအကြီးမားဆုံး ထုတ်လုပ်သူဖြစ်ပြီး ရေနံထုတ်လုပ်မှုသည် ကမ္ဘာတွင် စတုတ္ထနေရာတွင်ရှီသည်.
Total primary consumption in Iran, by fuel (2015).

 အီရန်သည် စွမ်းအင်နှင့်လျှပ်စစ်ထုတ်လုပ်မှု၊အသုံးပြုမှု၊တင်သွင်းမှုနှင့်တင်ပို့မှုတို့၌ အလွန်ကြီးမားကြောင်း ဖေါ်ပြထားလေသည်။ အီရန်သည် ကမ္ဘာ့စတုတ္ထအကြီးဆုံးရေနံသိုက်နှင့်အကြီးဆုံးသဘာဝဓါတ်ငွေ့သိုက်ပိုင်ဆိုင်သူဖြစ်ပေသည်။။

သမိုင်း[ပြင်ဆင်ရန်]

အီရန်သည် မိမိ၏ရင်းမြစ်စွမ်းအင်များကိုအသုံးပြုနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်မှုများတွင် အထူးအောင်မြင်နေပါသည်။အထူးသဖြင့် ခေတ်မီနည်းပညာစူးစမ်းရှာဖွေမှုနှင့် စွမ်းအင်ထုတ်လုပ်မှုများတွင် ပိုမိုအောင်မြင်နေပေသည်။အီရန်တွင် စွမ်းအင်ထုတ်လုပ်မှု ကုန်ကျစရိတ် ၇.၆ ဘီလီယံဒေါ်လာ အထိ ရှိသည် ဟု (၂၀၀၈)နှစ်အရေးအသားများတွင် ဖေါ်ပြထားလေသည်။ အီရန်တွင် လျှပ်စစ်စွမ်းအင် အသုံးပြုမှုသည်လည်း ကမ္ဘာ့အခြားနိုင်ငံ သတ်မှတ်စံချိန်စံညွှန်းများထက် ပိုမိုများပြားမှုရှိသည်။အီရန်သည် ရေနံနှင့်သဘာဝဓါတ်ငွေ့အသုံးပြုမှုကို ၂၈ရာခိုင်နှုန်းသာဖြစ်ကြောင်းဖေါ်ပြပေသည်။သို့သော် အခြားသောနိုင်ငံများတွင် ထိုနှစ်မျိုးအသုံးပြုမှုကို ၆၀ရာခိုင်နှုန်းဖေါ်ပြမှုရှိပေသည်။အီရန်သည် ၂၀၀၈ ခုနှစ်တွင် လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့အသုံးပြုမှုအတွက် ၈၄ ဘီလီယံ (ယူရို) ထောက်ပံ့ပေးခဲ့သည်။အီရန်သည် လူဦးရေထူထပ်များပြားသော နိုင်ငံဖြစ်သည့်အတွက် လျှပ်စစ်စွမ်းအင် တစ်ဦးချင်း အသုံးပြုမှုသည် ဂျပန်နိုင်ငံထက် ၁၅ ဆ နှင့် ဥရောပသမဂ္ဂနိုင်ငံများထက် ၁၀ ဆ ပိုများသည်။ထိုအတိုင်းပင် အီရန်သည် စွမ်းအင်ထုတ်လုပ်မှုအတွက် (အစိုးရမှ) ကြီးကြီးမားမားထောက်ပံ့မှုများရှိနေသော်လည်း ကမ္ဘာ့နိုင်ငံများအတွင်း စွမ်းအင်မလုံလောက်သော နိုင်ငံများအတွင်း တစ်ဦးအပါအဝင်ဖြစ်ပေသည်။ကမ္ဘာ့ပျမ်းပျခြင်းစွမ်းအင်ထက် (၃)ဆ ပိုမိုများပြားစွာလိုအပ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများထက်၂.၅ ဆ ပိုမိုလိုအပ်မှုရှိပေသည်။ နိုင်ငံ၏စွမ်းအင်တစ်ဝက်သည် နိုင်ငံအတွင်းအသုံးပြုခြင်းကြောင့် ကုန်ဆုံးသွားရသလို ၃.၄ ရာခိုင်နှုန်းသည် လူတို့သွားလာမှု၌ အသုံးပြုခြင်းကြောင့်ကုန်ခမ်းမှုများရှိနေသည်။ထို့အပြင် ၃.၂ ရာခိုင်နှုန်းသည် လျှပ်စစ်စွမ်းအင် စက်ရုံများ၌အသုံးပြုမှုကြောင့် ကုန်ခမ်းလေ့ရှိသည်။။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

အီရန် OPEC (ရေနံတင်ပို့မှုနိုင်ငံများအဖွဲ့) နှင့်သဘာဝဓာတ်ငွေ့တင်ပို့မှုနိုင်ငံများ၏အဖွဲ့ (GECF) ၏ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အီရန်နိုင်ငံသည် ရေနံရောင်းချမှုမှ ၄၇ ဘီလီယံ ဒေါ်လာရရှိခဲ့သည်။ နိုင်ငံပိုင်ဘဏ္ဍာငွေ၏ ၅၀% သည် ရေနံရောင်းချမှုမှ ရရှိသော ဝင်ငွေဖြစ်သည်။ အီရန်နိုင်ငံ၏ပြည်တွင်းစွမ်းအင်သုံးစွဲမှုပမာဏ၏ထက်ဝက်ခန့်သည် သဘာဝဓာတ်ငွေ့နှင့်ရေနံသုံးစွဲမှုဖြစ်သည်။ အီရန်သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ရောင်းချမှုအပေါ် အမှီသဟဲပြုလျှက်ရှိသလို သဘာဝဓါတ်ငွေ့နှင့် ရေနံရင်းမြစ်အသစ်များကိုလည်း ရှာဖွေနေဆဲဖြစ်ပေသည်။ မကြာသေးမီက အီရန်သည် ပါရှန်းပင်လယ်ကွေ့တောင်ပိုင်းအတွင်း သဘာဝဓါတ်ငွေ့နှင့် ရေနံရင်းမြစ်များရှာဖွေမှုလုပ်ငန်းစဥ်များကို စတင်ဆောင်ရွက်ခဲ့လေသည်။ 

အီရန်သည် ဆည်များနှင့်စွမ်းအင်စက်ရုံများ ဒီဇိုင်းရေးဆွဲမှုနှင့် တည်ဆောက် အသုံးပြုမှုများတွင် မိမိနိုင်ငံအတွက် မိမိနည်းပညာများသည် ဖူလုံမှုရှိပြီး နိုင်ငံတကာ သတ်မှတ်စံချိန်စံညွှန်းများကို နိုင်ငံတကာလေလံပွဲများတွင် နိုင်ငံခြား ကုမ္ပဏီများနှင့်ယှဥ်၍ အဆင့်ရယူနိုင်ခဲ့သည်။

အီရန်လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုစက်ရုံများမှ ထုတ်လုပ်နိုင်စွမ်းသည် ၂၀၀၇ ခုနှစ်တွင် ၁၇၃ terawatt နာရီအထိရောက်ရှိခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများအတွင်း အီရန်သည် စွမ်းအင်ထုတ်လုပ်နိုင်မှုသည် ၁၇.၉ ရာခိုင်နှုန်းရှိသည်။ သဘာဝဓါတ်ငွေ့သည် ၂၀၀၇ ခုနှစ်တွင် အီရန်၏ အဓိကစွမ်းအင်တစ်ခုဖြစ်ခဲ့ပြီး သဘာဝဓါတ်ငွေ့သည် စွမ်းအင်၏လိုအပ်မှုကို ၅၅ရာခိုင်နှုန်းထက်မက ဖြည့်ဆည်းပေးခဲ့သည်။ အမှန်တကယ်မှာတော့ ရေနံသည် စွမ်းအင်အတွက် စွမ်းဆောင်ပေးရာတွင် ၄၂ ရာခိုင်နှုန်းသာရှိပြီး ရေအားလျှပ်စစ်သည် ၂ ရာခိုင်နှုန်းသာရှိခဲ့သည်။နိုင်ငံအတွင်း စွမ်းအင်လိုအပ်မှုသည် ၂၀၁၂ နှစ်အတွင်း ၂၆.၈ ရာခိုင်နှုန်းအထိပိုမိုလာခဲ့သည်။။

စွမ်းအင်ဝန်ကြီးဌာနသည် အီရန်နိုင်ငံရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေသည်။ Robert Baer သည် မိမိရေးသားခဲ့သော The Devil We Know စာအုပ်တွင် အီရန်သည် အင်အားကြီးနိုင်ငံများနှင့် ယှဥ်ပြိုင်မှုနှင့်ပတ်သက်ပြီး ဤသို့သက်သေထူထားသည်မှာ- အီရန်သည် စွမ်းအင်များစွာရှိသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံရေးနှင့်စစ်အင်အားအရှိန်အဝါ တဖြေးတဖြေးကြီးမားလာဆဲဖြစ်သည် ဟုဖြစ်ပေသည်။

