ဆွေးနွေးချက်:ဒြပ်ကွယ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ
(ဆွေးနွေးချက်:ဒြပ်မှောင် မှ ပြန်ညွှန်းထားသည်)

မြန်မာပြန်အမည် ရှင်းလင်းချက်[ပြင်ဆင်ရန်]

ရူပဗေဒ တွက်ချက်မှုများအရ စင်စစ်တည်ရှိကြောင်း သိနိုင်သော်လည်း၊ သာမန်မျက်စိဖြင့်လည်းကောင်း၊ လက်ရှိလူ့နည်းပညာတို့ဖြင့်လည်းကောင်း သိသာထင်ရှားစွာ ထောက်လှမ်းပြသ၍ မရနိုင်သေးသော၊ လူတို့အာရုံအပေါင်းမှ ကွယ်ဝှက်နေသည့် ဓာတ်ဖြစ်သောကြောင့် ဒြပ်ကွယ် ဟု သမုတ်အပ်သည်။ ကိုယ်ပျောက်ဒြပ်ဆန်း ဟုလည်း ခေါ်ဆိုနိုင်သည်။

ယခင်ကမူ Dark Matter ကို ဒြပ်မှောင်မဟူရာဒြပ်မည်းမှောင်ဒြပ် စသည်ဖြင့် တိုက်ရိုက်မြန်မာပြန်ဆိုခဲ့ကြသည်။ ထိုသို့ ပြန်ဆိုရာ၌ မြန်မာစကားပြောသူအများစုက ဖတ်ရှုမိလျှင် အမှန်တကယ် အမည်းရောင်ဓာတ်လိုလို၊ အမှောင်ထု၏ စွမ်းအင်လိုလို လွန်စွာ ထင်မှတ်မှားတတ်ကြလေသည်။ ထို့ကြောင့် ဝိဇ္ဇာအသိပညာတိုးတက်လာသော ခေတ်နှင့် လျော်ညီစွာ တိုတုတ်ရှင်းလင်းစွာ ဒြပ်ကွယ်ဟု ပြန်ဆိုအသုံးပြုစေလိုခြင်းဖြစ်သည်။ — Cepyita (ဆွေးနွေးပံ့ပိုး) ၏ လက်မှတ်မရေးထိုးထားသော ဆွေးနွေးချက်။ ၁၂:၅၆၊ ၂၂ ဩဂုတ် ၂၀၂၃‎