တမ်းပလိတ် ဆွေးနွေးချက်:Infobox country

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ
အောက်ပါဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို အပိုင်းသစ်အနေဖြင့်သာ ရေးသားသင့်ပါသည်။

အဆင့်မြှင့်တင်ရန်နှင့် ပေါင်းစပ်ရန် အဆိုပြုခြင်း[ပြင်ဆင်ရန်]

{{Infobox နိုင်ငံ}} နဲ့ {{Infobox country}} ဟာ ပုံစံတူ တမ်းပလိတ်များဖြစ်ကြပါတယ်။ "Infobox နိုင်ငံ" က မြန်မာဘာသာ ပါရာမီတာတွေနဲ့ဖြစ်ပြီး "Infobox country" ကတော့ အင်္ဂလိပ်ဘာသာ ပါရာမီတာတွေနဲ့ ဖြစ်ပါတယ်။ များသောအားဖြင့် အင်္ဂလိပ်ဝီကီဖက်ကနေ Infobox တွေကို ကော်ပီယူပြီးဖြည့်တဲ့အခါမှာ မြန်မာဘာသာ ပါရာမီတာတွေ ပြန်ပြောင်းအသုံးပြုရတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံကွဲတာ၊ ကွက်လပ်ချန်/မချန် မတူတဲ့အခါမှာ အတော်လေး တိုင်ပတ်ပါတယ်။ ပါရာမီတာကို အင်္ဂလိပ်အတိုင်းထားပြီး value ကိုပဲ မြန်မာလိုရေးလိုက်ရင် အတော်လွယ်ကူပါတယ်။ "Infobox နိုင်ငံ" တမ်းပလိတ်ကို ၂၀၁၆ တုန်းက ပါရာမီတာတွေ ထပ်ဖြည့်ခဲ့ပါသေးတယ်။ အခုတစ်ခါမှာတော့ ဆင်တူနေတဲ့ တမ်းပလိတ် နှစ်ခုစလုံးကို ပေါင်းစပ်ဖို့ အဆိုပြုပါရစေ။ ပါရာမီတာ ဘာသာစကား မတူတဲ့ နှစ်ခုကို ပေါင်းစပ်မှာဖြစ်တဲ့အတွက် အရင်အသုံးပြုနှင့်ပြီးတဲ့ ဆောင်းပါးတွေမှာ အမှားအယွင်းနည်းအောင်၊ ပါရာမီတာ နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ အသစ်မှာ HDI တန်ဖိုးကို အလွန်မြင့်၊ မြင့်၊ အလယ်၊ နိမ့် ဆိုပြီး တွက်ချက်ပြသပေးနိုင်ဖို့ |HDI = ပါရာမီတာကို ဂဏန်းချည်းပဲထားဖို့ စီစဉ်ထားတဲ့အတွက် ယခင်ဆောင်းပါးတွေမှာ HDI တန်ဖိုးအဆင့်ကို ကြိုတင်ထည့်သွင်းထားခဲ့ရင်တော့ အမှားတစ်ခုထွက်နေပါလိမ့်မယ်။ အဲဒါကိုတော့ လိုက်လံပြင်ဆင်ပေးဖို့ လိုပါလိမ့်မယ်။ ကျန်တဲ့နေရာမှာတော့ အမှားမတွေ့မိသေးပါဘူး။ တမ်းပလိတ်နှစ်ခု နှိုင်းယှဉ်ချက်ကို Template:Infobox နိုင်ငံ/testcases မှာ လေ့လာနိုင်ပါတယ်။ NinjaStrikers «» ၁၁:၅၉၊ ၂၀ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

တကယ်တမ်း ပိုလွယ်ကူတာက အင်္ဂလိပ် ပါရာမီတာနဲ့ပါပဲ၊ မြန်မာလိုကျ အပေါ်ကပြောသလို ပြသနာရှိပါတယ်။ နိုင်ငံဆောင်းပါးအတော်များများကို {{Infobox နိုင်ငံ}} နဲ့ ရေးထားတာရယ်၊ နိုင်ငံအကြောင်းဆောင်းပါးတွေလည်း စုံလုနီးပါးရှိနေပြီလို့ ထင်မိတာကြောင့် ဒီအတိုင်းပဲ ထားဖို့ စိတ်ကူးမိတာပါ။ ဘရိုပြောသလို အဆင်ပြေတယ်ဆိုရင် ကန့်ကွက်စရာ မရှိပါဘူးဗျာ။ Dr Lotus Black (ဆွေးနွေး) ၁၂:၀၉၊ ၂၀ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
{{Infobox နိုင်ငံ}} သုံးထားတဲ့ ဆောင်းပါးတွေကို အရင်ဆုံး {{Infobox country}} လိုက်ပြောင်းရင်းနဲ့ |HDI= ပါရာမီတာတန်ဖိုးဖက်က "အလွန်မြင့်၊ မြင့်၊ အလယ်၊ နိမ့်" စတဲ့ အဆင့်ရေးထားတာကို လိုက်ဖယ်ပါမယ်။ အဲလိုအရင်လုပ်ပြီးမှ redirect လုပ်လိုက်မယ်ဆိုရင် ဆောင်းပါးထဲမှာ error တက်နေတာမျိုး မဖြစ်တော့ပါဘူး။ အားလုံးပြောင်းပြီးမှပဲ redirect လုပ်လိုက်ပါတော့မယ်။ NinjaStrikers «» ၀၉:၄၀၊ ၂၈ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
Done. NinjaStrikers «» ၁၀:၂၆၊ ၂၉ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

အထက်ပါ ဆွေးနွေးချက်သည် ပိတ်သိမ်းပြီး ဖြစ်သည်။ ကျေးဇူးပြု၍ ပြုပြင်မွမ်းမံခြင်း မပြုလုပ်ပါနှင့်။ နောက်ဆက်တွဲ သုံးသပ်ချက်များကို အပိုင်းသစ်အနေဖြင့်သာ ရေးသားသင့်ပါသည်။