ခြုံငုံသုံးသပ်ချက်[ပြင်ဆင်ရန်]

အီရန်သည် စွမ်းအင်ခြွေတာရေးအတွက် ထောပံ့ကြေးများပေးရန်စီစဥ်နေစဥ်။ (၂၀၁၄)။

အီရန်စွမ်းအင်
အရေအတွက် Prim စွမ်းအင် ထုတ်လုပ်မှု ပို့ကုန် လျှပ်စစ်ဓာတ် -ကင်ဆာ
သန်း TWh TWh TWh TWh ကာ
၂၀၀၄ ၆၇.၀ ၁၆၉၆ ၃၂၃၃ ၁၅၃၀ ၁၃၇ ၃၆၉
၂၀၀၇ ၇.၁၀ ၂၁၅၁ ၃၇၅၇ ၁၆၀၂ ၁၆၅ ၄၆၆
၂၀၀၈ ၇၂.၀ ၂၃၅၀ ၃၈၀၁ ၁၄၂၉ ၁၇၄ ၅၀၅
၂၀၀၉ ၇၂.၉ ၂၅၁၄ ၄၀၆၈ ၁၅၃၇ ၁၆၈ ၅၃၃
၂၀၁၀ ၇၃.၉၇ ၂၄၂၃ ၄၀၆၀ ၁၅၇၄ ၁၉၆ ၅၀၉
၂၀၁၂ ၇၄.၈၀ ၂၄၆၇ ၄၁၁၃ ၁၆၁၄ ၂၀၀ ၅၂၁
၂၀၁၂R ၇၆.၄၂ ၂၅၅၄ ၃၅၂၃ ၉၆၁ ၂၁၀ ၅၃၂
၂၀၁၃ ၇၇.၄၅ ၂၆၅၆ ၃၄၇၇ ၆၄၉ ၂၂၄ ၅၂၆
ပာင္း ၂၀၀၄-၁၀ ၁၀.၄% ၄၂.၉% ၂၅.၆% ၂.၉% ၄၃.https://my.wikipedia.org/wiki/Energy_in_Iran#cite_note-12၀% ၃၇.၈%
Mtoe=၁၁။၆၃ TWh၊Prim။ စွမ်းအင်များပါဝင်သည်စွမ်းအင်ဆုံးရှုံးမှု

၂၀၁၂R=CO၂ တွက်ချက်သတ်မှတ်ချက်များပြောင်းလဲ၊နံပါတ်များရေးသား

Oil[ပြင်ဆင်ရန်]

ထိပ်တန်းရေနံထုတ်လုပ်သောနိုင်ငံများ
(တစ်နေ့လျှင်စည် တစ်သန်း)

အီရန်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးမားဆုံး ရေနံသိုလှောင်နိုင်သောနိုင်ငံဖြစ်ပြီး တတိယ တင်ပို့ရောင်းချနိုင်သော နိုင်ငံလည်းဖြစ်သည်။ ၂၀၀၆ ခုနှစ်တွက်ချက်မှုများအရ အီရန်သည် ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု၏ ၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးခဲ့သည်။အရည် ထုတ်လုပ်မှုသည် တနေ့လျှင် စုစုပေါင်း ၂.၄ မီလီယံ စည်ပီပါ (၆၇၀၀၀၀ m3/d) ကုဗမီတာ ဖြစ်ပြီး ရေနံစိမ်းထုတ်လုပ်မှုသည်စုစုပေါင်း တနေ့လျှင်၈.၄ မီလီယံ စည်ပီပါ ဖြစ်သည် ။အီရန်သည် နောက် (၄)နှစ်အတွင်း ရေနံထုတ်လုပ်မှုပိုင်းဆိုင်ရာလုပ်ငန်းစဥ်များအတွက် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကို ရင်းနှီးမြှုတ်နှံသွားမည်ဖြစ်ကြောင်း (၂၀၀၉)ခုနှစ်အရေးအသားများတွင် ဖေါ်ပြထားလေသည်။၂၀၀၉ ခုနှစ် အကုန်ပိုင်းထိ အီရန်သည် ရေနံသိုလှောင်မှုနှင့် တင်သွင်းမှုတို့၌ ၈၉.၄ နှစ်အတွင်း ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ရေနံပလက်ဖေါင်း၅၂ခုနှင့် ရေနံတွင်း ၁၈၅၃ တွင်း ကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။ ။

အီရန်တွင် လောင်စာဆီအများအပြားရှိပြီး ထိုအရာများကို စွမ်းအင်အဖြစ်အသုံးပြုလေသည်။အီရန်သည် ၁၉၁၃ ခုနှစ်ကတည်းမှ အဓိကရေနံထုတ်လုပ်တင်သွင်းသူတစ်ဦးဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ၎င်း၏ စက်မှုရေနံ ထုတ်လုပ်မှုလုပ်ငန်းမှ တစ်နေ့လျှင် စည်ပီပါ ၄ သန်း(၆၄၀၀၀၀)မီဂါဝပ် ထိရှိခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် တစ်နေ့လျှင်စည်ပီပါ စုစုပေါင်း ၆ သန်း(၉၅၀၀၀၀) မီဂါဝပ် အထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုနှစ်ခုကိုနှုင်းယှဥ်၍ ကြည့်ပါက ၁၉၇၄ ခုနှစ်နောက်ပိုင်း ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပြီး နောက်ပိုင်းမှ စ၍ ရေနံထုတ်လုပ်မှုကို ရေနံထိန်းချုပ်မှု ပေါ်လစီအရ လျှော့ချခဲ့သည်ဟုသိရသည်။ ၎င်းအပြင် ထိုသို့အထွက်နှုန်းလျှော့လာခဲ့သည့်အကြောင်းအရင်းတစ်ခုသည် အီရန်နှင့်အီရတ်စစ်ပွဲဖြစ်ပွားစဥ်ကာလအတွင်း ရေနံစက်ရုံအများအပြားပျက်စီးသွားခဲ့ရသည့်အတွက်လည်းပါဝင်လေသည်။၂၀၀၀ ခုနှစ်အစပိုင်းတွင် မြေအောက်စက်ရုံများတည်ဆောက်ခဲ့သော်လည်း နည်းပညာပိုင်းဆိုင်ရာတွင် အားနည်းခဲ့သည့်အတွက် လုံလောက်မှုမရှိခဲ့ချေ။ ၂၀၀၅ ခုနှစ်တွင် အီရန်သည် ရေနံတွင်းအသစ်များကို ထပ်မံတူးဖေါ်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှ စ၍ ရေနံတွင်းများသည် အီရန်အမျိုးသားပိုင်ရေနံတွင်းများ ဖြစ်ခဲ့ပြီး အီရန်အမျိုးသားရေနံကုပမ္မဏီ(NIOC) ကိုလည်းပိုင်ဆိုင်နိုင်ခဲ့သည်။.

အီရန်သည် ကမ္ဘာ့ ရေနံသိုလှောင်နိုင်မှုနှုန်းသည် ၁၀.၃ ရှိသည်ဟု ဖေါ်ထုတ်တင်ပြထားလေသည်။ ၂၀၀၉ ခုနှစ် အကုန်ပိုင်းတွင်စည်ပီပါ စုစုပေါင်း ၁၃၇၆ ဘီလီယံ(၂.၁၈၈×၁၀၁၀ m3) မီဂါဝပ် ကို သိုလှောင်နိုင်ခဲ့သည်။အီရန်နိုင်ငံမြောက်ပိုင်း ကစ်ပီယာန်ပင်လယ် ရေနံတွင်းများနှင့် ပါးရှန်းပင်လယ်ကွေ့ရေနံတွင်းများမှ ရေနံထုတ်လုပ်နိုင်သည့် ကြားမှ အီရန်သည် ၂၀၀၅ ခုနှစ်တွင် ဓါတ်ဆီ တင်သွင်းရာတွင် အမေရိကန်ဒေါ်လာ (၄) ဘီလီယန်ကို အသုံးပြုခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ ပိတ်ဆို့မှုများနှင့် ပြည်တွင်းထောက်ပံ့ရေးမလုံလောက်မှုများကြောင့် ဖြစ်ပေသည်။အီရန်သည် ကမ္ဘာတွင် ဓါတ်ဆီအသုံးအပြုဆုံးနိုင်ငံများအတွင်းမှ တစ်နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရှိ ကားအစီးရေတိုင်းအသုံးပြုမှုပြီးနောက် အီရန်သည် ဒုတိယအများဆုံးအသုံးပြုသူဖြစ်ပေသည်။

