မုခ်ဝ:သမိုင်း/မိတ်ဆက်

ဝီကီပီးဒီးယား မှ

သမိုင်း

သမိုင်း ဆိုသည်မှာ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၊ လူ့အဖွဲ့အစည်းများ နှင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများ အကြောင်းပင် ဖြစ်သည်။ ၁၉၁၁ ခုနှစ် ဘရစ်တန်နီကာ စွယ်စုံကျမ်းမှ "သမိုင်းဆိုသည်မှာ ဖြစ်ခဲ့ဖူးသော အကြောင်းအရာများအားလုံးကို ကျယ်ပြန့်စွာ ဖော်ပြခြင်းဖြစ်ပြီး လူသားတို့၏ ဘဝကိုသာလျှင် မကဘဲ သဘာဝလောက အကြောင်းများလည်း ပါဝင်သည်။ သမိုင်းသည် ပြောင်းလဲသွားသော အရာများအားလုံးအကြောင်းပင် ဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာက ရှင်းပြထားသကဲ့သို့ပင် မည်သည့်အရာမှ အသေဖြစ်နေခြင်း မရှိပဲ ပြောင်းလဲနေသဖြင့် စကြာဝဠာတစ်ခုလုံး၏ အစိတ်အပိုင်း ဟူသမျှတို့တွင် သမိုင်းရှိကြသည်။" ဟု ဖော်ပြထားသည်။