အသုံးပြုသူ:Bonepyaesone

ဝီကီပီးဒီးယား မှ

အမည်ရင်း ဘုန်းပြည့်စုံဖြစ်သည်။ ၁၉⁠၉၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် မင်္ဂလာဒုံ စစ်ဆေးရုံတွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးစန်းမြင့်အောင် ဖြစ်ပြီး မိခင်မှာ ဒေါ်မြင့်⁠မြင့်ကြည်ဖြစ်ကာ ညီမ တစ်ဦးရှိသည်။ ၂၀⁠၀၆ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ဓါတုဗေဒဘာသာရပ်တွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့နောက် သန်လျင် နည်းပညာကောလိပ် (နောင်တွင် သံလျင် နည်းပညာ တက္ကသိုလ်) တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ် သင်ယူခဲ့သည်။ ပထမနှစ် ကျရှုံးပြီးနောက် စင်္ကာပူနိုင်ငံ အစိုးရ နည်းပညာပေါင်းကူးသင်တန်း (ITE) တွင် အီလက်ထရောနစ်ဘာသာရပ်ကို ပထမနှစ်တွင် သင်ကြားခဲ့ပြီး ဒုတိယနှစ်တွင် ကွန်ပြူတာ ကွန်ယက်ချိတ်ဆက်မှုကို သင်ယူခဲ့သည်။ ထို့နောက် နန်ယန်ပေါ်လီတက္ကနစ်တွင် မက္ကထရောနစ်ဘာသာရပ်ကို သင်ယူခဲ့သည်။

ဘုန်းပြည့်စုံသည် ၂၀၁၀ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ ထိုနှစ် ဩဂုတ်လတွင် ၎င်းနှင့် စင်္ကာပူတွင် ကျောင်းနေဖက်ဖြစ်သူ ဝေ⁠ဝေဖြိုးနှင့် နှစ်ဦးသဘောတူ ထိန်းမြားလက်ထပ်ခဲ့သည်။ ထို့နောက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် သမီးဦး ပြည့်စုံဝင်းသုကို ဖွားမြင်ခဲ့သည်။ ဘုန်းပြည့်စုံသည် ၂၀၁၁ ခုနှစ်တွင် သူ၏ ယောက္ခမဖြစ်သူ ဦးတင်ငွေ၏ အကူအညီဖြင့် ကိုရဲအောင်သူ (နောင်တွင် AFP ဓါတ်ပုံသတင်းထောက်) နှင့် ချိတ်ဆက်မိကာ မြေနီကုန်း၊ ဓမ္မာရုံလမ်းရှိ Target အင်တာနက်ဆိုင်တွင် လခစား ဆိုင်စောင့်အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုကာလအတွင်း မြန်မာနိုင်ငံ အိုင်တီ နယ်ပယ်မှ ထင်ရှားသူများ၊ ပညာရှင်များနှင့် ဆက်စပ်မိခဲ့သည်။ ထို့နောက် အင်တာနက်ဆိုင်တွင် လုပ်ကိုင်နေစဉ်မှာပင် မြန်မာနိုင်ငံအတွင်း Ubuntu သုံးစွဲရေးနှင့် ပွင့်လင်းဆော့ဖ်ဝဲ ဖန်တီးဖြန့်ဖြူးရေး ဦးဆောင်လှုပ်ရှားသူ ကို⁠ကိုရဲနှင့် တွေ့ဆုံ၍ Ubuntu Myanmar LoCo Team ကို ကိုချစ်ကိုကို၊ ကိုရဲထွဋ်ဝင်း၊ ကိုရဲမွန်ကျော်၊ ကိုရဲဝင့်ကျော်၊ ကိုကျော်ဇေသူ၊ ကိုအီသန်တို့ဖြင့် ဖွဲ့စည်းခဲ့ပြီး မန္တလေးမြို့တွင်လည်း အိုင်တီနည်းပညာရှင် လူငယ်များဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။၂၀၁၂ ခုနှစ် အစောပိုင်းတွင် အင်တာနက်ဆိုင်မှ ထွက်၍ Ubuntu Myanmar LoCo Team ၏ Core Member အနေဖြင့် BootCamp များ၊ Installation Festival များတွင် ပါဝင်ကူညီခဲ့ပြီး BarCamp Yangon (2012)၊ BarCamp Mandalay (2012) တို့တွင်လည်း ပါဝင် အားဖြည့်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံကွန်ပြူတာပညာရှင်များအသင်း၏ ကူညီမှုဖြင့် Ubuntu ကို ကျောင်းသုံးကွန်ပြူတာဘာသာရပ်တွင် ပြဌာန်းနိုင်ရေး ဆွေးနွေးပွဲများ၌ ပါဝင်အားဖြည့်ခဲ့ကာ ပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများကို အစမ်းပြသရာတွင်လည်း ကူညီအားဖြည့်ခဲ့သည်။ ထို့အပြင် Ubutnu ထည့်သွင်းနည်း လမ်းညွှန်စာအုပ်ကိုလည်း ရေးသားခဲ့သည်။ ဘုန်းပြည့်စုံသည် ၂၀၁၂ ခုနှစ်⁠နှစ်ကုန်ပိုင်းတွင် အဆိုပါ အသင်းမှ နုတ်ထွက်ခဲ့သည်။

ဘုန်းပြည့်စုံသည် ၂၀၁၂ ခုနှစ် အစောပိုင်းတွင် အလွတ်တန်း ဘာသာပြန်တစ်ဦးအနေဖြင့် အသက်မွေးခဲ့သည်။ Myanmar Book Center လက်အောက်ရှိ မြန်မာဘာသာပြန် ကုမ္ပဏီထံတွင် အလွတ်တန်း ဘာသာပြန်အနေဖြင့် ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ငွေကြေးအဖွဲ့အစည်း၊ ကမ္ဘာ့ကုလသမဂ္ဂလက်အောက် အဖွဲ့အစည်းများအတွက် ဘာသာပြန်ဆိုခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဇနီး ဝေ⁠ဝေဖြိုး၏ငယ်သူငယ်ချင်းဖြစ်သူ ကျော်ဆုမွန် (ဧရာဝတီသတင်းဌာန၊ အင်္ဂလိပ်ပိုင်း) ၏ အကူအညီဖြင့် မြန်မာနိုင်ငံသတင်းစာဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီ အဖွဲ့ဝင် ဆရာ ဦးသီဟစော တည်ထောင်သည့် Myanma Freedom နေ့စဉ် အင်္ဂလိပ် သတင်းစာတွင် လက်ထောက် အယ်ဒီတာ ရာထူးဖြင့် သတင်းများ ဘာသာပြန် တည်းဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့အပြင် သတင်းစာတိုက်၏ နေ့စဉ်သတင်းများကို အွန်လိုင်းစာမျက်နှာသို့ လွှင့်တင်ပေးခြင်းကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့သည်။ ဘုန်းပြည့်စုံသည် သတင်းစာတိုက် ပိတ်သိမ်းသည့် ၂၀၁၃ ခုနှစ် မတ်လကုန်အထိ အဆိုပါ သတင်းစာတွင် လုပ်ကိုင်ခဲ့သည်။