ဈေးနှုန်းများ အလျင်အမြတ် လျှော့ကျပြီး ပြည်သူလူထုကိုထောက်ပံ့ပေးရေးရာတွင် တရားဝင်ဖြစ်လာဖို့ရန်အတွက် အစီအစဥ်များရှိထားသည်။စွမ်းအင်နှင့်လောင်စာဆီဈေးပေါမှုသည် ပြည်တွင်း၌ ဖြုန်းတီးမှုနှင့် အီရတ်၊တူရကီ၊ပါကစ်တန်နှင့်အာဖဂန်နစ်တန်နိုင်ငံများသို့ မှောင်ခိုတင်ပို့ရောင်းချမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းအပြင် လွန်ခဲ့သောနှစ်များ၌ ကားထုတ်လုပ်မှုကိုလည်း ပိုမိုလာစေခဲ့သည်။ အီရန်သည် ကားတင်သွင်းမှုမရှိသည့်အတွက် ကားထုတ်လုပ်သည့်စက်ရုံများမှ ထုတ်လုပ်သည့်အစီးရေ ပိုမိုများပြားလာခဲ့သည်။ မတ်လ၂၁ရက်၂၀၀၆ ခုနှစ်မှ မတ်လ ၂၀ ရက် ၂၀၀၇ ထိ တစ်နှစ်တာ ဘတ်ဂျက်ကာလအတွင်း ကားအစီးရေ တစ်သန်းကျော် ထုတ်လုပ်ခဲ့သည်။

အီရန်ရေနံထုတ်လုပ်ရေး၊ပြည်တွင်းအသုံးပြုမှုနှင့်ပြည်ပသို့ တင်ပို့မှု

အီရန်ရေနံထုတ်လုပ်မှုသည် ပြည်တွင်းလောင်စာဆီအသုံးပြုမှုနှင့်တင်ပို့မှုအတွက် ကန့်သတ်မှုများကြီးကြီးမားမားရှိနေခဲ့ပေမဲ့ ပြည်တွင်း၌ လောင်စာဆီသုံးဆွဲမှုသည် ပိုမိုမြင့်တက်လာခဲ့သည်။ တွင် ပြည်ပမှ တင်သွင်းသော လောင်စာဆီသည် ၂၀၀၀ခုနှစ်တွင် တစ်နေ့လျှင် ပီပါ ၃၀၀၀၀ (၄၈၀၀)ကုဗမီတာ ဖြစ်ပြီး ၂၀၀၅ခုနှစ်ဇန်နဝါရီလမှစတင်၍ တင်သွင်းမှုသည် တနေ့လျှင် စည်ပီပါ ၁၈၀၀၀၀ (၂၉၀၀၀)ကုဗမီတာ အထိမြင့် တက်လာခဲ့သည်။ ထို့အပြင် ဓါတ်ဆီ အသုံးပြုမှုသည် ၂၀၀၇ ခုနှစ်တွင် တစ်နေ့လျှင် စုစုပေါင်းပီပါ(၁၈၀၀၀၀၀) (၂၉၀၀၀၀) (ခွဲတမ်းမချမီ)ကုဗမီတာခန့်ရှိခဲ့သည်။ ထိုနှုန်းထား၏ သုံးပုံတစ်ပုံသည် ပြည်ပမှ တင်သွင်းလာသော လောင်စာဆီများဖြစ်ပေသည်။ ပါလီမန်မှ ချမှတ်ထားသော ဈေးနှုန်းထက်များပေမယ့် ၂၀၀၇ခုနှစ်နှင့် ၂၀၀၈ ခုနှစ် အကြား (၉)လတိတိ အစိုးရသည် လောင်စာဆီအတွက် အသုံးပြုခဲ့သော ငွေပမာဏမှာ အမေရိကန်ဒေါ်လာ (၄) ဘီလီယန်ခန့်ဖြစ်ခဲ့သည်။ အီရန်သည် သန့်စင်ပြီးဖြစ်သော လောင်စာဆီ(၄၀)ရာခိုင်နှုန်းခန့်ကို အိန္ဒိယမှ တင်သွင်းလျှက်ရှိသည်။။

 USGS ရေနံတည်ရှိရာနိုင်ငံများမြေပုံ

အီရန်သည် အီရတ်နယ်စပ်အနီး ခူဇီစ်တာန်ပြည်နယ်အနောက်တောင်ပိုင်းဒေသ၌ ကုန်းပေါ်ရေနံတွင်း ၂၇ တွင်းနှင့် ကမ်းလွန်ရေနံထုတ်လုပ်တွင်း ၁၃ တွင်းကို တည်ဆောက်ထားသည်။အီရန်အစိုးရသည် ရေနံမှရရှိသော ဘဏ္ဍာငွေအပေါ်၌ အဓိကရပ်တည်လျှက်ရှိပြီး စက်မှုစွမ်းအင်များစွာသည် ပြည်တွင်းထုတ်ကုန်၏ ၁၂ ရာခိုင်နှုန်းရှိသည်။ထိုစက်မှုစွမ်းအင်များသည် နိုင်ငံတော်အားထိထိမိမိအကျိုးပြုလျှက်ရှိနေသည်။မည်သို့ပင် ဖြစ်စေကာမူ သဘာဝဓါတ်ငွေ့အသုံးပြုမှု ပိုမိုများပြားလာသည့်အတွက် ပြည်တွင်းလောင်စာဆီ အသုံးပြုမှု လျှော့နည်းလာခဲ့သည်။အီရန်၏ ရေနံကိုအခြေခံသော စီးပွားရေးတိုးတက်မှုသည် စွမ်းအင်အတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးမှုများနှင့် နိုင်ငံလူဦးရေတိုးတက်လာခဲ့သည့်အတွက်ကြောင့် မရေမရာဖြစ်ခဲ့ပြီး ယိမ်းယိုင်လာခဲ့သည်။ အီရန်သည် စီးပွားရေးပိတ်ဆို့ခြင်းခံရမှုများနှင့်စစ်ပွဲများဖြစ်ပွားခဲ့မှုများကြောင့် အပြည့်အဝ ထုတ်လုပ်နိုင်စွမ်းနည်းသွားခဲ့ရသည်။အီရန်ရေနံဈေးကွက်သည် သာမန်ဈေးနှုန်းများထက် ကုန်းပိုင်းရေနံတွင်းမှရရှိသောရေနံသည် ၈ ရာခိုင်နှုန်းနှင့် ပင်လယ်ပြင်ရေနံတွင်းများမှ ထွက်ရှိသော ရေနံသည် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့သည်။အီရန်ဈေးကွက်ရာဖွေမှုနှုန်းသည် လက်တလောကာလတွင် ၂၇ ရာခိုင်နှုန်းသာရှိနေပြီး ကမ္ဘာ့ စံချိန်စံညွှန်းများထက်ကို လျှော့ဆင်းနေသည်ကို တွေ့ရသည်။ အီရန်သည် မိမိ၏ရေနံ အထွက်နှုန်းပြန်လည်ကောင်းမွန်လာစေဖို့ရန် မိမိတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများ တိုးတက်ဖို့ရန် လိုအပ်နေလေသည်။.

သဘာဝဓါတ်ငွေ့[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု, ပြည်တွင်းသုံးမှုနှင့်ပို့ကုန်

အီရန်သည် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် တတိယနေရာတွင်ရှိပြီး (ကမ္ဘာ့တွင် ၅.၁% နှင့် ၁၈၄ BCM)ထုတ်လုပ်နိုင်စွမ်းရှိသည်။အီရန်သည်နိုင်ငံအတွင်း၌ သဘာဝဓါတ်ငွေ့ကို မြို့ပြများအတွက် လျှပ်စစ်စွမ်းအင်နှင့် အပူပေးစက်များအတွက် အသုံးပြုလေသည်။ထိုသဘာဝဓါတ်ငွေ့သိုလှောင်ကန်သည် သဘာဝဓါတ်ငွေ့ ခန့်မှန်းချေ ၁၁၈၇.၃ ထရီလီယံကုဗပေ (၃၃၆၂၀ km3) (Tcf) ပါရှိသည်။ ၂၀၀၅ ခုနှစ်တွင် အီရန် သဘာဝဓါတ်ငွေ့ သိုလှောင်ကန်မှ သဘာဝဓါတ်ငွေ့အမြောက်အများသည် အသုံးမပြုရသေးပဲ ကျန်ရှိနေသည် ဟု ယုံကြည်ထားကြသည်။ ထိုသဘာဝဓါတ်ငွေ့သိုလှောင်ကန်မှ ခန့်မှန်းချေ ၆၂ ရာခိုင်နှုန်းသော သဘာဝဓါတ်ငွေ့များကို အကြောင်းစပ်ဆက်မှုမရှိသော နေရာများတွင်အသုံးပြုနေသည်။အီရန်သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုသည် လာမည့်နှစ်များအတွင်း ပါးရ်စ်ပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသများအတွင်းကြိုတင်ရှာဖွေမှုများကြောင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ပိုမိုတိုးပွားလာမည်ဟု မျှော်မှန်းထားလေသည်။.

