မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:AxungZyiTaBudh

ဝီကီပီးဒီးယား မှ

မြတ်သောသူနှင့် စာပေ

စာရေးကြတဲ့အခါ

အတော်များများက လူကြိုက်များအောင် ဖတ်လို့ကောင်းပြီး စကားလုံးလှလှလေးတွေသုံးနှုန်းရေးတက်ကြတယ်

မြန်မာ့ စာပေလောကရဲ့ Editor ပိုင်းမှာအားနည်းတာကြောင့်ဖတ်လို့ကောင်းပြီး မှားယွင်းနေတဲ့ စာတွေက တော်တော်များများပါပဲ

ရှင်းရှင်းပြောရရင် စကားလုံးတွေတောင်အားနာဖို့ကောင်းတယ် အမှားတွေကို ပုံဖော်ပေးနေရတဲ့ စကားလုံးတွေရဲ့ဘဝကို တွေးကြည့်ဖူးတယ် အတွေးလွန်တာလာ ဘာလားပေါ့ သေချာတာကတော့

မှန်ကန်မျှတအောင်တွေးရဲတဲ့သတ္တိမျိုး တော်တော်အားနည်းကြတာ တွေ့ရတယ်

အတော်များများကတော့ စာတွေရေးသားတဲ့ခါ မှန်ရဲ့လားမျှတရဲ့လားဆိုတာထက် ပရိတ်သတ် တွေကြိုက်ရဲ့လားဆိုတဲ့ဘက်ကို နည်းနည်းလေးအသားပေးကြတာများပါတယ်

>>>ခက်တာကအမှန်တရားဆိုတာ နည်းနည်းလေးလွှဲတာနဲ့ မှားတက်တဲ့အရာမျိုးဆိုတော့ တိမ်းစောင်းမခံဘူးရယ်<<<

တွေးခေါ်မှုနည်းပါးတဲ့နိုင်ငံမျိုးမှာ ထိုစာပေမျိုးတွေကိုပဲ စျေးကွက်ပိုလက်ခံကြတယ် ဘယ်လိုထိဖြစ်လဲဆိုရင် Market ကလက်ခံပြီးလူကြိုက်များတဲ့စာအုပ်မျိုးကိုပဲ ပိုကောင်းတယ်ဆုံးဖြတ်ကြတဲ့အထိပါပဲ တန်ဖိုးရှိတဲ့သူတွေလက်ခံတဲ့စာပေမျိုးကပဲ တကယ့်တန်ဖိုးပါ

တစ်အုပ်နဲ့ကောင်းကောင်းဆိုတာက တော်တော်ရှားပြီး စကားလုံးဖောင်းပွ မှုတွေ မြင့်တက်နေဆဲပါပဲ

ဲငွေကြေးဖောင်းပွမှုက စီးပွားရေးလောက ကို ဂယက်ထနိုင်သလို စကားလုံးတွေဖောင်းပွမှုက စာပေလောကကို အတော်ဂယက်ထစေပါတယ်

တစ်ချို့လဲ တကယ်တော်ပါတယ် မှန်ကန်မျှတအောင်ရေးတယ် အကျိုးရှိပြီး အလင်းရောင်ပေးနိုင်တဲ့ထိပါရမီထူးသူတွေလဲရှိပါတယ်

စာပေရေးသားတဲ့နေရာမှာလဲ တကယ်စစ်မှန်တဲ့အတွက် ဘယ်သူ့မျက်နှာမှမထောက်ပေမယ့်စကားလုံးတွေရဲ့မျက်နှာကိုတော့ အတော်ထောက်ထားပုံပါပဲ

ဘာလို့လဲဆိုတော့ ထိုလူမျိုးတွေရေးတဲ့ စာပေတွေမှာ စကားလုံးတွေဟာ တကယ်တန်ဖိုးရှိပြီး သိပ်သိပ်သည်းသည်းနဲ့ ဖောင်းပွနေတာမျိုးတွေ လုံးဝမတွေ့ရဘူး

စကားလုံးတွေရဲ့ထည်ဝါမှု

အနေထားတည်တံ့ခန့်ညားနေမှုကလည်း အ့ံမခန်းလိလိပါပဲ

ဒါဟာစာရေးသူ တစ်ယောက်က စကားလုံးတွေပေါ်ထားတဲ့ Ethic And  Respect ဖွဈပွီ်းစာပပေေါျထားတဲ့ သစ္စာရှိမှုတွေပါပဲ

တကယ့်လူသားစင်စစ်ဟာ သက်ရှိ သက်မဲ့နှစ်မျိုးလုံးပေါ်မှာ Respect ထားတက်ကြတယ်... ထိုလူသားမျိုးကလဲ တစ်ခေတ်ပေါ်မှ တစ်ယောက်ထွန်းတက်တာမျိုး

ထိုသူ ထွန်းလာရင်လဲ နေမင်းတောင်အရောင်မှိန်သွားတဲ့ထဲပါတယ်

The genius. wit and spirit of a nation are discovered in its books...

Axung ZyiTa Budh