ဆွေးနွေးချက်:စိန့်ပေါလ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ခရစ်၏ တရားတော်ကို မြတ်နိုးစွာ လိုက်နာကျင့်သုံး၍ ပထမဦးစွာ ခရစ်ယန်သာသနာကိုပြုသော ပုဂ္ဂိုလ်ကား သူတော် စင် စိန်ပေါ (ရှင်ပေါလု)ပင်ဖြစ်သည်။ ခရစ်ယန်သာသနာတွင် စိန်ပေါသည် အလေးအမြတ်ပြုခြင်းအခံရဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ မူလနာမည်မှာ ဆော(ရှောလု) ဖြစ်၍၊ ပေါ(ပေါလု) ဟူသောအမည်မှာ ခရစ်ယန်ဘဝသို့ ကူးပြောင်းပြီးမှခေါ်တွင် သော အမည်ဖြစ်သည်။ ပေါသည် ရောမနိုင်ငံသားတစ်ဦး ဖြစ် သော်လည်း မိဘမျိုးရိုးမှာ ဗီဗြူမျိုးရိုးဖြစ်၏။ ပေါသည် ယဟူဒီ ထုံးစံဓလေ့အတိုင်း ကြီးပြင်းခဲ့ရသည်။ မိဘတို့သည် သူ့အား ဂျရူးဆလမ်း(ယေရုရှလင်)မြို့တွင် ထင်ရှားကျော်ကြားသော ယဟူဒီ တရားဟောဆရာများထံတွင် ငယ်ရွယ်စဉ်ကပင် အပ်နှံထားလေသည်။ ထို့ကြောင့် ယဟူဒီတို့၏ ထုံးတမ်းစဉ်လာ အယူဝါဒတို့ကို စွဲမြဲစွာ ယုံကြည်သည်။

ပေါသည် ဦးစွာ ခရစ်ယန်အယူဝါဒကို အလွန်မုန်းတီး၍ ခရစ်ယန်များအားစော်ကားခဲ့၏။ သတ်ဖြတ် ဖျက်ဆီးခဲ့၏။ သို့ရာတွင် တစ်နေ့သောအခါ ပေါသည် ဒမက်စကပ် (ဒမာ သက်) မြို့၌ရှိသော ခရစ်တော်၏ တပည့်များကို ဖမ်းဆီးချုပ် နှောင်ရန် ထိုမြို့သို့ထွက်ခွာလာခဲ့ရာ၊ လမ်းခုလတ်တွင်ကောင်း ကင်မှ အလင်း ရောင်ခြည်သည် သူ၏ပတ်ဝန်းကျင်သို့ ရုပ်ခနဲ ကျရောက်လာ၏။ သူသည်လည်း မြေပေါ်သို့လဲကျလေသည်။ ထိုအခါ ကောင်းကင်မှ သူ၏အမည်ကို ခေါ်သံကြားရသဖြင့် မည်သူခေါ်ကြောင်း ပြန်၍မေးသည်ဟု ဆိုသည်။ တစ်ဖန် ကောင်းကင်က 'ငါကား သင်ည|ဉ်းဆဲသော ယေရှုဖြစ်သည်' ဟု အသံကိုကြားရလေသည်။ ခရစ်ယန်တို့၏ ဓမ္မသစ်ကျမ်းစာ၌ ပေါသည် ထိုအချိန်မှစ၍ ခရစ်ယန်အယူဝါဒသို့ ကူးပြောင်းလာ ခဲ့လေသည်။