၂၀၀၅ ခုနှစ်တွင် ပြည်တွင်းသဘာဝဓါတ်ငွေ့ သုံးစွဲမှုသည် ထုတ်လုပ်မှု ၃.၆×၁၀၁၂ ကုဗပေ(၁၀၀ km3 ) နှင့် တစ်ထပ်တည်းရှိသည်ဟု သိရသည်။နောက်(၁၀)နှစ်အတွင်း သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုသည် ၇ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်းမျှော်မှန်းထားလေသည်။အီရန်အစိုးရသည် သဘာဝဓါတ်ငွေ့နှုန်းထားများကို ဓါတ်ဆီနှင့်အတူ ထောက်ပံ့ငွေများပေးသွားမည်ဖြစ်ပေသည်။ ထိုသို့ပြုခြင်းဖြင့် ပြည်တွင်း၌ အမြင့်မားဆုံး အသုံးပြုမှုကို ထိန်းသိမ်းပေးသွားနိုင်မည်ဟု မျှော်လင့်ထားပေသည်။ ထိုသို့ ပြည်တွင်း၌ အသုံးပြုမှုမြင့်မားလာမှုသည် နောင်လာမည့်နှစ်များအတွင်း သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု လျှော့နည်းသွားနိုင်ကြောင်း ခန့်မှန်းထားလေသည်။

Iအီရန်သည် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံပြီးနောက် ကမ္ဘာပေါ်တွင် သဘာဝဓာတ်ငွေ့ တတိယအကြီးဆုံးအသုံးပြုသူဖြစ်သည်။ထိုအတိုင်းပင် အီရန်သည် ကမ္ဘာတွင် သဘာဝဓါတ်ငွေ့အများဆုံးအသုံးပြုသောနိုင်ငံများတွင် ပါဝင်ပေသည်။.

လျှပ်စစ်[ပြင်ဆင်ရန်]

အီရန်တွင်စွမ်းအင်သုံးစွဲမှု ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအား၏ ၆.၅ဆ ဖြစ်ပါတယ်။ ထိုသည်မှာ နည်းပညာဆိုင်ရာပြဿနာများကြောင့် အီရန်နိုင်ငံတွင် အသုံးမပြုမီကာလ ထုတ်လုပ်ပြီးလျှပ်စစ်ဓာတ်အား 18.5% လျော့နည်းကြောင်းခန့်မှန်းထားကြသည်။ လျှပ်စစ်ပါဝါ လေလွင့်မှု၂၀၀၆ခုနှစ်တွင် အမေရိကန်ဒေါ်လ ၁.၁ဘီလီယံထိရှိခဲ့။.

CIA - The World Factbook။ Cia.gov။ 2012-02-05 တွင် ပြန်စစ်ပြီး။

Shazand လျှပ်စစ်ဓါတ်အားပေးစက်ရုံ

အီရန်နိုင်ငံ လျှပ်စစ်စွမ်းအင် အသုံးပြုမှုနှင့် ထုတ်လုပ်မှုသည် ၁၉၈၄ ခုနှစ်တွင်အတူတကွ တိုးတက်လာခဲ့သည်။ ယခုချိန်ထိလည်း အီရန်၏အဓိကမှခိုမှုသည် အပူစွမ်းအင်ရင်းမြစ်များဖြစ်ပေသည်။၎င်း၏သေးငယ်သော အစိတ်အပိုင်းတစ်ခုပင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်ထားလေသည်။လျှပ်စစ်အသုံးပြုမှုသည် အမြဲတမ်းလိုလိုပင် တိုးမြင့်လာခဲ့ပြီး လာမည့်နှစ်နှင့် နောင်(၁၀)နှစ်အတွင်း ၆ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ခန့်မှန်းထားလေသည်။ထို့အတွက်ကြောင့် အီရန်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓါတ်အား ဖူလုံရေးအတွက် အထူးကြိုးပမ်းမှုများပြုလုပ်လျှက်ရှိသည်။ ယခုအချိန်တွင်အီရန်သည် ကမ္ဘာ့လျှပ်စစ်ဓါတ်အားထုတ်လုပ်သူများ စာရင်းတွင် (၁၁)အဆင့်၌ရှိပြီး သုံးစွဲသူများစာရင်းတွင် အဆင့်(၂၀)တွင် နေရာယူထားသည်ကို တွေ့ရှိရပေသည်။ အီရန်စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနသည် လေ့လာသုံးသပ်ချက်တစ်ခုကို တင်ပြထားသည်မှာ- အီရန်နိုင်ငံ လျှပ်စစ်ဓါတ်အားလုံလောက်ရေးအတွက် လာမည့်နောင်နှစ်၂၀အတွင်း ၁၅၀၀၀-၂၀၀၀၀ မီဂါဝပ် ကိုတပ်ဆင်ရမည်ဖြစ်ကြောင်းဖြစ်သည်။လွန်ခဲ့သောနှစ်များက အီရန်သည် လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုတ်နှံမှုများကို အလေးထားဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အီရန်သည် အမျိုးသားလျှပ်စစ်ဖူလုံရေးအတွက် ၄၀၀၀၀ မီဂါဝပ်ထက်ပိုသော စွမ်းအားကို ထည့်သွင်းတပ်ဆင်ရန် စီမံကိန်းများရေးဆွဲလျှက်ရှိသည်။.

အီရန်၏ ၁၈.၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓါတ်များသည် ပြည်သူများလက်ဝယ်သို့ မရောက်မီမှာပင် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် လေလွင့်သွားသည်ဟု မှန်းဆခဲ့ကြသည်။ အီရန်သည် ၁၆၀ မီဂါဝပ်ဖြင့် လည်ပတ်သော (gas turbines) ဓါတ်ငွေ့တာဘိုင်များ တည်ဆောက်သော စက်ရုံကြီး(၁၀)ခုအတွင်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ (IDRO ၏လက်အောက်ခံ)ဖြစ်သော အီရန်ကျွမ်းကျင်သူများသမဂ္ဂ JEMCOသည်(၁)မီဂါဝပ်အားရှိသည့် မီးစက်များကို တိုးမြှင့်ထုတ်လုပ်ရာ၌ အောင်မြင်ခဲ့ကြသည်။အီရန်သည် ဟိုင်ဒရောလစ်တာဘိုင်များတည်ဆောက်မှုတွင် ၉၀ရာခိုင်နှုန်းကျော်ကို ကိုယ်ပိုင်တည်ဆောက်ခဲ့သလို ဓါတ်ငွေ့တာဘိုင်များ တည်ဆောက်မှုတွင်လည်း၈၀ရာခိုင်နှုန်းကျော်သည် အီရန်၏ မူပိုင်များဖြစ်သည်။၂၀၀၉ခုနှစ်ရေးသားချက်များအရ လာမည့်နှစ်များတွင် အီရန်သည် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်သော နိုင်ငံများစာရင်းတွင် ဝင်ရောက်သွားမည်ဟု ဖြစ်သည်။အီရန်သည် မိမိတို့၏မူပိုင်နည်းပညာများဖြင့် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့နှင့်ပေါင်းစပ်သံသရာလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ထောင်နိုင်ခဲ့လေပြီ။အီရန်သည် ကိုယ်ပိုင်နည်းပညာများဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ မိမိနိုင်ငံအတွင်းတည်ဆောက်မှုများအပြင် မိမိ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ထိုသို့ တည်ဆောက်ပေးရန် စီမံကိန်းများအတွက် သဘောတူညီချက် ပြုလုပ်ခဲ့ပြီးဖြစ်လေသည်။

