မာတိကာသို့ ခုန်သွားရန်

သည်အမျိုးသမီး (ရုပ်ရှင်)

ဝီကီပီးဒီးယား မှ
(The Lady မှ ပြန်ညွှန်းထားသည်)
The Lady
ရုံတင်ပိုစတာ
အခြေခံအချက်အလက်
ဒါရိုက်တာLuc Besson[]
ထုတ်လုပ်သူVirginie Besson-Silla
Andy Harries
Jean Todt
စာရေးသူRebecca Frayn[]
သရုပ်ဆောင်မစ်ရှဲ ယိုး
David Thewlis[]
Jonathan Woodhouse
ဂီတမှူးÉric Serra Sade (band)
ဓာတ်ပုံThierry Arbogast
တည်းဖြတ်Julien Rey
ထုတ်လုပ်ရေး
ကုမ္ပဏီ
EuropaCorp
Left Bank Pictures
France 2 Cinéma
ကြာမြင့်ချိန်
၁၃၅ မိနစ်
နိုင်ငံပြင်သစ်
ယူနိုက်တက်ကင်းဒမ်း
ဘာသာစကားအင်္ဂလိပ်
မြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ၁၂ စက်တင်ဘာ ၂၀၁၁ (၂၀၁၁-၀၉-၁၂) (တိုရွန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်)
  • ၃၀ နိုဝင်ဘာ ၂၀၁၁ (၂၀၁၁-၁၁-၃၀) (France)
  • ၃၀ ဒီဇင်ဘာ ၂၀၁၁ (၂၀၁၁-၁၂-၃၀) (UK)
ထုတ်ဝေသူEuropaCorp (ပြင်သစ်)
Entertainment Film Distributors (UK)
ကုန်ကျငွေယူရို ၂၂.၁ သန်း[]
ရောင်းရငွေဒေါ်လာ ၇.၈ သန်း[]

ဂုဏ်သရေရှိ အမျိုးသမီးကြီး (အင်္ဂလိပ်: The Lady)အမည်ရှိ ရုပ်ရှင်သည် ပြင်သစ် နာမည်ကျော် ဒါရိုက်တာ လုခ် ဘက်ဆုံ (Luc Besson) ၏ လက်ရာ မြန်မာ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။[] ဒေါ်စုအဖြစ် တရုတ်နွယ်ဖွား မလေးရှားနိုင်ငံသူ မစ်ရှဲ ယိုး (Michelle Yeoh) ကလည်းကောင်း၊ David Thewlis က ဒေါ်စု၏ ခင်ပွန်း Michael Aris အဖြစ်လည်းကောင်း ပါဝင် သရုပ်ဆောင်ထားသည်။[][][][၁၀]

ဇာတ်လမ်း

[ပြင်ဆင်ရန်]

၁၉၄၇ ခုနှစ်တွင် အောင်ဆန်းစုကြည်သည် နှစ်နှစ်သမီးအရွယ်သာရှိ‌သေးပြီး သူ၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့နောက်မကြာမီ ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့တွင်သူ၏ ဖခင်ဖြစ်သူဗိုလ်ချုပ်အောင်ဆန်းနှင့် ပါလီမန်အဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်လုပ်ကြံသတ်ဖြတ်လိုက်သည်။[၁၁]

အရွယ်ရောက်သည့်အခါတွင် စုကြည်သည် အင်္ဂလန်သို့ ပြောင်းရွှေ့သွားခဲ့ပြီး သူချစ်ရသည့်ခင်ပွန်းနှင့် အိမ်ထောင်ကျကာ မိသားစုဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ် သူမ၏ မိခင်ဖြစ်သူသည် ကျန်းမာရေးဆိုးရွားလျက်ရှိကာ ထိုအဖြစ်သည် သူမအား မြန်မာသို့ ပြန်လာရန် တွန်းအားပေးလျက်ရှိသည်။ ၁၉၈၈ ခုနှစ်တွင် သူမသည် အမေဖြစ်သူကို ကြည့်ရှုရန်အတွက် ဆေးရုံသို့ရောက်လာခဲ့သည်။ ရှစ်လေးလုံးအရေးအခင်းဖြစ်နေသည့်အချိန်ဖြစ်သည့်အတွက် သူမသည် ဆေးရုံတွင် တပ်မတော်၏ သတ်ဖြတ်မှုများကြောင့် ဒဏ်ရာအနာတရများရနေသည့် များစွာသော ပြည်သူများကို တွေ့မြင်ခဲ့သည်။ သူမသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီး ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ရန် ဖြစ်လာခဲ့သည်။[၁၂] သူမသည် မြန်မာပြည်သူများအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်တိုက်ပွဲဝင်မှု၏ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ရန် လက်ခံခဲ့သည်။ သူမသည် ပိုမိုသော နိုင်ငံရေးလွတ်လပ်မှုများကို ရရှိနိုင်ရန် လုပ်ဆောင်မှုများအတွက် သစ္စာပြုခဲ့သည်။[၁၃]

