ဆွေးနွေးချက်:ဟွမ်ဖူးစေတီ

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီဆောင်းပါးက စကားလုံးတစ်လုံးနဲ့ ပတ်သက်ပြီး ကျွန်တော် နည်းနည်း ဆွေးနွေးချင် တယ်ဗျာ။ စေတီတော်သစ်ကို အခမ်းအနားနဲ့ ဖွင့်လှစ်ပွဲကို တက်ရောက်တဲ့သူ တွေထဲမှာ ကမ္ဘောဒီးယားဘုရင် တက်ရောက်တယ်လို့ ရေးထားတော့ လက်ရှိ ဘုရင် (သီဟာမိုးနိ)လား၊ နတ်ရွာစံသွားတဲ့ ခမည်းတော် နန်းစွန့်ဘုရင်ကြီး သီဟာနုလား ဆိုတာ သိချင်လို့ link ထဲ ဝင်ကြည့်လိုက်တော့ Cambodian King of the Monk Tep Vong လို့ တွေ့ရတယ်ဗျ။ သီတဂူဆရာတော်ကြီးက ထိုင်းသံဃရာဇာ ဆရာတော်ကြီး ဦးစီးကျင်းပတဲ့ အခမ်းအနားတစ်ခု တက် ရောက်ခဲ့တယ် ဆိုတဲ့ သတင်း အရင်တုန်းက ဖတ်ဖူးတယ်ဗျ။ ကျွန်တော်က တော့ အဲဒီ့စကားလုံးက “ကမ္ဘောဒီးယား သံဃရာဇာ ဆရာတော်ကြီးTep Vong ” လို့ ထင်တာပဲဗျာ။ ဒါနဲ့ မြန်မာဝီကီမှာ ဒီဆောင်းပါး ရှိလာတာ အရမ်းဝမ်းသာဖို့ကောင်းတယ်။ တခြားနိုင်ငံတွေက Buddhism နဲ့ သက် ဆိုင်တဲ့ စေတီ ပုထိုး ဘုရားကျောင်းကန်တွေအကြောင်းက မြန်မာဝီကီထဲမှာ လုံးဝရှိသင့်တယ်။ MoeZawSoe (ဆွေးနွေး) ၀၅:၂၄၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဗီယက်နမ်ကကောင် လာ Request လို့ပါ။ သူတို့စကားလုံးကို အသံမထွက်တတ်လို့။ Dr Lotus Black (ဆွေးနွေး) ၀၅:၃၉၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့။ ဗီယက်နမ်က တခြားစေတီပုထိုးတွေရော၊ တခြားနိုင်ငံတွေက စေတီပုထိုးတွေအကြောင်းရော မြန်မာဝီကီမှာ ရှိသင့်တာပါ။ သူ request လုပ် တာကိုလည်း ကျေးဇူးတင်သင့်တပေါ့။ ရှိသင့်တဲ့ page တစ်ခု တိုးပွားလာလို့။ MoeZawSoe (ဆွေးနွေး) ၀၅:၅၃၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ကျွန်တော် ဘာသာပြန်တာ လိုသွားတယ်ဗျို့။ ထောက်ပြပေးတာ ကျေးဇူးပါ။ NinjaStrikers «» ၁၅:၃၈၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]