အီရန်သည် လျှပ်စစ်စွမ်းအင် ရင်းမြစ်ရှာဖွေရေးတို့တွင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျှက်ရှိသလို ကျယ်ကျယ် ပြန့်ပြန့်လည်း ဆောင်ရွက်နေပေသည်။၎င်းအပြင် ယခုအခါတွင်လည်း လောင်စာဆီအသုံးပြုသော လျှပ်စစ်ဓါတ် အားပေးစက်ရုံများတည်ဆောက်ရန်လည်း စီမံကိန်းများရေးဆွဲလျှက်ပြီး လျှပ်စစ်ချို့ယွင်းမှုကို ဖြေရှင်းရန်အတွက် သဘာဝဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် တိုးတက်အောင်မြင်လျှက်ရှိနေသည်။ နူကလီးယားစွမ်းအင်နှင့်ရေအားလျှပ်စစ်စွမ်းအင် တိုးတက်အောင်မြင်ရေးသည် ၎င်းတို့၏အဓိက ဗြူဟာမဟုတ် ခဲ့ပေမဲ့ ထိုစွမ်းအင်များမှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးကို ဦးတည်ဆောင်ရွက်လျှက်ရှိနေကြသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှလည်း ထိုကိစ္စအပေါ်အထူတလှယ် ထောက်ပံ့လျှက်ရှိသည်။ အစိုးရလျှပ်စစ်ဓါတ်အားပေး ကုပ္ပဏီအတော်များများတို့သည်လည်း လျှပ်စစ်ဓါတ်အားခွဲဝေဖြန့်ဖြူးရေးနှင့် လျှပ်စစ်ဓါအားထုတ်လုပ်ရေး အပြင် လျှပ်စစ်လွှတ်ရေးလုပ်ငန်းစဥ်များကို စနစ်တကျဆောင်ရွက်လျှက်ရှိနေပါသည်။ ၎င်းအပြင် လျှပ်စစ်ဖူ လုံရေးအတွက် အီရန်သည် လျှပ်စစ်စွမ်းအင်နှင့် ပတ်သက်ပြီး ရင်းနှီးမြှုတ်နှံမှုများလည်း ပြုလုပ်ထားသည်။ ဥပဒေတစ်ရပ်ကိုအတည်ပြုထားသည်မှာ စွမ်းအင်ဝန်ကြီးဌာနသည် ရီယာလ်နှင့်ဖြစ်စေ(သို့)ရီယာလ်နှင့် နိုင်ငံခြား ငွေရောစပ်၍ဖြစ်စေ စာချုပ်စာတမ်းများချုပ်ဆို၍ ပုဂ္ဂလိက ကုပ္ပဏီများမှ လျှပ်စစ်ဓါတ်အားဝယ်ယူပိုင်ခွင့်ရှိသည်ဟုဖြစ်သည်။ အီရန်အတွက်ပုဂ္ဂလိကကုမ္ပဏီများသည် ၂၀၀၉ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၁၄.၄၄၀မဂ္ဂါဝပ်ထုတ်ပေးခဲ့သည်။.

ရေအားလျှပ်စစ်၏အချို့သောအစီအစဥ်များသည် အီရန်လူထုပတ်ဝန်းကျင်အတွက် အန္တရာယ်များဖြစ်လာဖွယ်ရာများရှိသည့်အပေါ် စောဒက တက်မှုများရှိနေပေမဲ့ အီရန်၏ရေအားလျှပ်စစ်စနစ်ဖြင့် ဓါတ်အားထုတ်လုပ်မှုသည် ယခင်ထက်ပိုမိုကောင်းမွန်ကြောင်း အများစုက ထောက်ခံအားပေးထားလေသည်။အီရန်သည် လျှပ်စစ်စွမ်းအင် ထုတ်ဝေဖြန့်ဖြူးရေးအတွက် နည်းစနစ်အသစ်တစ်ခုကို ခင်းကျင်းပြသခဲ့လေသည်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပြီးနောက် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများ တည်ထောင်ရာတွင်ရင်းနှီးမြှုတ်နှံမှုသည် အများပိုင်ရင်းနှင့်မြှုတ်နှံမှုများရှိခဲ့သလို ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုများလည်းရှိခဲ့သည်။များစွာသော ဓါတ်အားပေးအဆောက်အဦးတို့နှင့်ပတ်သက်ပြီး စီမံကိန်းရေးဆွဲမှုများသည် ပတ်ဝန်းကျင်နေထိုင်မှုစံချိန်စံညွှန်းနှင့် အင်ဂျင်နီယာတို့၏ စံချိန်စံညွှန်းများအပြင် နည်းပညာပိုင်းဆိုင်ရာပညက်ချက်များကို လိုက်နာခြင်းမရှိပါ။ထိုမှရရှိသောရလာဒ်သည် ​ရေကာတာများပျက်စီးခဲ့ရသလို ပျောက်ကွယ်သွားခဲ့ရသည်။

အီရန်အတွက် Karun-3 ရေကာတာ & ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအီရန်မကြာသေးမီနှစ်များအတွင်းကမ္ဘာ့အကြီးဆုံးရေကာတာတည်ဆောက်တစ်ဦးအဖြစ်ပေါ်ထွက်လာခဲ့ပါသည် 2005 ခုနှစ်တွင်ပြန်တမ်းခဲ့သည်
ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

(အီရန်သည်) ၂၀၀၄ ခုနှစ်အထိ ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းများနှင့် ကျောက်မီးသွေးနှင့်ရိုးရိုးလောင်စာဆီ စက်ရုံများကို တိုးချဲ့ဆောက်လုပ်ခဲ့သည်။ ထို့ကြောင့် ဓါတ်အားကို ၃၃၀၀၀ မီဂါဝပ် ပိုမိုထုတ်လုပ်ခဲ့သည်။ ထိုသို့ထုတ်လုပ်မှုတွင် ၇၅ရာခိုင်နှုန်းသည် သဘာဝဓါတ်ငွေ့ ၊ ၁၈ ရာခိုနှုန်းသည် ရေနံမှ ဖြစ်သလို ၇ ရာခိုင်နှုန်းသည် ရေအားလျှပ်စစ်မှဖြစ်ပေသည်။ထို့အပြင် အီရန်သည် ၂၀၀၄ ခုနှစ်တွင် တာဘာတိုင်များကိုလည်း စိုက်ထူနိုင်ခဲ့ပြီး(ဂျီအိုသာမလ်)ဘူမိအပူပေးစက်ရုံများကိုလည်း ဖွင့်လှစ်ခဲ့သည်။၂၀၀၉ခုနှစ်တွင် နေရောခြည်မှ ဆိုလာလျှပ်စစ်စွမ်းအင်ကို အွန်လိုင်းအနေအထားဖြင့် စတင်အကောင်အထည်ဖေါ်ဆောင်နိုင်ခဲ့သည်။ အီရန်၏ ကျောက်မီးသွေးသိုလှောင်နိုင်မှုသည် တန်ချိန် ၁.၉ ဘီလီယံအထိရှိပြီး နှစ်စဥ် ကျောက်မီးသွေး တန်ချိန် ၁.၃ သန်းအထိ ထုတ်လုပ်မှုရှိပြီး တန်ချိန်၁.၅ သန်း အသုံးပြုမှုရှိလေသည်။ထို့ပြင် ကျောက်မီးသွေးအသေးစားသင်တွင်းမှုလည်းရှိသည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

လူဦးရေများပြားလာမှုနှင့် စက်ပစ္စည်းအသုံးပြုမှုများကျယ်ပြန့်လာသည့်အတွက် လျှပ်စစ်စွမ်းအင်လိုအပ်မှုသည်လည်း တစ်နှစ်လျှင် ၈ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့သည်။ မီဂါဝပ်၅၃၀၀၀ ရှိသည့် ဓါတ်အားပေးစက် တပ်ဆင်ရသည့် အစိုးရ၏ရည်ရွယ်ချက်မှာ ၂၀၁၀ ခုနှစ်တွင် နိုင်ငံခြားမှရင်းနှီးမြုတ်နှံမှုပြုထားသော ပုဂ္ဂလိကစွမ်းအင်ထုတ်လုပ်သူများမှ သဘာဝဓါတ်ငွေ့လိုင်းအသစ်များ ဖေါက်လုပ်မှုအပြင် ရေအားလျှပ်စစ်နှင့် နူကလီးယားမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုများအတွက် ထောက်ပံ့ပေးနိုင်ရန်ဖြစ်ပေသည်။အီရန်သည် ပါးရှန်းပင်လယ်ကွေ့ရေလှိုင်းများမှ ဓါတ်အား မီဂါဝပ် ၆၁၅၀ ကို ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု ခန့်မှန်းထားကြသည်။ထို့အပြင်အီရန်သည် အောဂဲနစ်စွန့်ပစ်အမှိုက်များနှင့် မိလ္လာများကို လောင်စာအဖြစ်အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ရန်နှင့် ဓါတ်အားပေးစက်ရုံများတည်ဆောက်ရန် စမ်းသပ်လျှက်ရှိသည်။အခြားနေရာဒေသများတွင်လည်း ဒီရေပါဝါနှင့် ပတ်သက်ပြီး လေ့လာ အကဲဖြစ်လျှက်ရှိပေသည်။တစ်နှစ်လျှင် ရက်ပေါင်း ၃၀၀ မျှနေရောင်ခြည် အပူစွမ်းအင်ရရှိသော အီရန်သည် ၁ စတုရန်းမီတာလျှင် ၂၂၀၀ လီလိုဝပ်နာရီ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ဖို့ရန်အလားအလာရှိနေပေသည်။အီရန်သည် ထိုသို့သောစွမ်းအင်ကိုထုတ်လုပ်နိုင်စွမ်းရှိသူဖြစ်ပေသည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

နျူကလီးယားစွမ်းအင်[ပြင်ဆင်ရန်]

