Rဇာနည်
| R ဇာနည် | |
|---|---|
| အမည်ရင်း | ဇာနည်မျိုးညွန့် |
| မွေးဖွား | ၆ ဖေဖော်ဝါရီ၊ ၁၉၇၈ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| အလုပ်အကိုင် | အဆိုတော် |
| တူရိယာ | ဂစ်တာ |
| တက်ကြွသည့်နှစ်များ | ၂၀၀၀ – present |
R ဇာနည် သည် မြန်မာအမျိုးသား အဆိုတော်တစ်ဦး ဖြစ်သည်။ ၁၉၇၈-ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ရန်ကုန်၌ မွေးဖွားသည်။ အမည်ရင်းမှာ ဇာနည်မျိုးညွန့် ဖြစ်သည်။ ပညာအရည်အချင်းမှာ ဆယ်တန်းဖြစ်သည်။
လေဆိပ်တွင် အလုပ်လုပ်ဖူးသည်။ နောက် သင်္ဘောလိုက်ရန် လုပ်ရင်းနှင့် အဆိုတော်ဖြစ်သွားသည်။ လက်ဦးဆရာမှာ ဂီတမှူး ကိုသန်းဌေး(တာမွေ) ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ Rဇာနည်၊ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် R ဇာနည်သည် ACID အဖွဲ့မှ ခွဲထွက်ကာ တစ်ကိုယ်တော် အဆိုတော်အဖြစ်ရပ်တည်ခဲ့၏။
R ဇာနည်သည် အဆိုတော်အဖြစ် နာမည်မရခင်ကတည်းက အိမ်ထောင်ရှိသည်။ ဇနီးသည်အမည်မှာ ဝမ်း ဖြစ်သည်။
သီဆိုခဲ့သော တေးစီးရီး
[ပြင်ဆင်ရန်]- ငါ့ကိုချစ်တဲ့သူ (၂၀၀၁)
- စည်းတစ်ဖက်ခြား (၂၀၀၄)
- အဆိပ်တက် အိပ်မက် (၂၀၁၀)
- လမင်းသို့ (Rဇာနည် + မီးမီးခဲ)
- အချစ်ရဲ့ဆု (Rဇာနည် + တင်ဇာမော်)
- ကမ္ဘာသား (၂၀၁၆)
- Old Skool (၂၀၂၁)