ဆွေးနွေးချက်:ဣဿရမူလီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီဆေးဟာ တိုင်းရင်းဆေးတွေမှာ တွေ့ရပြီး၊ နိုင်ငံကြီးတော်တော်များများမှာ သူ့ရဲ့ အက်စစ်ကြောင့် လူတွေ ကျောက်ကပ်ကို ဒုက္ခပေးလို့ မသုံးရထဲထည့်ထားတာတွေရှိပါတယ်.. အထဲမှာရေးထားတာဟာ တိုင်းရင်းဆေးပုံစံရေးထားတာပါ၊ ဒီတော့ မြန်မာ့ တိုင်းရင်းဆေးဆိုပြီး ထပ်ခွဲသင့်သလား၊ ဒီဆေးကို အနောက်နိုင်ငံတွေမှာ သုံးခွင့်ပိတ်ပင်ထားတယ်ဆိုပြီး ဆက်ရေးရမှာလား။85.23.163.79 ၀၅:၀၆၊ ၇ ဒီ​ဇင်​ဘာ​ ၂၀၁၁ (UTC)

အဲဒီအချက်ကို ခုမှ သိရတယ်။ ကျေးဇူးတင်ပါတယ်။ သာမန်အားဖြင့်တော့ ဆေးဖက်ဝင်တယ်ပဲ သိထားတာလေ။ အဲတော့ကာ - အထောက်အထားနဲ့ ခိုင်လုံစွာ ရှိရင် ဆိုးကျိုးတွေနဲ့ နိုင်ငံခြားမှာ သုံးခွင့်မပြုကြောင်းတွေလည်း ထည့်ရေးပေးသင့်ပါတယ်။ တိုင်းရင်းဆေးဘက်က အမြင်အယူအဆတွေကိုလည်း ဒီတိုင်းပဲထားလိုက်ပါ။ နောက်တိုး ခေါင်းစဉ်ခွဲတစ်ခုအနေနဲ့ ထပ်မံ ဖြည့်စွက်ပြီးတော့ ရေးပေးစေချင်ပါတယ်။ -- သုတေသီ ၀၅:၁၄၊ ၇ ဒီ​ဇင်​ဘာ​ ၂၀၁၁ (UTC)
(ဆေးဖက်ဝင် အပင်များ) အနေနဲ့ ရေးထားခြင်းပါ။ ဆိုးကျိုးများအား သိရင်လဲ အကိုးအကားနဲ့ ရေးနိုင်ပါတယ်။--Mayor mt ၀၆:၄၃၊ ၇ ဒီ​ဇင်​ဘာ​ ၂၀၁၁ (UTC)
ဘီပိုးကို ဒီဆေးနဲ့ ကုရင်ပြောက်တယ် ၃ . ၄ လ နဲ့ပြောက်တယ်စာတွေတွေ့ရလို့ ၊ တောင်တန်းပြုဆရာတော်က ညွှန်းတယ်ဘာညာ အင်တာနက်မှ လွင့်နေတာတွေ၊ အဓိကကတော့ စာတန်းတွေမှာ ကျောက်ကပ်ကို ပျက်စီးစေတယ်ပြောတယ်. မြန်မာပြည်မှာ အဲဒီစာတွေကို အင်တာနက်ကတွေ့ပြီး တကယ်သောက်တဲ့သူလည်းရှိတယ်. အရွက်ကို အစိမ်းလိုက်ဝါးစားပါတောင်ရေးထားသေး၊ တစ်ယောက်ကတော့ သောက်ပြီး ဗိုက်နဲ့ ကျောဘက်မှာ တစ်ခုခုဖြစ်တယ်ဆိုလား ဘလော့မှာ သူသောက်ပြီးရေးထားတယ်. ခုတော့ လျှောနေပြီလားမသိ၊ တရုတ်ပြည်က ဒီဆေးကို ပိန်ဆေးထဲထည့်သုံးတယ်၊ ဒိန်းမတ်မှာလည်း ကျောက်ကပ်ပြသနာဖြစ်သူတွေဟာ ပိန်ဆေးသောက်ပြီးဖြစ်ကြတဲ့အခါ ဒီအက်စစ်အကြောင်းကြောင့်ဆိုပြီး စာတမ်းထဲမှာရေးထားတာပဲ။ ဒီဆေးကို နိုင်ငံတကာမှာ ထည့်သုံးခွင့်မပြုဘူးလို့လည်းရေးထားတယ်၊ ဒီတော့ ဘီပိုး စာပိုဒ်မှာ ဒီဆေးဟာ ဘေးဖြစ်စေတယ်ဆိုတာတော့ ရေးသင့်တယ်ထင်တာပဲ၊ အသိပေးတဲ့သဘောမျိုးရောပေါ့ ၊ ဒါလေးစမ်းကြည့်ပါလား အသက်ပြောက်သွားမည် ဆိုတဲ့အမှုတွေမဖြစ်စေဖို့၇န် ရေးသင့်တယ်လို့တော့ထင်တာပဲ။