အိုင် အာ  -၄၀ စက်ရုံ အရားက်မြို့

အီရန်သည် ၂၀၂၅ခုနှစ်အထိ လျှပ်စစ်ဓါတ်အား ၂၃၀၀၀ မီဂါဝပ်ကို နူကလီးယားစွမ်းအင်ကို အသုံးပြု၍ စွမ်းအင် နှင့် ပတ်သက်ပြီးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ထုတ်လုပ်မည်ဖြစ်ကြောင်းအစီအစဥ်ရှိထားပေသည် ။ပထမဦးဆုံးအနေဖြင့် ၉၁၅ မီဂါဝပ်ရှိသော နူကလီးယားဓါတ်ပေါင်းဖို ၄ ခုအား ရုရှားအကူအညီဖြင့် ဘူရှေရ် မြို့ တွင် တည်ဆောက်ခဲ့သည်။အီရန်သည် နူကလီးယားစွမ်းအင်နှင့်ပတ်သက်ပြီး ဩဂုတ်လ ၂၀၁၀ ခုနှစ်တွင် မြောက် များစွာနောက်နှေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်တွင် Darkhovin နူကလီးယားစက်ရုံကို မူပိုင်ဒီဇိုင်းဖြင့် တည်ဆောက် ပြီး အကောင်အထည်ဖေါ်ဖို့ အစီအစီရှိထားသည်။ယေဘုယျအားဖြင့်အီရန်သည် လျှပ်စစ်ပါဝါ ထုတ်လုပ် တင် ပို့သူ တစ်ဦးဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း လျှပ်စစ်ပါဝါ ဖလှယ်ခြင်းလုပ်ငန်းစဥ်များကို လုပ်ဆောင်သည်။ အမေရိကန်နူကလီးယားပါဝါနှင့်ယှဥ်မည်ဆိုပါက ကီလိုဝပ်နာရီတိုင်းအတွက် ၁၀ cents ထက်ကျော်လွန်၍ အ နည်းငယ် ပိုမိုကုန်ကျစရိတ်ရှိသည်။အီရန်သည် နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်နိုင်အလွန်များပြားပေသည်။ ပြည်တွင်း ယူရေနီယမ် အထွက်နှုန်းကြွယ်ဝလာပေမဲ့ စွမ်းအင်ထုတ်လုပ်မှုစွမ်းအင်နည်းပါးခြင်း (ဓါတ်ပေါင်းဖိုတစ်ခုမှ ၁၀၀၀ ဝပ်သာရှိသည်။) ၊ထိရောက်မှုနည်းပါးခြင်းနှင့် အလွန်မှပင်နှေးကွေးသော ဓါတ်ပေါင်းဖိုများဆောက်လုပ်ခြင်းနှင့် ၁ ကီလီဝပ်နာရီအတွက် ၆၈ cents ခန့်သာကုန်ကျခြင်းတို့ ရှိနေသည်။(ဓါတ်ပေါင်းဖိုတစ်ခု၏ လုပ်ဆောင်မှု ကုန်ကျစရိတ်သည် ၁၄၀ ဒေါ်လာဖြစ်ပြီး ယူရေနီယံ ၁ ကီလိုဂရမ်အတွက် ၄၀ ဒေါ်လာဖြစ်သည်ဟု ယူဆသည်)ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

စွမ်းအင်မွန္းခ်က္[ပြင်ဆင်ရန်]

အရင်းအမြစ်: B.M.I ၂၀၁၀ ၂၀၁၅ est. ၂၀၁၀-၁၅ တိုးတက်မှုနှုန်း ၂၀၁၀-၁၅ တိုးတက်မှုနှုန်း ၂၀၁၀-၂၀ တိုးတက်မှုနှုန်း မှတ်ချက်များ
MENA-စွမ်းအင်ထုတ်လုပ်မှု ၁၂၂၂ TWh ၁၅၁၈TWh +၂၄.၂%
N/A ၂၀၀၉ ခုနှစ်တွင် စီးပွားရေးဈေးကွက်များ ကျဆင်းသော နေရာများ
MENA-အပူစွမ်းအင် ထုတ်လုပ်မှု ၁.၁၄၀ TWh
ဒေသတွင်းထောက်ပံ့သောစုစုပေါင်းလျှပ်စစ်ဓာတ်အား၉၃.၃% 
၁၃၇၈ TWh
ဒေသတွင်းထောက်ပံ့သောစုစုပေါင်းလျှပ်စစ်ဓာတ်အား၉၃.၃၉၀.၈% 
N/A N/A N/A သက်တမ်းတိုးမြှင့်တင်သင့်ကြောင်းသဘာဝပတ်ဝန်းကျင်စိုးရိမ်ပူပန်မှုများမှအစိတ်အပိုင်းအတွက်ကျေးဇူးတင်စကား, ရေအားလျှပ်စစ်-လျှပ်စစ်မီးနှင့်နျူကလီးယားမျိုးဆက်။
MENA-စွမ်းအင်လိုအပ်မှု N/A ပျမ်းပျရေနံ၁၁၁၇ တန်ချိန် +၂၀.၈% N/A N/AIran to Account for 14.79% of MEA Power Generation by 2015: BMI။ Payvand.com။ 2012-02-05 တွင် ပြန်စစ်ပြီး။
MENA-နူကလီးယားလိုအပ်မှု N/A ~၂၅ TWh N/A N/A N/A N/A
အီရန် ပြည်တွင်း တိုးတက်မှုနှုန်း N/A N/A ပျမ်းပျခြင်း တစ်နှစ်လျှင်၂ရာခိုင်နှုန်း N/A N/A N/A
အီရန် လူဦးရေ 73.9 million 78.6 million N/A N/A N/A N/A
အီရန်လူတစ်ဦးချင်းစီ တိုးတက်မှုနှုန်း N/A N/A +၃၁% N/A N/A N/A
အီရန် လူတစ်ဦးချင်းစီ လျှပ်စစ်အားသုံးစွဲမှု N/A N/A +၅% N/A N/A N/A
အီရန်တွင် လျှပ်စစ်သုံးစွဲမှု ၁၆၁ TWh ၁၇၉ TWh တစ်နှစ်လျှင် ပျမ်းပျ ရာခိုင်နှုန်း၂.၂ N/A N/A ဈေးကွက် ကျယ်ပြန့်မှုနှင့် ညီမျှမှု
အီရန်လျှပ်စစ်ထုတ်လုပ်မှု N/A N/A +၁၂.၂% +၁၁.၉% +၂၅.၅% N/A
အီရန် အပူရှိန် ထုတ်လုပ်မှု ၁၉၂ TWh (MENAဈေးကွက်ဝေစု၏၁၆.၈၅% (MENAဈေးကွက်ဝေစု၏၁၄.၄၅%   N/A N/A N/A N/A
အီရန် မူလစွမ်းအင် လိုအပ်မှု(PED) နှင့် တိုးတက်မှုနှုန်း  ၃၇.၈% (သဘာဝဓါတ်ငွေ),
၄၀.၄% (ရေနံ), ၀.၈% (ရေအားလျှပ်စစ်)
N/A +၁၄.၄% +၁၂.၆% +၂၈.၈% N/A
အီရန်စွမ်းအင် လိုအပ်မှု အီရန် MENA ဈေးကွက် ဝေစု၏၂၂.၃၈%  အီရန် MENA ဈေးကွက် ဝေစု၏၂၁.၂၁% N/A N/A N/A N/A
အီရန်နူကလီးယား လိုအပ်မှု 0 ၁၀ TWh အီရန် MENA ဈေးကွက် ဝေစု၏၃၈.၄၆% N/A N/A N/A ၂၀၁၁ ခုနှစ်တွင် ဘူရှဲဟ်မြို့ရှိ နူကလီးယားစက်ရုံသည် အသက်ဝင်လာစေရန်အတွက် စီမံထားပေသည်။နူကလီးယားစွမ်းအင်သည် ထုတ်လုပ်မှုတိုးတက်ရန်အတွက် အဓိကအကျဆုံးသော သော့ချက်တစ်ချက်ပင်ဖြစ်လေသည်။

ပြန်လည်ဖြည့်ပေးနိုင်သောစွမ်းအင်[ပြင်ဆင်ရန်]

အဖြစ်ထပ်မံမောင်းနှင်မျက်နှာသို့အမျိုးမျိုးစွမ်းအင်အရင်းအမြစ်၊အီတည်ထောင်တော်မူခဲ့သည်လေတိုက်လယ်တွေအတွက်အများအပြားဒေသများရှိ၊ဒီအနီး Manjeel။

