ဆွေးနွေးချက်:ပြင်စည်မင်းသား

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ပြင်စည်မင်းသားဆောင်းပါးက မင်းသားသုံးပါးအကြောင်း ရောထွေးနေပါတယ်။ ကုန်းဘောင်ခေတ်မှာ ပြင်စည်မင်းသားငါးပါးထွန်းကားခဲ့တယ်လို့ မောင်သန်းဆွေ(ထားဝယ်)ရဲ့ကုန်းဘောင်ရှင်းတမ်းစာအုပ်မှာ ရေးထားပါတယ်။ လက်ရှိ ပြင်စည်မင်းသားဆောင်းပါးမှာ အပေါ်စာပိုဒ်က ငါးဦးမြောက်ပြင်စည်မင်းသား (မင်းတုန်းမင်းရဲ့သားတော်)အကြောင်း ဖြစ်ပါတယ်။ အောက်က သီကုံးခဲ့တဲ့သီချင်းများအကြောင်းအရာက တော့ အပေါ်ကပြင်စည်မင်းသားနဲ့မဆိုင်တဲ့ တခြားပြင်စည်မင်းသားနှစ်ပါး သီကုံးခဲ့တဲ့သီချင်းတွေ ဖြစ်နေပါတယ်။ ပြင်စည်မင်းသားငါးပါးထဲမှာ သုံးပါးက စာဆိုတော်တွေ မဟုတ်ပါဘူး။ စာဆိုတော် ပြင်စည်မင်း သား၂ပါးက ပြင်စည်မင်းသား ၂ နဲ့ ၄ပါ။ သီကုံးခဲ့တဲ့သီချင်းများမှာပါတဲ့ သီချင်းတွေက မောင်နဂါးနဲ့ ထိပ်တင်ပုတို့ သီကုံးခဲ့တာပါ။ သံတူကြောင်းကွဲစာမျက်နှာ ပြုလုပ်ဖို့အတွက်ရယ်၊ ဒီဆောင်းပါးကို ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတာကို အကြံဉာဏ်ပေးကြပါ။ MoeZawSoe (ဆွေးနွေး) ၁၄:၃၇၊ ၂ ဇန်နဝါရီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

ပြင်စည်မင်းသား (သံတူကြောင်းကွဲ) ကို ဖန်တီးထားပါတယ်။ လက်ရှိ ပြင်စည်မင်းသား ဆောင်းပါးထဲက အကြောင်းအရာတွေကို မှန်ကန်ဆီလျော်တဲ့ ဆောင်းပါးတွေဆီ ရွှေ့ပြီးရင် စာမျက်နှာကို ပြင်စည်မင်းသား (သံတူကြောင်းကွဲ)ဆီကို ပြန်ညွှန်းလိုက်ရင် အဆင်ပြေပါတယ်။ NinjaStrikers «» ၀၃:၅၀၊ ၃ ဇန်နဝါရီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

အချက်အလက်တွေကို သက်ဆိုင်ရာမင်းသားရဲ့အကြောင်းအရာဆီ ကူးထည့်ပြီးသွားပြီ။ အတော်များများက နဂို ကတည်းက အကြောင်းအရာမှာ ပါပြီးသားဖြစ်နေလို့ ထပ်ပြီးကူးထည့်စရာ မလိုတော့ဘူး။ ဒါကြောင့် စာမျက်နှာ ကို ပြင်စည်မင်းသား(သံတူကြောင်းကွဲ) ဆီကို ပြန်ညွှန်းလိုက်ပါပြီ။MoeZawSoe (ဆွေးနွေး) ၁၃:၀၆၊ ၄ ဇန်နဝါရီ ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]