ဆွေးနွေးချက်:ဦးဥတ္တမ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဆရာတော်အဖွဲ့ ဘာလို့ အစိုးရဖွဲ့ခွင့်မရခဲ့တာပါလဲ သိချင်ပါတယ် ဒေါာက်တာဗမော်ပဲ ဘာ‌ေြကာင့်အစိုးရဖွဲ့ခွင့်ရခဲ့တာလဲ

စွယ်စုံကျမ်းစာသားကို ဒီဘက်ခဏရွှေ့ပြီး မတူတာလေးတွေပေါင်းထည့်ရန်။[ပြင်ဆင်ရန်]

ဥတ္တမ၊ ဦး၊ ဆရာတော် (မြန်မာ ၁၂၄၁-၁၃ဝ၁) မြန်မာ နိုင်ငံတွင် ပထမဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော ပုဂ္ဂိုလ်များ အနက် ဆရာတော်ဦးဥတ္တမလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ဦးဥတ္တမကို မြန်မာသက္ကရာဇ် ၁၂၄၁ ခု ပြာသိုလပြည့် ကျော် ၁ ရက် တနင်္ဂနွေနေ့တွင် ရခိုင်ပြည်စစ်တွေမြို့ ရူပရပ်၌ ဦးမြ၊ ဒေါ်အောင်ကျော်တို့မှ ဖွားမြင်သည်။ ငယ်မည်မှာ ပေါ်ထွန်းအောင်ဖြစ်၍ ငယ်စဉ်ကပင် အပေါင်းအသင်းများကို ခေါင်းဆောင်လေ့ရှိသည်။

ပေါ်ထွန်းအောင်သည် စစ်တွေမြို့မူလတန်းကျောင်းတွင် ငါးတန်းအထိ ပညာသင်ယူသည်။ ထိုထက် ပိုမိုပညာသင်ကြား ပေးက သားဖြစ်သူနှင့်ခွဲနေရမည်ကို စိုးရိမ်သောမိခင်ဖြစ်သူက ကျောင်းဆက်မထားဘဲနေရာ ပညာသင်လိုလှသော ပေါ်ထွန်း အောင်သည် ပညာဆက်သင်ခွင့်ရရန် အမျိုးမျိုးကြိုးစားလေ သည်။

တစ်ဆယ့်သုံးနှစ်အရွယ်တွင် ပေါ်ထွန်းအောင်သည် စစ်တွေမြို့၌ ပရိယတ္တိသင်ကြားမှုတွင် ထိုအခါက အကျော် အစောဖြစ်သော ရွှေစေတီကျောင်းဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဘိုးသူတော် အဝတ်ဝတ်လျက် မင်္ဂလသုတ်မှအစ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ်ကိုးပိုင်း သင်ရိုးသင်တန်းကို သင်ယူ သည်။ ၁၆ နှစ် အရွယ်ရောက်မှ မိဘများက ရှင်သာမဏေ ဝတ်ပေးသဖြင့် ရှင်ဥတ္တမဟုတွင်သည်။ ရှင်ဥတ္တမသည် နက်နဲ ကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက်ကြီးတွင် စာပေ သွားရောက်သင်ကြားလို သ ဖြင့် ဓားကောင်ဆရာတော် ဦးဂန္ဓမာနှင့် လူဝတ်လဲ၍ လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ရောက်သည်။ တောင်ငူတွင် ရှင်သာမဏေ စာပြန်ပွဲတစ်ခုကို ဝင်ရောက်ဖြေဆိုရာ ပထမရရှိသည်။ ယင်းသို့ စာတော်သည့်သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ်မွေးစားကာ ကာလ ကတ္တားမြို့သို့ပို့၍ ပညာသင်ကြားပေးသည်။ ကာလကတ္တားမြို့ တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ ၁ဝ တန်း ပညာကို အောင်မြင်ခဲ့၍ မြန်မာနိုင်ငံသို့ပြန်လာသည်။ မြန်မာနိုင်ငံသို့ ရောက်လျှင်ရောက်ခြင်း ပခုက္ကူမြို့သို့သွား၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို ရှင်ဝတ်နှင့် ဆက်လက်၍သင် ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဆွေတစ်စ မျိုးတစ်စ တော်သူ ဘုံဘေဘားမားကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် အသက် ၁၉ နှစ် နှစ်လစွန်း တွင် ရဟန်းခံသည်။