၂၀၁၀ ခုနှစ်တွင် ၂၀၀၀ မီဂါဝပ် ထုတ်ပေးနိုင်သော ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓါတ်အားစက်ရုံ၂၀၁၀ နှင့်၂၀၁၅ ခုနှစ်အကြား တည်ဆောက်ရန်အတွက် စီမံကိန်းကို အီရန်အစိုးရမှ ကြေငြာခဲ့သည်။၂၀၁၀ ခုနှစ်မှစ၍အီရန်သည် လျှပ်စစ်စွမ်းအင် ၈၅၀၀ မီဂါဝပ်နှင့် လေလျှပ်စစ်စွမ်းအင် ၁၃၀ မီဂါဝပ် ကိုပိုင်ဆိုင်ထားခဲ့သည်။ထိုအတိုင်းပင် ၂၀၁၀ ခုနှစ်တွင် ပုဂ္ဂလိက ကုပ္ပဏီများနှင့်လည်း ၆၀၀ မီဂါဝပ်ထုတ်ပေးနိုင်သော ဓါတ်အားပေးစက်ရုံနှင့် ၅၀၀ မီဂါဝပ်ထုတ်ပေးနိုင်သော လေစွမ်းအင် လျှပ်စစ်စက်ရုံများကိုတည်ဆောက်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ သည်။။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

အီရန်သည် ပြန်လည်ပြည့်ဖြိုးစွမ်းအင်ကို ဈေးကွက်အတွင်းဝင်ဆံ့ပြီး စီးပွားဖြစ်လုပ်ဆောင်ရန်နှင့် စွမ်းအင်ဝန်ကြီးဌာနသည်လည်းလိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ပြီးသောပြန်လည်ပြည့်ဖြိုးစွမ်းအင်ကို ကမ္ဘာ့ဈေးကွက်မှ ဝယ်ရန် တောင်းဆိုထားသည်။လေတိုက်ခြင်းနှင့်ဇီဝလောင်စာစွမ်းအင်အသုံးပြုမှုကုန်ကျစရိတ်(FIT)အတွက် ၁ ကီလိုဝပ်နာရီ ၁၃ cents ဝန်းကျင်သာ ကုန်ကျနိုင်ချေရှိသည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

၂၀၁၂ ခုနှစ်တွင်အီရန်သည်€ ၅၀၀ သန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများအတွက်အသုံးပြုနိုင်ရန် အမျိုးသားဖွံ့ဖြိုးရေးဘတ်ဂျက် မှ ချပေးခဲ့သည်။ထိုအတိုင်းပင် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့်ဆက်နွယ်နေသော အီရန်ပြန်လည်ပြည့်ဖြိုးစွမ်းအင်အဖွဲ့ အားလည်း အမေရိကန်ဒေါ်လာသန်း ၆၀ နီးပါးကို ထုတ်ပေးခဲ့သည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

ရေအားလျှပ်စစ်[ပြင်ဆင်ရန်]

အီရန်သည် ရေအားလျှပ်စစ်၁၀၀၀၀ မီဂါဝပ်(သို့) အီရန်၏စွမ်းအင်အမျိုးမျိုးမှ ပျမ်းပျခြင်းစွမ်းအင် ၁၄ ရာခိုင်နှုန်းကို ရှိထားပြီးဖြစ်သည်(၂၀၁၅)။ အီရန်သည် ရေအားတာဗိုင်စင်ကြီးများကို မိမိနိုင်ငံအတွင်း မူပိုင်ပြုလုပ်တည်ဆောက်နိုင်စွမ်းရှိခဲ့ပြီဖြစ်သည်။။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

ဇီဝလောင်စာ[ပြင်ဆင်ရန်]

၂၀၁၆ခုနှစ်တွင် အီရန်ဇီဝလောင်စာလူ့အဖွဲ့အစည်း(IBS)သည် တီဟီရန်မြို့အတွင်း နည်းပညာသိပ္ပံများတိုးတက်အောင်မြင်ရန်အတွက် အီရန်ဒု-သမ္မတနှင့်ပူပေါင်း၍ မြို့တွင်းပြေးဆွဲသည့် ဘတ်(စ)ကားကုပ္ပဏီတစ်ခုနှင့်အတူ မြို့တွင်းပြေးဆွဲသည့် ဘတ်(စ)ကားများတွင် စွန့်ပစ်ချက်ပြုတ်များဆီမှ ထုတ်လုပ်ထားသော ဘိုင်အိုဒီဇယ်ကို အသုံးပြု၍ ပြေးဆွဲသည့် စီမံကိန်းတစ်ရပ်ကို ရေးဆွဲစမ်းသပ်ခဲ့ပြီး ကမ္ဘာ့ရာသီဥတုအခြေအနေအပြောင်းအလဲဖြစ်သွားမှုနှင့်ပတ်သက်ပြီး သတိပေးကြေငြာချက်တွင် ထိုသို့ပြောင်းလဲသွားရသည့်အကြောင်းအရင်းမှာ လောင်ဆာဆီအသုံးပြုမှုနှင့်ဓါတ်ငွေ့အသုံးပြုမှုများကြောင့် ဖြစ်သည်။ထိုသို့မဖြစ်ရလေအောင် ထိုလောင်ဆာဆီများနေရာတွင် ဇီဝလောင်ဆာဆီများကို အသုံးပြုပြီး လူတို့အတွက် အသက်အန္တရာယ် ဖြစ်နိုင်မှုကို လျှော့ချရန်ခြင်း သာဖြစ်သည်ဟုဆိုသည်။ အဆိုပါအစီအစဉ်ကိုအသေးစား ခွင့်ပြုမှု အစီအစဉ်တစ်ရပ်အနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဌာန အီရန်နိုင်ငံအတွင်းရှိ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (SGP / GEF / UNDP မှ) ရုံးကထောက်ခံခဲ့သည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

နေရောင်ခြည်စွမ်း[ပြင်ဆင်ရန်]

အီရန်နိုင်ငံ၏ထူးခြားသောပထဝီအနေအထားသည် တိုင်းပြည်၏ ၉၀% မှာတစ်နှစ်တွင် ၃၀၀ ရက်သည် နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ဖို့ရန်လုံလောက်သောနေရောင်ရှိသည်။ အီရန်PressTV ၏အဆိုအရနေ့စဉ်နေ့တိုင်း နေရောင်ခြည်စွမ်းအင်သုံးဓါတ်ရောင်ခြည်၏တစ်စတုရန်းမီတာလျှင် ၅၂၀ ဝပ်နာရီ ရှိ၏။ အခြားအရင်းအမြစ်များစတုရန်းမီတာလျှင် ၂၂၀၀ကီလိုဝပ်နာရီနေရောင်ခြည်စွမ်းအင်သုံးဓါတ်ရောင်ခြည်၏ပျမ်းမျှဖြစ်သည်။ နေရောင်ခြည်စွမ်းအင်ကနေထုတ်လုပ်လိုက်တဲ့စွမ်းအင် ၂၀၀၅ ခုနှစ် ၅၃ မဂ္ဂါဝပ်နှင့် ၂၀၁၁ ခုနှစ်တွင် ၆၇ မဂ္ဂါဝပ်အထိရောက်ရှိခဲ့သည်။။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

လေ[ပြင်ဆင်ရန်]

အီရန်၏ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းသည် ၂၀ မှ ၃၀ ဂီဂါဝပ်အထိရှိသည် ထိုအနေအထားသည် နိုင်ငံ၏လိုအပ်သော စွမ်းအင်တစ်ဝက် ဖြစ်သည် ။ ၂၀၁၂ ခုနှစ်တွင် အီရန်သည် စွမ်းအင်ထုတ်လုပ်နိုင်စွမ်းရှိသော လေတာဘိုင်တိုင်ပေါင်း ၁၆၃ ခုကို စိုက်ထူခဲ့သည်။ထိုမှ ၉၂၄၇၀ ကိုလိုဝပ်နာရီ စွမ်းအင်အထွက်နှုန်းရှိခဲ့သည်။ ဆာဒီးဒ် စက်မှုအဖွဲ့သည် ၎င်းအချင်းအရာနှင့်ပတ်သက်ပြီး ပြည်တွင်း၌ အကောင်းဆုံးစွမ်းဆောင်နိုင်သူတစ်ဦးအဖြစ် ကျော်ကြားလာခဲ့လေသည်။ အိန္ဒိယနိုင်ငံရဲ့ Sulzon စွမ်းအင်နှင့်ဂျာမနီနိုင်ငံရဲ့ Siemens လည်းအီရန်လေတိုက်တာဘိုင်များအားပံ့ပိုးပေးရန် အလားအလာရှိကြသည်။ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

ဘူမိအပူစွမ်းအင်[ပြင်ဆင်ရန်]