သူမသည် နိုင်ငံရေးပါတီတစ်ခုကို တည်ထောက်ခဲ့ပြီး သူမ၏ ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှင်းလင်းပြတ်သားစွာ အနိုင်ရခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်သည် ထိုရွေးကောက်ပွဲရလဒ်ကို လက်ခံရန် ငြင်းဆန်ခဲ့ကြပြီး သူမကို ထိန်းသိမ်းထားခဲ့ကြသည်။ သူမသည် မိသားစုနှင့် ကွဲကွဲနေခဲ့သည့်အချိန်တွင် သူမ၏ ခင်ပွန်းနှင့်ကလေးများကို မြန်မာသို့လာရောက်ခွင့်ကို စစ်တပ်သည် ပိတ်ပင်ခဲ့သည်။ ထို့နောက်တွင် ၁၀ စုနှစ် တစ်ခုကျော်အောင် သူမကို အိမ်အကျယ်ချုပ်ထားရှိခဲ့သည်။[၁၄] သူမ၏ မိသားစုဝင်များ၏ ကြိုးပမ်းမှုကြောင့် သူမသည် အာရှတွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသည့် ဒုတိယမြောက်အမျိုးသမီး ဖြစ်လာခဲ့သည်။ ပထမဆုံး ရရှိခဲ့သူမှာ ၁၉၇၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ မာသာထရီဇာ ဖြစ်သည်။ စစ်တပ်သည် သူမအား အကျယ်ချုပ်ထားရှိထားဆဲဖြစ်သည့်အတွက် ဆုပေးသည့်အခမ်းအနားကို တက်ရောက်ခွင့်မရရှိခဲ့ပေ။ သူမ၏ ခင်ပွန်းဖြစ်သူ Michael Aris သည်လည်း သူမဆုံးခင် ဇနီးဖြစ်သူအား နောက်ဆုံးတစ်ကြိမ် မြင်တွေ့ခွင့် မရခဲ့ပေ။

သရုပ်ဆောင်များ

[ပြင်ဆင်ရန်]

နောက်ခံသမိုင်းကြောင်း

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Third The Lady Trailer 4 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2011 တွင် ပြန်စစ်ပြီး။
  2. The Lady 21 December 2011 တွင် ပြန်စစ်ပြီး။
  3. David Thewlis says he cried over The Lady script 21 December 2011 တွင် ပြန်စစ်ပြီး။
  4. The Lady 17 July 2013 တွင် ပြန်စစ်ပြီး။
  5. The Lady 17 July 2013 တွင် ပြန်စစ်ပြီး။
  6. Smith၊ Ian Hayden (2012)။ International Film Guide 2012။ p. 119ISBN 978-1-908215-01-7
  7. Petty၊ Martin။ "Myanmar's Suu Kyi: from prisoner to would-be lawmaker"၊ Reuters၊ 29 March 2012 23 May 2021 တွင် ပြန်စစ်ပြီး Archived from the original on 1 May 2012။
  8. Barton၊ Laura။ "David Thewlis: the secret surrealist"၊ The Guardian
  9. Zeitchik၊ Steven။ "David Thewlis is the 'Anonymous' actor who's everywhere"၊ Los Angeles Times
  10. Michelle Yeoh – The Lady 20 December 2011 တွင် ပြန်စစ်ပြီး။
  11. A journey of self-realisation 24 January 2012 တွင် ပြန်စစ်ပြီး။
  12. "This portrait of a Lady gets its perspectives wrong"၊ The Guardian
  13. Barber၊ Nicholas။ "The Lady, Luc Besson, 127 mins"၊ The Independent 23 May 2021 တွင် ပြန်စစ်ပြီး Archived from the original on 12 January 2012။
  14. First Images of Michelle Yeoh in Luc Besson's THE LADY 4 September 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 May 2021 တွင် ပြန်စစ်ပြီး။