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့ သို့ပြန်သွားသည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယ နိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌တကြွကြွ ဖြစ်ပေါ်လာလေသည်။ အမျိုးသားစိတ်ဓာတ်လည်း အတော မသတ် ရင့်သန်ခဲ့လေသည်။ ဦးဥတ္တမသည် အိန္ဒိယနိုင်ငံတွင်ရှိ ခိုက် အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေ ဆိုင်ရာ ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့်ပင် သက္ကတ၊ ဗင်္ဂလီ၊ နာဂရီ စသော ရှေးဟောင်းဟိန္ဒူကျမ်းများကို သင်ကြားပြန်သည်။ အိန္ဒိယနိုင်ငံ တွင်နေစဉ် ဦးဥတ္တမသည် အိန္ဒိယကွန်ဂရက်နှင့် ဟိန္ဒူမဟာ ဆဗ္ဗအသင်းကြီး၌ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ မဒရပ်ပြည်နယ်မှ နာမည်ကျော် ခေါင်းဆောင်ကြီး ပဏ္ဍိတ် မာလဗီယားနှင့် ဟိန္ဒူမဟာဆဗ္ဗခေါ် ဘာသာရေးအသင်းကြီးဥက္ကဋ္ဌအဖြစ် ယှဉ် ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူ တို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင် ရှားသည်။

အိန္ဒိယနိုင်ငံမှနေ၍ ဆရာတော်သည် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ ပညာသင်ယူပြန်သည်။ ထိုစဉ် ၁၉ဝ၅ ခုနှစ် တွင် ရုရှ-ဂျပန်စစ်ပွဲ၌ ဂျပန်ကဲ့သို့သော နိုင်ငံငယ်ကလေးက ရုရှကဲ့သို့သောနိုင်ငံကြီးကို အနိုင်ရလိုက်ကြောင်း ကြားရသည့် အချိန်မှစ၍ ဂျပန်ကိုအတော်အထင်ကြီးသွားသည့်အလျောက် စု ဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ ပညာဆည်းပူးရန် ၁၉ဝ၇ ခုနှစ်တွင် ထွက်ခွာသွားသည်။ ဂျပန်သို့ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံ ကျောင်းကြီး၏ ဥက္ကဋ္ဌအမတ်ကြီး ဒါတာနီ၏တောက်အပံ့ဖြင့် ဂျပန်ဘာသာနှင့်စကားကို တစ်နှစ် ခန့်သင်ယူအောင်မြင်သည်။

ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ ပါဠိ နှင့် သင်္သကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ပြီးနောက် ၁၉၁ဝ ခုနှစ်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ အာနမ်နိုင်ငံများမှတစ်ဆင့် ပြန်လာခဲ့ သည်။ ဂျပန်နိုင်ငံ၌ နေထိုင်ခဲ့စဉ် တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင် ရောက်ရှိလာသည်နှင့် အတော်ပင် ခင်မင်ရင်းနှီးစွာ နိုင်ငံရေးများကို ဆွေးနွေးခဲ့ဖူးကြောင်းသိရ သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောအခါ ဆရာ တော်သည် တစ်နှစ်ခန့်လှည့်လည် နေထိုင်ပြီးနောက် ၁၉၁၂ ခု နှစ်တွင် ဂျပန်နိုင်ငံသို့ တစ်ခေါက်ပြန်ခဲ့လေသည်။ ဂျပန်နိုင်ငံ သို့ရောက်သည်နှင့် ထိုခေတ်က လူတို့စိတ်ဝင်စားနေသော ဂျပန် နိုင်ငံအကြောင်း စာအုပ်တစ်အုပ်ထုတ်ဝေသည်။ ၁၉၁၉ ခုနှစ် တွင် ဂျပန်မှ ပြန်လာသောအခါ ဆရာတော်သည် သူရိယ သတင်းစာ၌ ခေါင်းကြီး၌လည်းကောင်း၊ ဝံသာနုရက္ခိတတရား ကို မြန်မာများစောင့်စည်းရေး ဆောင်းပါးများကိုလည်းကောင်း ရေးသားသည်။

ဆရာတော်မြန်မာနိုင်ငံသို့ပြန်ရောက်နေစဉ်တွင် မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုးတို့အပေါ် တင်းမာစွာ အုပ်ချုပ်လျက်ရှိ သော ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်အပေါ်၌ မြန်မာတို့ သည် မကျေမနပ်ဖြစ်နေချိန်ဖြစ်သည်။ ဆရာတော်ဦးဥတ္တမသည် အခြားသူများကဲ့သို့ စိတ်ထဲမှမကျေမနပ်ဖြစ်နေရုံမကဘဲ ဘုရင်ခံ ထံသို့ ဒဒဆာရယ်ဂျီနယ်ကရက်ဒေါက်၊ မင်းဗမာပြည်မှထွက်သွား ပါဒဒ ဟု ပါသောစာကိုပေးခဲ့သည်။ ဤသို့ပြုမူလိုက်ခြင်းဖြင့် မြန်မာလူမျိုးတွင် ဤကဲ့သို့ ပြောနိုင်သောအခွင့်အရေးရှိသည် ဆိုသောအချက်ကို မြန်မာလူမျိုးတို့ နိုးကြားသိမြင်လာစေရန် မျက်စိဖွင့်ပေးလိုက်ခြင်း ဖြစ်လေသည်။