အီရန်သည်အကြီးဆုံး၉ဦးမြောက် ဘူမိစွမ်းအင်ထုတ်လုပ်သူဖြစ်လာဖို့အလားအလာရှိထားသည်။ ကမ္ဘာလုံးဆိုင်ရာအဆိုအရအီရန်အပေါ် အချို့သော ဖြစ်ရပ်ဆန်းများ သက်ရောက်မှုရှိနေသည်။ကမ္ဘာ့မြေဆီလွှာအပေါ်ယံဖွဲ့စည်းမှုအရ အီရန်၏အလယ်ဗဟိုမြေဆီလွှာဖြစ်သော အာရေဗီယမ် အပေါ်ယံမြေဆီလွှာများလှုပ်ရှားမှု(အထက်အောက်)အချို့ဟာ အီရန်ကို သက်ရောက်မှုရှိနေသည်။ထိုသို့ဖြစ်သည်ဟု ယုံကြည်ရသော အချက်နှစ်ချက်ရှိ၏။တချက်မှာ တောင်ဘက် ကစ်ပီယာန်ပင်လယ်မှနိမ့်ကျလာမှုနှင့် အခြားတစ်ချက်မှာအီရန်မြောက်ပိုင်းနှင့် ကဖ်ကားဇ်နယ်မြေတို့မှ မြေဆီလွှာအက်ကွဲပြီး ကျိုးပျက်ခြင်းကြောင့်ဟု ယူဆကြသည်။အီရန် အနောက်မြောက်ပိုင်းသည် ထိုသို့ဖြစ်နိုင်ချေပိုများသည်။ Mt. Sabalan နှင့် Mt.Sahand တို့သည်ဤဒေသရှိ လေးပွင့်ဆိုင် မီးတောင်များအဖြစ်တည်ရှိနေကြသည်။ Sabalan မီးတောင်သည် ပိုမိုကြီးမားပြီး အလွန်မြင့်မားသော တောင်ထိပ်များဖြစ်သည့် စူလ်သွားန်(၄၈၁၁ မီတာ) ဟေရာမ်း(၄၆၁၂ မီတာ) ကစ်ရာ(၄၅၇၃မီတာ) တို့ဖြင့် ဖွဲ့စည်းထားလေသည်။နောက်ဆုံးအခြေအနေအရ ကမ္ဘာ့သက်တမ်းရင့် မြေဆီလွှာများသည် အရှေ့မြောက်နှင့် အနောက်တောင်ဘက် သို့ဦးတည်ပြီး မြေဆီလွှာများ မြင့်တက်လာမှုသည် မီးတောင်ရှည်ကို ဖြစ်ပေါ်စေသည်။၄၀၀ မီတာအမြင့်မှ ၁၂ ကီလိုမီတာအချင်းရှိသည့် မြေဆီလွှာတိုက်စားနိမ့်ကျမှုသည် မီးတောင်များကို ပေါက်ကွဲပြိုစေသည်။ စီးကျနေသော ချော်ရည်များအတွင်း ပုံသွင်းပြီးသားကျောက်ဆိုင် ကျောက်သားများ၊ဓါတ်သတ္တုဖွဲ့စည်းပြီးသော ကျောက်ဆိုင်ကျောက်သားများသည်လည်း ပါဝင်စီးဆင်းလာသည်။ထိုမှ အပူချိန် ၂၅-၈၅၀ စင်တီဂရိတ်ရှိသည့် ရေပူစမ်း ၉ ခုကို ဖြစ်စေသည်။  https://www။geothermal-energy။org/pdf/igastandard/wgc/၂၀၀၅/၀၆၀၇။pdf

စာရင်းဇယား[ပြင်ဆင်ရန်]

အရင်းအမြစ်: CIA factbook၊မဟုတ်ရင်ဖော်ပြထားသည့်မဟုတ်လျှင်။

ပထစွမ်းအင်လိုအပ်မှု[ပြင်ဆင်ရန်]

  • ဓာတ်ငွေ့: ၅၅%(၂၀၀၈)ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  • ရေနံ: ၄၂%(၂၀၀၈)
  • ရေအားလျှပ်စစ်: ၂%(၂၀၀၈)

လျှပ်စစ်[ပြင်ဆင်ရန်]

  • ထုတ်လုပ်မှု: ၂၂၀။၃ ဘီလီယံကီလိုဝပ်(၂၀၁၁။)ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  • စားသုံးမှု: ၁၈၂။၇ ဘီလီယံကီလိုဝပ်(၂၀၁၀။)
  • တင္ပို: ၆။၇၀၇ ဘီလီယံကီလိုဝပ်(၂၀၁၀။)
  • က်ပ္ေ: ၃။၀၁၅ ဘီလီယံကီလိုဝပ်(၂၀၁၀။)

လျှပ်စစ်ဓာတ်အား –ထုတ်လုပ်မှုအားဖြင့်အရင်းအမြစ်[ပြင်ဆင်ရန်]

  • ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ: ၉၃%(၇၅%မှကြွလာဓာတ်ငွေ့ဆက္၊၁၈%ဆီ)(၂၀၀၆);၈၆။၂%စုစုပေါင်းထည့်သွင်းထားတဲ့စွမ်းရည်မြှင့်(၂၀၁၀။)
  • ရေအားလျှပ်စစ်: ၇%(၂၀၀၆);၁၃။၇%စုစုပေါင်းထည့်သွင်းထားတဲ့စွမ်းရည်မြှင့်(၂၀၁၀။)
  • နျူကလီးယားစွမ်း:၂။၁% [ပိုမိုကောင်းမွန်သော ရင်းမြစ် လိုအပ်သည်]

Oil[ပြင်ဆင်ရန်]

  • ထုတ်လုပ်မှု: ၃,၅၈၉,၀၀၀ barrels per day (၅၇၀,၆၀၀ cubic metres per day) (၂၀၁၂။)
  • စားသုံးမှု: ၁,၇၅၅,၀၀၀ barrels per day (၂၇၉,၀၀၀ cubic metres per day) (၂၀၀၈။) (မျှော်လင့်ထားသည့်အတိုး ၁၀%နှစ်စဉ်နှစ်တိုင်း ၂၀၀၆ ခုနှစ်)
  • ပို့ကုန်: ၂,၃၇၇,၀၀၀ barrels per day (၃၇၇,၉၀၀ cubic metres per day) (၂၀၁၀။)
  • တွင်းကုန်: ၁၅၆,၀၀၀ barrels per day (၂၄,၈၀၀ cubic metres per day) (၂၀၁၀။)
  • ထင်ရှားရှိသည်: ၁၅၄.၆ billion barrels (၂၄.၅၈ ဘီလီယံ ကုဗမီတာ) အပေါ်အခြေခံပြီးအီရန်တောင်းဆိုမှုများ(၁ ဇန်နဝါရီ ၂၀၀၉။)

သဘာဝဓါတ်ငွေ့[ပြင်ဆင်ရန်]

  • ထုတ်လုပ်မှု: ၁၅၁.၈ ဘီလီယံ  cu m(၂၀၁၁။)
  • စားသုံးမှု: ၁၄၄.၆ ဘီလီယံcu m(၂၀၁၀။)
  • ပို့ကုန်: ၉.၀၅ ဘီလီယံcu m(၂၀၁၁။)
  • တွင်းကုန်: ၁၀.၅၉ ဘီလီယံcu m(၂၀၁၁။)
  • ထင်ရှားရှိသည်: ၃၃.၆၁ cu m(၁ ဇန်နဝါရီ ၂၀၁၃။)

ထောက်ပံ့[ပြင်ဆင်ရန်]

  • အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံအတွက်ရေနံ၊သဘာဝဓာတ်ငွေ့နှင့်လျှပ်စစ်ဓာတ်အား(၂၀၀၈)ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

ပတ်ဝန်းကျင်[ပြင်ဆင်ရန်]

  • လူတစ်ဦးချင်းစီအတွက် CO2 ထုတ်လွှတ်မှု (တန်ချိန်): ၆၂၄.၉ သန်း Mt (၂၀၁၁ est ။ )
  • စွမ်းအင်အသုံးပြုမှုတစ်ယူနစ်ဂျီဒီပီ: ၄.၀ (၂၀၀၇)
    ကိုးကား အမှား - The opening <ref> tag is malformed or has a bad name
  • လူတစ်ဦးချင်းစွမ်းအင်အသုံးပြုမှုကို (ရေနံနှင့်ညီမျှ၏ကီလိုဂရမ်) (ရေနံနှင့်ညီမျှ၏တစ်ကီလို ၂၀၀၅ PPP $): ၂၃၅၂ (၂၀၀၇)
    ကိုးကား အမှား - The opening <ref> tag is malformed or has a bad name

ဖွေရန်[ပြင်ဆင်ရန်]

  • အီရန်၏စီးပွားရေး
  • စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု
  • နိုင်ငံတကာအဆင့်၏
  • စွမ်းအင်ဝန်ကြီးဌာန(အီရန်)
  • ဆီ megaprojects(၂၀၁၁)
  • လေစွမ်းအင်တွင်အီရန်
  • အ nationalization၏အဆိုပါအီရန်ရေနံစက်မှုလုပ်ငန်းလှုပ်ရှားမှု
  • ဖြိုးမြဲစွမ်းအင်အားဖြင့်နိုင်ငံ

ကိုးကား[ပြင်ဆင်ရန်]

Iran Energy Data, Statistics and Analysis - Oil, Gas, Electricity, Coal။ Eia.doe.gov။ 2008-03-31 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-05 တွင် ပြန်စစ်ပြီး။