ထိုကဲ့သို့ ပေါ အယူဝါဒပြောင်းသွားခြင်းကို ယဟူဒီများ ကလည်း မယုံကြည်နိုင်ကြချေ။ ခရစ်ယန်များကလည်း သူလျှို လုပ်ရန်ဟန်ဆောင်သည်ဟူ၍သာ ထင်မှတ်ကြသည်။ ထိုကြောင့် ပေါသည် ဂျရူးဆလမ်း မြို့မှ နေရင်ဇာတိ၊ တာဆပ်(တာရှု)မြို့ သို့ ပြန်သွားကာ ဆိတ်ငြိမ်စွာ တရားအားထုတ်လေသည်။ ထိုစဉ်အခါက ပေါမှာ အသက် ၃၂ နှစ်ရှိပြီဖြစ်သည်။ ထို့ နောက်တွင် အာရှမိုင်းနားနှင့် ဂရိပြည်နယ်များသို့ သုံးကြိမ်မျှ ခရီးထွက်လည့်လည်၍ သာသနာပြုရာ၌ ဆင်းရဲဒုက္ခ များစွာခံရ လေ၏။ ဤသို့သုံးကြိမ်မျှ ခရီးထွက်၍ သာသနာပြုခြင်းများ ကား၊ ခရစ်ယန်သာသနာတွင် မော်ကွန်းတင်ရသော သာသနာ ပြုခြင်းများဖြစ်သည်။ ပေါသည် မြို့များစွာတွင် ခရစ်ယန် အသင်းတော်များကို တည်ထောင်၍၊ လူပေါင်းမြောက်များစွာကို ခရစ်ယန်သာသနာအတွင်းသို့ သွတ်သွင်းနိုင်ခဲ့လေသည်။


သာသနာပြုရေးနှင့်စပ်လျဉ်း၍ ရှေးရိုးအစဉ်အလာကိုမြတ် နိုးသူ ယဟူဒီခရစ်ယန်များက ပေါ၏ ဆောင်ရွက်ပုံများကို သဘောမကျပေ။ ထို့ကြောင့် သုံးကြိမ်တိုင်တိုင် ခရီးထွက်သာသ နာပြု၍၊ အက်ဖဆပ် (ဧဖက်)မြို့တွင် သာသနာရေးဗဟိုဌာန ပြု လုပ်ပြီးနောက် ဂျရူးဆလမ်းမြို့သို့ ပြန်လာသောအခါ ယဟူဒီ များသည် ပေါအားဖမ်းဆီး၍ အကျဉ်းချထားကြသည်။ ထောင် ထဲ၌နေစဉ်ပင် ပေါသည် မိတ်ဆွေများနှင့် ခရစ်ယန်အသင်း တော်များသို့ ဩဝါဒစာများရေးသားပေးပို့သည်။ ထောင်တွင်းမှ ရေးသော ဩဝါဒစာများနှင့် အခြားဩဝါဒစာများကို စုပေါင်းပြီး လျှင် 'ပေါ၏ ဩဝါဒစာများ'ဟူ၍ ခရစ်ယန်ဓမ္မသစ်ကျမ်းတွင် တစ်ခန်းတစ်နားဖော်ပြထားသည်ကို တွေ့ရသည်။

ထောင်သွင်းအကျဉ်းခံနေရာမှ ပေါသည်ဆီဇာဧကရာဇ် ဘုရင်ထံသို့ ရောမနိုင်ငံသားတစ်ဦးအဖြစ်ဖြင့် အယူခံဝင်သေး သည်။ သို့ရာတွင် သူ့အားရောမမြို့သို့ပို့၍ နှစ်နှစ်တိုင်တိုင် ဆက်လက်အကျဉ်းချထားသည်။ ထို့နောက်ခေတ္တစ်လွှတ်ပြီးလျှင် တစ်ဖန် ပြန်ဖမ်းကာ၊ ရောမဘုရင် နီးရိုးလက်ထက်၌၊ ခေါင်း ဖြတ်၍ အသတ်ခံရသည်ဟု အဆိုရှိသည်။ စိန်ပေါသည် ခရစ် ယာန်သာသနာကို တစ်ကမ္ဘာလုံးပျံ့နှံ့စေရန် ကြိုးပမ်းခဲ့သူ ဖြစ်သောကြောင့် ခရစ်ယန်သာသနာတွင် အလေးအမြတ်ပြုခြင်း ခံရသော သူတော်စင်ကြီးဖြစ်လေသည် @=={Lionslayer> ၁၇:၂၀၊ ၁ ဇူလိုင် ၂၀၁၁ (UTC) [အကြောင်းပြန်ရန်]