ဆရာတော်သည် ထိုအချိန်ခန့်မှစ၍ တောရွာကျေး လက်များသို့ဆင်းကာ နိုင်ငံရေးတရားများကို ဟောပြောတော်မူ လေသည်။ ထိုအတွင်းဆရာတော်သည် ရန်ကုန်နှင့် ကာလ ကတ္တားကို ကူးချည်သန်းချည် ပြုလုပ်လျက်ရှိသည်။ ၁၉၂၂ ခု နှစ်တွင် ဒေးဒရဲအပိုင် ဆုကလပ်ရွာ၌ ဟောပြောသော နိုင်ငံရေး တရားအတွက် ဖျာပုံအရေးပိုင်က ဆရာတော်အားရာဇသတ်ပုဒ်မ ၁၂၄ (က) အရ တရားစွဲဆိုပြီးလျှင် ကျောင်းကုန်းမြို့၌ တရား ဟောနေစဉ် ဖမ်းဆီးသွားလေသည်။

ဆရာတော်အပေါ်၌ လူထုသည် ထိုအခါက မည်မျှကြည်ညို နေကြသနည်းဟူမူ အမှုတွင် ဆရာတော်ဘက်မှ လိုက်ပါ ဆောင်ရွက်ခဲ့သော ဝိုင်အမ်ဘီအေမှ ရှေ့နေကြီးဦးစိန်လှအောင်၏ အသုဘ၌ပင် အသုဘပို့ပရိသတ်သည် ကြောက်ခမန်းလိလိများ ပြားလှလေသည်။ ထိုအမှုအတွက် ဆရာတော်သည် ထောင်ဒဏ် လေးနှစ်ခံရလေရာ မအူပင်ထောင်၌ သီတင်းသုံးရလေသည်။ သို့သော် ထောင်ဥပဒေအရ အကျင့်စာရိတ္တ ကောင်းမွန်သည်ဆို ပြီး သုံးနှစ်ကျော်ကျော်တွင် လွတ်လာခဲ့သည်။ ဆရာတော်ကား နိုင်ငံရေး ဆောင်ရွက်မှုကြောင့် ပထမဆုံးအကြိမ်ထောင်ကျခဲ့ သော ရဟန်းတော်ဖြစ်သည်။ ဆရာတော်အား ထောင်တွင်း၌ အကျဉ်းထားလိုက်သဖြင့် လူထု၏မျိုးချစ်စိတ်ဓာတ်သည် ပိုမိုနိုး ကြွလာခဲ့သည်ဟု ဆိုရပေမည်ဖြစ်သည်။ ထောင်မှလွတ်သည့် အခါလည်း ဆရာတော်သည် နိုင်ငံရေးတရားဟောမြဲဟောပြော ရာ ဆရာတော်၏ တရားပွဲများ၌ ရှေးကထက်လူစည်ကားလေ သည်။ အထူးသဖြင့် မြန်မာချင်းချင်းရိုင်းပင်းကြရန် ဝံသာနု ရက္ခိတ တရားကိုဟောလေ့ရှိသည်။

၁၉၂၃ ခုနှစ်တွင် ရန်ကုန်မြို့ လမ်းမတော်ရပ် ရုပ်ရှင် နန်းတော်၌ကျင်းပသည့် မြို့လုံးကျွတ် အစည်းအဝေး၌ အစိုးရ အပေါ် အကြည်အညိုပျက်အောင် လှုံ့ဆော်ဟောပြောမှုဖြင့် ဆရာတော်အားဖမ်းဆီး၍ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် အပြစ်ပေးလိုက်သည်။ သို့ရာတွင် ထောင်မှူးထောင်ပိုင်များက ဆရာတော်အား ကြည်ညိုကြသည့်အလျောက် ပေါ့ပါးသော အလုပ်ကို လုပ်ခွင့်ပြုရာ ဆရာတော်သည် ကြိမ်ထိုးသော အလုပ်ကို အပျင်းပြေမျှလုပ်ကိုင်၍ တရားဘာဝနာစီးဖြန်းလျက် အေးမြသောစိတ် သည်းခံသောစိတ်ကိုမွေးမြူလျက် နေထိုင်တော် မူသည်။

