အသုံးပြုသူ:Bilalbahn

ဝီကီပီးဒီးယား မှ

လူသားကိုဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်

လူသား၏ အပေါ်တွင် ခေတ်ကာလထဲမှ အချိန်တစ်ချိန်သည် အမှန်စင်စစ်ရောက်ရှိခဲ့သည်။ ထိုလူသားသည် (ထိုအချိန်တွင်)ပြောပလောက်သောအရာတစ်ခုပင် မဟုတ်ခဲ့ပေ။အမှန်စင်စစ် ငါအရှင်မြတ်သည်လူသားကို စမ်းသပ်တော်မူရန် အတွက်ရောနှောပေါင်းစပ်ထားသောသုက်ရည်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် သူ့အား ကြားသောသူ၊ မြင်သောသူအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ဧကန်ပင်၊ငါအရှင်မြတ်သည်(လူသားအားလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးတော်မူကာ) တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ သူသည်ကျေးဇူးသိတတ်သူဖြစ်နိုင်သည်၊ သို့မဟုတ်(အာခံဖီဆန်၍ ကျေးဇူးကန်းသူ လည်း ဖြစ်နိုင်သည်။(Quran 76:1-3)

ထို့ပြင်စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်နှင့်မနုဿလူသားတို့အားငါအရှင်မြတ်တစ်ဆူးတည်းကိုသာ ယုံကြည်ကိုးကွယ် ကြရန်အတွက်သာလျှင်

ဖန်ဆင်းတော်မူခဲ့ခြင်း ဖြစ်သည်။(Quran 51:56)


ထို့ပြင်ထိုအရှင်မြတ်သည် သင်တို့အားကမ္ဘာမြေပထဝီတွင်ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ဖြစ်စေ၍ ခန့်အပ်တော်မူပြီး (အရှင့်အမိန့်တော်နှင့်အညီယင်းကိုဖွံ့ဖြိုးတိုးတက်ခွင့်ပေးသည့်အနေဖြင့် သင်တို့အနက်မှသင်တို့အားပေးအပ်တော်မူသမျှ၌ သင်တို့အားစမ်းသပ်တော်မူနိုင်ရန်အလို့ငှာ) အချို့ကိုအချို့ထက် (ဉာဏ်စွမ်း၊အရည်အသွေး၊ဥစ္စာဓနနှင့်အရည်အသွေး) အဆင့်အတန်းများ ချီးမြှင့်တော်မူ၏။ မုချဧကန်၊ အသင့်အား ဖန်ဆင်းပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် ချက်ချင်းလက်ငင်း လျှင်မြန်စွာ ဒဏ်ခတ် အရေးယူတုံ့ပြန်တော်မူအရှင် ဖြစ်တော်မူ၏။ ထို့ပြင်(လူသားတို့အရှင့်ထံခွင့်လွှတ်ခြင်းတောင်းခံသူတို့အား) ထိုအရှင်မြတ်သည် ဧကန်ပင်၊ အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊(အရာခပ်သိမ်းတို့အပေါ်)အလွန်ပင်သနားကြင်နာတော်မူသောကရုဏာရှင်ဖြစ်တော်မူ၏။(Quran 6:165)

ထို့ပြင်အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့် မြေပထဝီကိုခြောက်ရက်(နှင့် ညီမျှသော အချိန်)ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ အရှင်မြတ်၏အရ်ရှ်(အလွန်ကြီးကျယ်မြင့်မြတ်သောတန်ခိုးအာဏာတော်ဆိုင်ရာ)မဟာပလ္လင်တော်သည်ရေပေါ်၌ထားရှိတော်မူခဲ့၏။(ဤသို့ မိုးနှင့်မြေကို ဖန်ဆင်းခဲ့ရခြင်းမှာ) အရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည်အကောင်းဆုံးပြုမူကျင့်ကြံသူဖြစ်ကြောင်းကိုစီစစ်စမ်းသပ်တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အကယ်၍ ကွယ်လွန်သေဆုံး သွားပြီးနောက် သင်တို့အား ပြန်လည်ရှင်သန်ထမြောက်စေတော်မူမည်ဟု မိန့်ကြားလျှင် မယုံကြည်သူ (အမှန်တ ရားကို ဖီဆန်ငြင်းပယ်သူ) တို့က “ဤသည် ထင်ရှားလှစွာသော မှော်ပယောဂအတတ်ပညာ (ညှို့ယူဆွဲဆောင် ဖွယ်ရာကောင်းသောလှည့်စားမှု) သာ ဖြစ်၏။” ဟုမုချပြောဆိုခဲ့ကြလိမ့်မည်။(Quran 11:7)


ဧကန်ပင်၊ငါအရှင်မြတ်သည်(လူသားများဖြစ်သော) သင်တို့အနက် မည်သူက အကောင်းဆုံး ပြုမူကျင့် ကြံကြောင်းကိုစမ်းသပ်တော်မူရန်အလို့ငှာ မြေကမ္ဘာပေါ်၌ရှိသော အရာဟူသမျှကို(လူသားအား အ ကျိုးပြုနေ သော ဆွဲဆောင်ဖွယ်ရာများအဖြစ်)ဖွဲ့စည်ဖြစ်ပေါ်စေတော်မူ၍ ယင်း (ကမ္ဘာမြေ) ကိုလှပတင့်တယ်အောင် အလှတန်ဆာဆင်ယင်ထားတော်မူ၏။(Quran 18:7)

ထိုအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည် လုပ်ရပ်အနေဖြင့် အကောင်းဆုံးပြုမူကျင့်ကြံမှုဖြင့်ဘဝဆောက်သည်ကိုအသင်တို့အား စမ်းသပ်တော်မူရန် အတွက် သေခြင်းနှင့် ရှင်ခြင်းကိုဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန် လွှမ်းမိုးတော်မူသော အရှင်၊ လွတ်ငြိမ်း ချမ်းသာခွင့် အလွန် ပေးတော်မူသော အရှင် ဖြစ်တော်မူသည်။(Quran 67:2)

သက်ရှိအရာအားလုံးသည် သေခြင်းတရားကို မြည်း စမ်းရမည်။ ငါအရှင်မြတ်သည် သင်တို့အား ဆိုးသော ဘဝအခြေအ နေကိုလည်းကောင်း၊ ကောင်းသောဘဝအခြေအနေကိုလည်းကောင်း၊ စမ်းသပ်စရာ နည်းလမ်းအဖြစ် စမ်းသပ်တော်မူ၏။ ထို့ပြင် သင်တို့သည် (နောင်တမလွန်၌ အစစ်ဆေးခံရန်) ငါအရှင်မြတ်ထံတော်သို့ပင်ပြန်လည်ရောက်စေတော်မူခြင်းခံကြရပေမည်။(Quran 21:35)