ဆွေးနွေးချက်:ကျိုင်းရုံးကြီးနယ်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ဒီ ကျိုင်းရုံးကြီးနယ်က အခုအချိန်မှာ မြန်မာ့ပိုင်နက် မဟုတ်တော့ဘဲ တရုတ်ပြည်၊ ယူနန်ပြည်နယ်ရဲ့ စစ်ဆောင်ပန္နားနယ် ဖြစ်နေပြီ။ အာသံတို့၊ မဏိပူရတို့၊ ချင်းမိုင် (ဇင်းမယ်) တို့လို တစ်ချိန်တုန်းက (မြန်မာဘုရင်တွေ လက်ထက်တုန်းက) မြန်မာ့ဩဇာသက်ရောက်ခဲ့တဲ့နယ် ဖြစ်ခဲ့ပြီး အခုအချိန် မှာ တခြားတိုင်းပြည်ရဲ့ အစိတ်အပိုင်းဖြစ်နေပါပြီ။ အဲဒါကြောင့်ဒီ ဆောင်းပါးကို ကဏ္ဍခွဲတာက မြန်မာနိုင်ငံရဲ့ ပထဝီဝင်တို့၊ ရှမ်းပြည်နယ်တို့လို ခွဲတာက လွဲနေ တယ်လို့ ကျွန်တော် ထင်တယ်ဗျ။ တရုတ်ပြည်ရဲ့ ပထဝီဝင်၊ ယူနန်ပြည် နယ် လို့ ခွဲတာက မှ မှန်မယ်ထင်တယ်။ ပြီးတော့ ဒီစာမျက်နှာကို “စစ်ဆောင်ပန္နား” နဲ့ Merge လုပ်သင့်တယ်လို့ ထင် တယ်။ နောက်ပြီး “လူးတစ်ဆယ့်နှစ်ပန္နား” ဆိုတဲ့ စာမျက်နှာလည်း မြန်မာဝီကီ မှာ တွေ့ဖူးသလိုပဲ။ တကယ်လို့ အဲဒီ့စာမျက်နှာ ရှိတယ်ဆိုရင် အဲဒါကိုလည်း စစ်ဆောင်ပန္နား၊ ကျိုင်းရုံးကြီးနယ်တို့နဲ့ merge လုပ်သင့်တယ် လို့ ထင်တယ်။ MoeZawSoe (ဆွေးနွေး) ၁၆:၁၅၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

အေးဗျာ။ En.wiki ဘက်ဝင်ကြည့်တော့ မြန်မာအကြောင်းတောင် မပါဘူး။ ဒီတော့ ထုံးစံအတိုင်း Ninjastriker ကိုပြင်ခိုင်းရမယ်။ :3 Dr Lotus Black (ဆွေးနွေး) ၁၆:၂၄၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ဒီဆောင်းပါးက အရင်တုန်းကရှိတဲ့ နေရာဒေသ ရှမ်းပဒေသရာဇ်နယ်များ ထဲမှာ အပါအဝင်ဆိုတော့ လောလောဆယ် ထည့်ထားတဲ့ ကဏ္ဍတွေထက်စာရင် အင်္ဂလိပ် ဝီကီဖက်က en:Category:Shan States လို ကဏ္ဍတစ်ခု ဖွင့်ပြီး ထည့်ထားသင့်တာပါ။ Category:ရှမ်းပြည်နယ် ထဲမှာ အဲလို ရှမ်းနယ်ဆောင်းပါးတွေ ရှိသေးတယ်။ merge လုပ်တာထက် ဒီအတိုင်းကိုပဲထားပြီး ကဏ္ဍသီးသန့်ထားတာပဲ ကောင်းမလားလို့။ နောက်ပြီး interwiki ကို အခုခေတ်မြို့ Jinghong နဲ့ မချိတ်ဆက်တာထက် အရင် နယ်အဟောင်းအမည်ပဲ ချိတ်ဆက်သင့်တယ်လို့ ထင်ပါတယ်။ NinjaStrikers «» ၁၆:၃၄၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

အဲဒီ့နယ်အကြောင်းက “ခေတ်မြန်မာတည်ဟန်” ဆိုတဲ့ စာအုပ်ထဲမှာ ပါဖူး တယ် ထင်တာပဲ။ မူရင်းစာရေးတဲ့သူက မြန်မာတွေအပေါ် အလွန် အကောင်းမြင်တဲ့ အင်္ဂလိပ်စာရေးဆရာမကြီး (နာမည်တော့ ကျွန်တော် မေ့ နေပီ)။ MoeZawSoe (ဆွေးနွေး) ၁၆:၃၉၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

အဲဒီ့လို ရှမ်းပဒေသရာဇ်နယ်များ လို့ ထည့်တာလည်း ကောင်းပါတယ်ဗျ။ နောက်တစ်ဆင့်မှာတော့ ယခင်ကရှိခဲ့ဖူးတဲ့နယ်မြေများ ဆိုပြီး ဖြစ်မယ်ထင် တယ်။ MoeZawSoe (ဆွေးနွေး) ၁၆:၄၃၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

စစ်ဆောင်ပန္နားနဲ့ ကျိုင်းရုံးကြီးနယ်ကို ဒီနေ့မှ ကျွန်တော် interwiki ချိတ်လိုက်တာပါ။ Enwiki က Bayinnaung article မှာ သုံးထားတာကို ကြည့်ပြီး ချိတ်ထားတာပါ။ အဆင်မပြေရင် ပြန်ဖြုတ်လိုက်လို့ရပါတယ်။ Chiang Hung ဆိုပိုကောင်းမယ် ထင်တယ်။ဖြိုးWP (ဆွေးနွေးရန်) ၁၇:၁၉၊ ၂၄ ဇန်နဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]