အူဂါဇာဟီးန်

ဝီကီပီးဒီးယား မှ
(Uğur Şahin မှ ပြန်ညွှန်းထားသည်)
အူဂါဇာဟီးန်
(အူဟာရှဟီးန်)
(Uğur Şahin)
၂၀၁၉-ခုနှစ်မှ အူဂါဇာဟီးန်
မွေးဖွား (1965-09-29) စက်တင်ဘာ ၂၉၊ ၁၉၆၅ (အသက် ၅၈)
တူရကီနိုင်ငံHatayIskenderun
နိုင်ငံသားဂျာမနီနိုင်ငံသား
ကြွယ်ဝမှုအမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ[၁]

အူဂါဇာဟီးန် (Uğur Şahin)သည် တူရကီနိုင်ငံမွေး ဂျာမနီနိုင်ငံသား ဆရာဝန်၊ ကင်ဆာပညာရှင် (Oncologist)နှင့် စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်သည်။[၂][၃][၄] သူ၏အမည်ကို တူရကီအသံထွက်အားဖြင့် အူဟာရှဟီးန် (Turkish: [uːɾ ʃaː.hin])ဟု မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အသံထွက်နိုင်သည်။ သူ၏ အဓိကသုတေသန ဧရိယာများမှာ ကင်ဆာသုတေသနနှင့် ကိုယ်ခံအားပညာရပ် (immunology) ဖြစ်သည်။[၅] သူသည် ဘိုင်ယွန်တက်ခ် (BioNTech) ကုမ္ပဏီကို ဇနီးဖြစ်သူ အော့ဇလဲမ် တူရီးစီ (Özlem Türeci)နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။[၆] သူနှင့် သူ၏ဇနီးကို ယခုအခါ (၂၀၂၀-ခုနှစ် ဒီဇင်ဘာ)တွင် BNT162b2 ကိုဗစ်–၁၉ ကာကွယ်ဆေးကို တီထွင်ခဲ့သော လက်ရွေးစင် အသင်းအဖြစ် အသိအမှတ် ပြုကြပြီး၊ ၂၀၂၁ နိုဘယ်ဆုရနိုင်ချေရှိသူများ အဖြစ်မှန်းဆနေကြသည်။[၇] သူနှင့် သူ၏ဇနီးသည် ဂျာမနီနိုင်ငံရှိ အချမ်းသာဆုံးလူ ၁၀၀ စာရင်း တွင် ပါဝင်သည်။[၈] ၂၀၂၀-ခုနှစ်တွင် ဖောဘ်ဇ်မဂ္ဂဇင်း (Forbes)မှ သူ၏ အသားတင်ပိုင်ဆိုင်မှု (net worth)သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Ugur Sahin။ 3 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2020 တွင် ပြန်စစ်ပြီး။
  2. https://www.forbes.com/profile/ugur-sahin/
  3. Hatice Akyün (2020-04-26)၊ "„Wir sind Impfstoff": Über zwei Wissenschaftler, die nicht nur Hoffnung gegen das Virus machen."Der Tagesspiegel (ဂျာမန်ဘာသာစကားဖြင့်)2020-10-26 တွင် ပြန်စစ်ပြီး
  4. Getting to Know Ugur Sahin - Youtube။ 2020-12-04 တွင် ပြန်စစ်ပြီး။
  5. Johannes Göbel (2015-03-26)၊ "Erfolgreiches „Mainzer Modell""Deutschland-Portal (ဂျာမန်ဘာသာစကားဖြင့်)၊ Fazit Communication, German Federal Foreign Office2020-10-26 တွင် ပြန်စစ်ပြီး
  6. Kurt Stukenberg (2020-10-23)၊ "Immuningenieure im Wettlauf gegen die Zeit"Der Spiegel (ဂျာမန်ဘာသာစကားဖြင့်)၊ Hamburg: Spiegel-Verlag Rudolf Augstein2020-10-26 တွင် ပြန်စစ်ပြီး
  7. The billionaire husband and wife 'dream team' who created the COVID-19 vaccine (3 December 2020)။ 3 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 December 2020 တွင် ပြန်စစ်ပြီး။
  8. Rudnick, Hendrikje။ "Von Gastarbeiter-Kindern zu Milliardären: Biontech-Chef Ugur Sahin und seine Frau Özlem Türeci gehören zu den 100 reichsten Deutschen" (in de)၊ 11 November 2020။