ဆွေးနွေးချက်:အာဋာနာဋိယသုတ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

မြန်မာလို အသံထွက် ရေးရန်[ပြင်ဆင်ရန်]

ပရိတ်ကြီး ၁၁ သုတ်မှာ ပါဠိလို ရေးထားတဲ့စာသားတွေကို မြန်မာလို အသံဘယ်လိုထွက်ရမယ်ဆိုတာပါ ရေးချင်ပါတယ်။ ရေးသင့် မရေးသင့် အကြံပေးကြပါ။ မပါလဲ ရပေမယ့် ပါရင် ပိုပြီး ပြည့်စုံသွားမယ် ထင်မိလို့ပါ။ ဥပမာ ပါဠိ = အပ္ပသန္နေသိ နာထဿ၊ သာသနေ သာဓုသမ္မတေ။ မြန်မာအသံထွက် = အပ်ပသန်နေဟိ သာသနေ သာဓု သမ်မတေ။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၄:၄၅၊ ၂၇ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

မပါရင်လည်း ရတယ်၊ ရေးမယ်ဆိုလည်း ရမှာပါ။ ဒါပေမယ့်၊ ပရိတ်ကြီး ၁၁ သုတ် စာအုပ်တွေ မရောင်းရဘဲ ဖြစ်သွားမလားပဲ၊ ခက်ခဲမယ် ထင်တဲ့ အသံထွက်တွေကိုပဲ ဖြည့်ရင်ကော ဘယ်လိုလဲခင်ဗျ။ ဗုဒ္ဓ ဆိုရင် လူတိုင်း ထွက်တတ်တာမို့ အကုန်လုံး ထည့်ရေးရင်....။ ယှဉှိ ဆိုတာမျိုးကျတော့ မြင်နေကျ မဟုတ်တာ... စာအုပ်ထဲမှာတော့... ယင်မိလို့ ဖတ်တယ်တဲ့ ဟုတ်လားဗျ။ ခုပြောတာ ပါဆင်နယ် အမြင်ပါ။ --ဆန်လုံးတီး (ဆွေးနွေး) ၀၀:၅၅၊ ၂၈ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ဟုတ်ကဲ့။ ကျေးဇူးပါ။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၁:၃၁၊ ၂၈ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

--ဆန်လုံးတီး (ဆွေးနွေး) ၀၁:၅၆၊ ၂၈ ဇွန် ၂၀၁၇ (UTC) ကလည်း ကျေးဇူးပါ။[အကြောင်းပြန်ရန်]
ဖတ်တဲ့သူ အဆင်ပြေစေချင်တယ်ဆိုတာ သဘောပေါက်ပေမယ့် ဝီကီပီးဒီးယားဟာ manual, guidebook, textbook စတဲ့ လမ်းညွှန်စာအုပ်ပုံစံမျိုး မဟုတ်ပါဘူးခင်ဗျာ။ NinjaStrikers «» ၀၂:၄၀၊ ၂၈ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

ဟုတ်ကဲ့ပါ။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၂:၅၉၊ ၂၈ ဇွန် ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]