ဆွေးနွေးချက်:ကင်အီဆွန်း

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ကင်အီဆွန်းအကြောင်း မြှောက်ပင့်ရေးထားတာတွေ ဖြစ်နေလို့ တတ်နိုင်သလောက် မျက်စေ့စပါးမွှေးမစူးအောင် လိုက်ပြင်ပေးထားတယ်။ ကိုရီးယားစစ်ပွဲအပြီး အာဏာရှင်ဖြစ်လာပုံကို ဆက်ဖြည့်ရေးပေးပါဦး။ Lionslayer ၁၈:၃၉၊ ၅ ဒီ​ဇင်​ဘာ​ ၂၀၁၀ (UTC)

အမည်နာမ[ပြင်ဆင်ရန်]

ကင် မဟုတ်ပါ၊ 김(ㄱ(ဂ) ㅣ(ီ) ㅁ(မ်)) ကြောင့်မို့ အနည်းဆုံးတော့ ဂင်လို့ ပြောင်းချင်ပါတယ်၊ ပြီးတော့ 일(ㅇ(အ) ㅣ(ီ) ㄹ(လ်)) မို့လို့ အီလ်၊ 성 (ㅅ(ဆ) ㅓ(ော) ㅇ(င်)) မို့ ဆောင်း၊ ဂင်အီလ်ဆောင်းလို့ ပြောင်းချင်ပါတယ် 주석훈 (ဆွေးနွေး) ၀၅:၃၁၊ ၁၇ မေ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]

ဂင်အီလ်ဆောင်း ကို ပြန်ညွှန်းအနေနဲ့ပဲ ထားတာပိုကောင်းမယ် ထင်ပါတယ်။ ကင်အီဆွန်း အသုံးက ပိုများသလို သုံးလေ့ရှိတဲ့အမည်လို့တောင် ပြောလို့ရပါတယ်။ (ကင်အီဆွန်းနှင့် ဆိုရှယ်လစ်ကိုရီးယား (စာအုပ်), ကင်အီဆွန်း လို့ အသုံးပြုထားတဲ့ မီဒီယာများ (MDN, BBC, ဆင်ဟွာ, မဇ္ဈိမ, Eleven, ဧရာဝတီ, DVB, VOA) NinjaStrikers «» ၀၉:၀၅၊ ၁၇ မေ ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ပါ
ဒါပေမယ့် အဲ့ဒီစာအုပ်တွေ ရေးသူတွေ မီဒီယာသတင်းထောက်တွေ၊ အဲ့ နာမည်သုံးတဲ့သူ တွေက ကိုရီးယားဘာသာစကားကို သိပ် မကျွမ်းကျင်လို့ ထင်ပါတယ်၊ အင်္ဂလိပ်လို Kim Il-Sung ကိုပဲ ကြည့်ပြီး ပြန်လိုက်တာ ဖြစ်မယ်လို့ ထင်ပါတယ်ခင်ဗျ။ 주석훈 (ဆွေးနွေး) ၁၀:၄၁၊ ၈ ဇွန် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]
နဝမတန်း သင်ရိုးသစ် သမိုင်းမှာလည်း ကင်အီစွန်း လို့တွေ့ရပါတယ် ခင်ဗျ။ 주석훈 (ဆွေးနွေး) ၁၅:၃၉၊ ၁၃ ဇွန် ၂၀၂၃ (UTC)[အကြောင်းပြန်ရန်]