ဆွေးနွေးချက်:သည်အမျိုးသမီး (ရုပ်ရှင်)

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

အချက်အလက်တွေ မစုံသေးဘူး။ ကျနော်စု နေပါတယ်။ စုစည်းပြီးသာ ရှိရင် ဖြည့်ပေးပါ။ ဟန်ဆန်း ၀၆:၀၉၊ ၉ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)

The Lady ကို = သည်အမျိုးသမီး(ရုပ်ရှင်) ထက် သူမ (ရုပ်ရှင်)ဟု ဖေါ်ပြထားပါသည်။ ဘယ်ဟာ ယူသင့်သည်ကို စဉ်းစားကြရအောင်....--Mayor mt ၁၁:၄၈၊ ၁၀ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)
အစ်ကို သူမနဲ့ အမျိုးသမီး ဆိုတဲ့ စကားက ကွာမယ်ထင်တယ်နော်။ သူတို့ဆီမှာလည်း she, lady ဆိုတာလည်း ကွာတယ်လေ။

သူမက မြန်မာမှာ အခုမှ သံုးလာတာလေ၊ အရင်က သူမကို သံုးချင်ရင် သူ(မ)ဆိုပြီး ရေးရတယ်လို့ ပြောတယ်။ ဝိုင်းစဉ်းစားကြတာပေါ့။ ဟန်ဆန်း ၁၀:၂၅၊ ၁၆ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)

ဒါရိုက် ဘာသာပြန်တာထက် တင်စားတာက ပိုကောင်းသလားလို့....--Mayor mt ၁၀:၃၆၊ ၁၆ ဇန်​န​ဝါ​ရီ​ ၂၀၁၂ (UTC)

ထိုအမျိုးသမီး(ရုပ်ရှင်) ဆိုရင်ရောဗျ..။ --Lagoonaing (talk) ၀၆:၂၇၊ ၁၈ ဧ​ပြီ​ ၂၀၁၂ (UTC)

တင်စားပြီးခေါ်မယ်ဆိုရင်တော့ အများကြီးလေ၊ မတင်စားပဲ လူတွေကိုယ့်ဟာကိုတွေးတာက ပိုကောင်းမယ်ထင်ပါတယ်..Hteink.min (talk) ၁၂:၁၅၊ ၂၅ ဧ​ပြီ​ ၂၀၁၂ (UTC)
အင်္ဂလိပ်စာက a, an , the စတဲ့ article တွေကို လှအောင် ဘာသာပြန်ဖို့တော်တော်မလွယ်လှပါဘူး.. တင်စားဖို့ဆိုရင်တော့ အဲဒိအကြံ မဆိုးဘူး .. a book , an orange, တို့ကျတော့ စာအုပ်တစ်အုပ် လိမ်မော်သီးတစ်လုံး ဆိုပြီးအဆင်ပြေပေမယ့် the apple ကိုကျတော့ ကိန်းဂဏန်းနဲ့တွဲလို့လည်းမရပြန်ပါဘူး.. ကျနော့အယူအဆကတော့ သည်အမျိုးသမီး ဆိုတာထက် အမျိုးသမီး(ရုပ်ရှင်) ဆိုရင် လုံလောက်ပြီလို့ ထင်တာပဲ . -- ဟူးအမ်အိုင် ၁:၁၅၊ ၂၆ ဧ​ပြီ​ ၂၀၁၂ (UTC)
Thumb up!--203.113.18.68 ၀၄:၃၇၊ ၂၈ ဧ​ပြီ​ ၂၀၁၂ (UTC)
အမျိုးသမီး(ရုပ်ရှင်)လို့ သုံးတာကိုတော့ သဘောတွေ့တယ်။ ဟန်ဆန်း ၀၇:၂၃၊ ၂၈ ဧ​ပြီ​ ၂၀၁၂ (UTC)
သည်ဆိုတာ .. မြန်မာလို ဒီ .. အနီးရှိမျက်မြင်တစ်စုံတစ်ရာကို ညွှန်းသော စကားလုံး။ ဤ။ ဒီ။ ဝီကီရှင်နယ်ရီကပြောတာပဲ.. Hteink.min (talk) ၁၂:၀၈၊ ၁၁ မေ​ ၂၀၁၂ (UTC)