ထောင်မှထွက်လာသောအခါ ဆရာတော်သည် နိုင်ငံရေးကို လုပ်ပြန်သည်။ သို့ရာတွင် မြန်မာနိုင်ငံရေး၌ ခွဲရေးတွဲရေး ကိစ္စများပေါ်၍ ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံနှင့်ခွဲကာ ၉၁ ဋ္ဌာန အုပ်ချုပ်ရေးပေးချိန်လည်းဖြစ်သည်။ မြန်မာနိုင်ငံရေးတွင် အကွဲအပြဲနှင့် ဂိုဏ်းဂဏစိတ်ဓာတ်များပြား နေချိန်ဖြစ်သည်။ ထိုအခါ ဆရာတော်နှင့် နိုင်ငံရေးအယူအဆ မတူသူများလည်း အတော်များများရှိခဲ့သည်။ ဂိုဏ်းဂဏကွဲပြဲကြ သောအခါ တစ်ဖက်နှင့်တစ်ဖက် ပြင်းစွာစွပ်စွဲဝေဖန်တတ်ကြ လေရာ၊ တစ်ခါက အလွန်ကြည်ညိုလေးစားခဲ့သော ဆရာတော် အားပင် အမျိုးမျိုးစွပ်စွဲပြောဆိုကြတော့သည်။ ဆရာတော်ကား သည်းခံတော်မူ၍ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် ချေပခြင်းမပြုဘဲ ဓမ္မဓိဋ္ဌာန် ဖြင့်သာ ဖြေရှင်းချက်ထုတ်သည်။

ယင်းသို့ နိုင်ငံရေးရှုပ်ထွေးနေချိန်တွင် ဆရာတော်သည် ကျန်းမာရေးလည်းမကောင်း ဖြစ်နေရှာသည်။ မတ်တတ်နာဖြင့် အတော်ပင်ဦးနှောက်အင်အား လူအင်အားချိုတဲ့နေရာ ရန်ကုန်မြို့ ထဲ၌ စိတ်မနှံ့သူတစ်ဦးကဲ့သို့ သွားလာနေတတ်သည်။ ထို အချိန်က ပုဇွန်တောင် ညောင်ကုန်းကျောင်း၌ သီတင်းသုံးနေ လေသည်။ အလွန့်အလွန်မကျန်းမာလှသဖြင့် ရန်ကုန်ဆေးရုံကြီး သို့ တင်ပို့ကုသရာ ၁၃ဝ၁ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁၁ ရက်နေ့ (၁၉၃၉ ခု၊ စက်တင်ဘာလ ၉ ရက်) တွင် သက်တော် ၆ဝ အရွယ်၌ ပျံလွန်တော်မူသည်။ ဆရာတော်ကား မြန်မာလူမျိုးတို့၏ ရင်တွင်း၌ လွတ်လပ်ရေး စိတ်ဓာတ် မျိုးစေ့ချပေးသွားသူဖြစ်သည်။ သာသနာ့ဝန်ထမ်းဘဝ နှင့် နိုင်ငံဝန်ကိုလည်း တစ်ဖက်ကထမ်းသည်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကိုလည်း ဆရာတော်အားဂုဏ်ပြုသည့်အနေ ဖြင့် ဦးဥတ္တမပန်းခြံဟု အမည်သစ်ပေးကြလေသည်။ref : မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅) Yin May Lwin (talk) ၁၂:၁၂၊ ၁၉ မေ ၂၀၁၅ (UTC) ဟိုးအပေါ်ဆုံးကစာရော ဒီအပေါ်ကစာတွေရော ကျမရေးတာတော့ မဟုတ်ဘူးပေါ့။စွယ်စုံကျမ်းစာသားက တခြားတယောက်တင်ထားတာကို ဒီဘက်ခဏကူးလာတာပါ။ Yin May Lwin (talk) ၁၆:၀၂၊ ၂၀ မေ ၂၀၁၅ (UTC)[အကြောင်းပြန်ရန်]

နာမည်ကို တူတာမရှိရင် ဆရာတော် ဦးဥတ္တမ ဒါမှမဟုတ် ဦးဥတ္တမ ဆိုပြီး ပြောင်းရင် ကောင်းမယ်ထင်တယ်။ ဒီတစ်ခုမှ မဟုတ်ပါဘူး။ အခြားနာမည်တွေရောပေါ့။ ပြောသာပြောရတာ interlink တွေထိ ပါကုန်မှာဆိုတော့ redirect လည်းချန်ထားဖို့လိုမယ်။ Dr Lotus Black (ဆွေးနွေး) ၁၃:၂၃၊ ၁၄ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

တိုက်ရိုက်လင့်ခ်ချိတ်ထားတာက ၂ ခုပဲရှိတယ်။ တခါတည်းရွှေ့ပြီး ပြင်လိုက်ရင် ရတယ်။ ဦးဥတ္တမ လို့ပဲပြောင်းပြီး {{DEFAULTSORT|ဥတ္တမ၊ ဦး}} နဲ့ အက္ခရာစဉ်ပေးလိုက်ရင် အဆင်ပြေပြီ။ NinjaStrikers «» ၁၄:၁၀၊ ၁၄ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
Done Dr Lotus Black (ဆွေးနွေး) ၀၂:၀၈၊ ၁၅ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]