ဆွေးနွေးချက်:ရဲသော် မသေ၊ သေသော် ငရဲမလား

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ရဲသော်မသေ သေသော် ငရဲမလား မဟုတ်ဘူးတဲ့

ရဲဘော်မသေ သေသော် ငရဲမလား တဲ့ အရင်က ကျနော်လည်း ရဲသော် မသေလို့ ထင်ထားခဲ့တာ။

ဘယ်ဟာက အမှန်အကန်ပါလိမ့်။--ဆန်လုံးတီး (ဆွေးနွေး) ၁၀:၂၄၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]

မြန်မာစာနှင့်ဘာသာစကား ပညာရေးဦးစီးဌာန က ထုတ်တဲ့ မြန်မာဆိုရိုးစကားစာအုပ် စာမျက်နှာ ၁၉၆ မှာ ရဲသော်မသေ လို့ ဖော်ပြထားပါတယ်။ ကိုးကားစာကြောင်းအနေနဲ့ ရဲသော်မသေ၊ ဆိပ်အန်မြွေသို့၊ သေလတ်တုံငြား၊ မျောက်နှစ်ပါးသို့၊ မလားငရဲ၊ ကောင်းရာမြဲလိမ့်။ ဆိုပြီး မုံရွေးဆရာတော်ရဲ့ ပဉ္စာဝုဓပျို့ ကို ညွှန်းထားပါတယ်။ NinjaStrikers «» ၁၀:၄၅၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
ရဲသော်မသေ သေသော် ငရဲမလား က ဆိုရိုး၊ ရဲဘော်မသေ သေသော် ငရဲမလား က ဆိုရိုးကို အခြေခံထားတဲ့ ဆောင်ပုဒ်၊ အဲသလို ဖြစ်ပါလိမ့်မယ်။ NinjaStrikers «» ၁၅:၁၀၊ ၁၃ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]
အင်း ဟုတ်တုတ်တုတ်ပါပဲ --ဆန်လုံးတီး (ဆွေးနွေး) ၀၈:၅၃၊ ၃၀ စက်တင်ဘာ ၂၀၁၇ (UTC)[အကြောင်းပြန်ရန်]