မာတိကာသို့ ခုန်သွားရန်

ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်

ဝီကီပီးဒီးယား မှ
(UNEP မှ ပြန်ညွှန်းထားသည်)
ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်
(UN Environment)
အတိုကောက်UN Environment
UNEP
ဖွဲ့စည်းခြင်း ဇွန် ၁၉၇၂; ၅၃ နှစ် အကြာက (၁၉၇၂-၀၆-05)
အမျိုးအစားProgramme
တရားဝင်အနေအထားသက်ဝင်နေဆဲ
ဌာနချုပ်နိုင်ရိုဘီမြို့ကင်ညာနိုင်ငံ
Executive Director
Inger Andersen (၂၀၁၉ မှ စ၍)
မိခင်အဖွဲ့အစည်း
ကုလသမဂ္ဂ
ဝက်ဘ်ဆိုဒ်unep.org

ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (အင်္ဂလိပ်: United Nations Environment Programme; အတိုကောက် UNEP) သည် ကုလသမဂ္ဂ စနစ်အတွင်း ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို တုံ့ပြန်ဆောင်ရွက်ရာတွင် ညှိနှိုင်းဆောင်ရွက်ပေးရန် တာဝန်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။[][] ၁၉၇၂ ခုနှစ် ဇွန်လတွင် စတော့ဟုမ်းမြို့၌ ကျင်းပခဲ့သော လူသားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံကျင်းပပြီးနောက် ၎င်း၏ ပထမဆုံး ညွှန်ကြားရေးမှူးဖြစ်သူ Maurice Strong က ဤအဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာမှာ ရာသီဥတုပြောင်းလဲမှု၊[] ရေနေနှင့် ကုန်းနေ ဂေဟစနစ်များ စီမံခန့်ခွဲမှုနှင့် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကျယ်ပြန့်သော ကိစ္စရပ်များတွင် ဦးဆောင်မှုပေးခြင်း၊ သိပ္ပံနည်းကျ အချက်အလက်များ ပံ့ပိုးခြင်းနှင့် ဖြေရှင်းနည်းများ ဖော်ထုတ်ခြင်းတို့ ဖြစ်သည်။[] ထို့ပြင် အဆိုပါ အဖွဲ့အစည်းသည် နိုင်ငံတကာ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များကို ရေးဆွဲခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာကို ထုတ်ဝေခြင်းနှင့် မြှင့်တင်ခြင်းများ ပြုလုပ်သည့်အပြင် နိုင်ငံအစိုးရများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီစေရန်လည်း ကူညီဆောင်ရွက်ပေးသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုဆိုင်ရာ အဖွဲ့ (United Nations Development Group) ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် UNEP သည် ကမ္ဘာကြီးအား စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင် (၁၇) ရပ်ကို ပြည့်မီစေရန် ကူညီပေးလျက်ရှိသည်။[] UNEP သည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဘောတူစာချုပ် (CBD)၊ ပြဒါးဆိုင်ရာ မီနမာတာ သဘောတူစာချုပ်၊ ဘာဆယ်၊ ရိုတာဒမ်နှင့် စတော့ဟုမ်း သဘောတူစာချုပ်များ၊ ရွှေ့ပြောင်းသွားလာသော တောရိုင်းတိရစ္ဆာန် မျိုးစိတ်များဆိုင်ရာ သဘောတူစာချုပ်နှင့် မျိုးသုန်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ (CITES) အပါအဝင် ဘက်စုံ ပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များနှင့် သုတေသနအဖွဲ့များ၏ အတွင်းရေးမှူးရုံးများကို လက်ခံထားရှိသည်။[]

၁၉၈၈ ခုနှစ်တွင် ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ် (WMO) နှင့် UNEP တို့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအဖွဲ့ (IPCC) ကို ပူးတွဲတည်ထောင်ခဲ့ကြသည်။[] UNEP သည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင် အထောက်အကူပြု ရန်ပုံငွေအဖွဲ့ (GEF) နှင့် မွန်ထရီရယ် ပရိုတိုကော အကောင်အထည်ဖော်မှုဆိုင်ရာ ဘက်စုံရန်ပုံငွေအဖွဲ့တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်သော အေဂျင်စီများအနက် တစ်ခုလည်း ဖြစ်သည်။[][] UNEP သည် တစ်ခါတစ်ရံတွင် "UN Environment" ဟူသော အမည်ကွဲကို အသုံးပြုလေ့ရှိပြီး[၁၀] အေဂျင်စီ၏ ရုံးချုပ်သည် ကင်ညာနိုင်ငံနိုင်ရိုဘီမြို့တွင် တည်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Funds, Programmes, Specialized Agencies and Others (November 18, 2014)။
  2. About UN Environment Programme 2020-04-09 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-10 တွင် ပြန်စစ်ပြီး။
  3. Climate Change (2021)။
  4. Green Economy (2021)။
  5. About » UNDG at the Global Level » UNDG (2017)။ 3 September 2017 တွင် ပြန်စစ်ပြီး။
  6. Secretariats and Conventions (30 October 2017)။
  7. History of the IPCC
  8. Environment၊ U. N.။ Global Environment Facility (in en)။ 2022-03-02 တွင် ပြန်စစ်ပြီး။
  9. Environment၊ U. N. (2018-10-29)။ About Montreal Protocol (in en)။ 2022-03-02 တွင် ပြန်စစ်ပြီး။
  10. Why does UN Environment Programme matter? (28 September 2017)။