အိုတီဂျီ

ဝီကီပီးဒီးယား မှ
(USB On-The-Go မှ ပြန်ညွှန်းထားသည်)
The USB On-The-Go logo

USB On-The-Go သည် USB ကိရိယာများတွင် အသုံးပြသည့် ပစ္စည်းဖြစ်သည်။ USB OTG သို့မဟုတ် OTG ဟုလည်း အတိုချုံးခေါ်ဝေါ်သည်။ ၂၀၀၁ ခုနှစ်နောက်ပိုင်းတွင် စတင်အသုံးပြုခဲ့သည်။ USB ကိရိယာများတွင် host တစ်ခုအဖြစ် အလုပ်လုပ်ဆောင်သည်။ တက်ဘလက်များ၊ စမတ်ဖုန်း၊ USB flash drives, ဒီဂျစ်တယ်ကင်မရာများ၊ မောက်များ၊ ကီးဘုတ်များကဲ့သို့သော USB ကိရိယာများတွင် တွင် တပ်ဆင်အသုံးပြုရသည်။ ၎င်းကို မိုဘိုင်းဖုန်းများသည် ဖယ်ရှားနိုင်သည့် media အဖြစ် လက်ခံကာ အလုပ်လုပ်သည်။ သို့မဟုတ်ဘဲ ကွန်ပျူတာသို့ ချိတ်ဆက်ပါက USB Mass Storage Device အဖြစ် အလုပ်လုပ်ဆောင်သည်။

အိုတီဂျီကို USB ကိရိယာနှစ်ခုတွင် ချိတ်ဆက်လိုက်သည့်အခါ ထိုကိရိယာနှစ်ခုသည် ဆက်သွယ်နိုင်သည့် လင့်တစ်ခုကို ဖန်တီးလိုက်ခြင်းဖြင့် အလုပ်လုပ်သည်။ ထိုလင့်ကို ထိန်းချုပ်နေသည့် ကိရိယာကို master သို့မဟုတ် host ဟု ခေါ်ပြီး အခြားတစ်ခုကို slave သို့မဟုတ် peripheral ဟု ခေါ်သည်။

USB OTG သည် ကိရိယာနှစ်ခုအတွက် ကဏ္ဍနှစ်ခုကို လုပ်ဆောင်သည်။ OTG A-device နှင့် OTG B-device အဖြစ် သတ်မှတ်သည်။ OTG A-device သည် power supplier ဖြစ်ပြီး OTG B-device သည် power consumer ဖြစ်သည်။ ပုံသေ လင့်ဖွဲ့စည်းရာတွင် A-device သည် USB host အဖြစ် ဆောင်ရွက်ပြီး B-device သည် USB peripheral အဖြစ် ဆောင်ရွက်သည်။ နောက်ပိုင်းတွင် host နှင့် peripheral ပုံစံများသည် Host Negotiation Protocol (HNP) ကို အသုံးပြုပြီး အပြန်အလှန် ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]