Saab Jas 39 Gripen
Saab JAS 39 Gripen | |
---|---|
| |
အမျိုးအစား | ဘက်စုံသုံး တိုက်လေယာဉ် |
ထုတ်လုပ်သူ | Saab AB/Saab Group |
ပထမဦးဆုံးခရီးစဉ် | ဒီဇင်ဘာလ၊ ၉ရက်၊ ၁၉၈၈ခုနှစ် |
စတင်ပျံသန်းခြင်း | ၁၊ နိုဝင်ဘာ၊ ၁၉၉၇ |
အဓိကအသုံးပြုသူ | Swedish Air Force, South African Air Force, Czech Air Force, Hungarian Air Force |
ထုတ်လုပ်သည့်အချိန် | ၁၉၈၇- ယနေ့ |
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် | ၂၃၅ စင်း |
တစ်စီးချင်း၏တန်ဖိုး | US$ 40–60 million |
Saab JAS 39 Gripen သည် စတုတ္ထမျိုးဆက် တိုက်လေယာဉ်တစ်မျိုးဖြစ်သည်။ ထိုလေယာဉ်ကို ဆွီဒင် လေကြောင်းကုမ္ပဏီမှတည်ဆောက်ခဲ့ပြီး ဆွီဒင်လေတပ်တွင်အသုံးပြုသည်။ ဆွီဒင်ကာကွယ်ရေးဝန်ကြီးဌာန၏ တိုက်လေယာဉ်သစ်တည်ဆောက်ရေးအတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး ဆွီဒင် ပါလီမန်က ၁၉၈၂ ခုနှစ်က အတည်ပြုပေးခဲ့သည်။
ဂရစ်ပင် သည် တိုက်လေယာဉ်၊ တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးတာဝန်များကို ပျံသန်းချိန်အတွင်းပြောင်းလဲအသုံးပြုနိုင်သော ပထမဦးဆုံးသော ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ်တစ်စင်းဖြစ်သည်။ အမဲလိုက်ခြင်း ဟူသောအဓိပ္ပါယ်ဖြင့် လေကြောင်း ပစ်မှတ်များ၊ တိုက်ခိုက်ခြင်းဟူသောအဓိပ္ပါယ်ဖြင့် မြေပြင်နှင့် ရေပြင်ပစ်မှတ်များ၊ ထောက်လှမ်းရေးဟူသော အဓိပ္ပါယ်ဖြင့် ဓာတ်ပုံနှင့် ရုပ်သံများရယူခြင်း စသည်တို့ကို စွမ်းဆောင်ပေးနိုင်သည့် Gripen ဟူသောအမည်ကို ၁၉၈၀ ခုနှစ်အစောပိုင်းကပင် သတ်မှတ်ထားခဲ့သည်။
ထိုတိုက်ခိုက်ရေးယာဉ်တွင် ပါဝင်သည် ဖွဲ့စည်းပုံများကို ဆွီဒင်လေတပ်တွင် နှစ်ပေါင်းများစွာတည်ရှိခဲ့ပြီးဖြစ်သည်။ များမကြာမီဆွီဒင်အစိုးရ၏ ဆုံးဖြတ်ချက်များက ဂရစ်ပင် အီး (Gripen E)အတွက် နောက်ဆုံးပေါ် စနစ်များ ဆည်းပူးစေပြီး ဖေဖော်ဝါရီတွင် Saab ကုမ္ပဏီသည် အစိုးရကာကွယ်ရေးပစ္စည်းအဖွဲ့နှင့် ဂရစ်ပင် အီး တိုးတက်ရေးနှင့် ပြုပြင်မွမ်းမံခြင်းသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။