မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ

ဝီကီပီးဒီးယား မှ

Selected articles[ပြင်ဆင်ရန်]

The selected are what we believe to be the best articles in Wikipedia related to technology.

Usage[ပြင်ဆင်ရန်]

  1. Add a new selected article to the next available subpage.
  2. Update "max=" to new total for its {{ Random portal component }} on the main page.

Selected articles list[ပြင်ဆင်ရန်]

35 mm film[ပြင်ဆင်ရန်]

ကေဆွန်
မြစ်ကူး ချောင်းကူး တံတား ကြီးများ ကို ဆောက်လုပ်ရာ၌ တံတား အုတ်တိုင်ကျောက်တိုင်ကြီးများ ကို ရေပြင်အောက် မြေကြီးထဲသို့ အတော်နက်အောင် စိုက်၍ ဆောက်လုပ် ထားရလေသည်။ ယင်းသို့ ရေပြင်အောက်ရှိ မြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူရန်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။ အလုပ်သမားများသည် ရေအောက် မြေကြီးထဲတွင် အုတ်မြစ်ချ၍ တိုင်စိုက်ထူ နိုင်အောင် ကေဆွန်ခေါ် ရေလုံသေတ္တာများ သို့မဟုတ် ပြွန်ခေါင်းများ ထိုးချပြီးသော် ထိုပြွန်ခေါင်းထဲ တွင် ဝင်ရောက် လုပ်ကိုင်မှ ဖြစ်နိုင်ပေသည်။

ရှေးအခါက ရေထဲ၌ တိုင်စိုက်လိုသည့်အခါတွင် သစ်သား မြေစေးတို့ဖြင့် ရေကာရိုင်ပတ် ပြုလုပ်၍ ရေထုတ်ပြီးမှ တိုင် စိုက်ထူလေ့ရှိသည်။ ယခုအခါတွင်လည်း ထိုနည်းအတိုင်း လိုက်နာနေကြ ပေသေးသည်။ သို့သော် ရေနက်လျှင် သာမန် ရေကာရိုင်ပတ်ဖြင့် တိုင်စိုက်ထူရန် မဖြစ်နိုင်သောကြောင့် ကေဆွန် ခေါ် ပြွန်ခေါင်းများကို အသုံးပြုရလေသည်။ ထိုသို့ အသုံးပြုသော ကေဆွန်များမှာ အများအားဖြင့် လေအားသုံးကေဆွန်များ ဖြစ်သည်။ အလုပ်သမားများ ဆင်း၍ အလုပ်လုပ်နေသော အောက်ဆုံး အဖျားပိုင်းသည် အောက်ပိတ် မရှိဘဲ သဲထဲရွှံ့ထဲသို့ ထိုးစိုက် စူးဝင်နိုင်ရန်အတွက် ချွန်ထက်ရ၏။ ဤသို့ဖြင့် ကေဆွန်ကို တဖြည်းဖြည်း မြေမာ သို့မဟုတ် အောက်ခံ ကျောက်ပျဉ်ထိအောင် ထိုးစိုက်နိုင်သည်။ ကေဆွန် အတွင်းရှိ မြေများ သဲများ စသည်တို့ကို တူးခြစ်ပြီးသော် ကွန်ကရစ် လောင်းထည့်ပေးခြင်းဖြင့် တံတားတိုင်ကြီးများကို အုတ်မြစ်ချ စိုက်ထူနိုင်ခဲ့လေသည်။

သို့သော် ဤသို့ ရေအောက်မြေထဲတွင် အလုပ်လုပ်ကိုင်ရသည် မှာ လွယ်ကူသည်မဟုတ်ပေ။ ကေဆွန်၏အောက်ဆုံး အကန့်တွင် အလုပ်သမားများ မြေကြီးကို တူးခြစ် ထုတ်ပစ်နေဆဲမှာပင် ထို

အကန့်အထက်ရှိ အပိုင်းတွင် ကွန်ကရစ် လောင်းထည့်ပေးရသည်။

Nuclear weapon[ပြင်ဆင်ရန်]

မိုးကြိုးပစ်ခြင်း
လျှပ်စစ်ဓာတ်အား (ဝါ) လျှပ်စစ်စွမ်းအင် (Electricity) သည် ပွတ်တိုက်မှုအားကြောင့် သော်လည်းကောင်း၊ လျှပ်စစ်သံလိုက် ညှို့ခြင်းကြောင့် သော်လည်းကောင်း၊ အခြား စွမ်းအင်တစ်ခုခုမှ အသွင်ပြောင်း၍ သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပါသည်။ လျှပ်စစ်နှင့် သက်ဆိုင်သော ဖြစ်စဉ်များကို ရှေးပဝေသဏီမှ စတင်ကာ လေ့လာခဲ့ကြ သော်လည်း ၁၇ရာစု နှင့် ၁၈ရာစု လောက်မှသာ သိပ္ပံနည်းကျ ဖြေရှင်းနိုင်ခဲ့ပါသည်။ လက်တွေ့ အသုံးချ လျှပ်စစ်ဓာတ်အားကိုမူ ၁၉ရာစု နှောင်းပိုင်းတွင်မှ ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိခဲ့ကာ လူနေအိမ်နှင့် စက်မှုလုပ်ငန်းများတွင်အသုံးပြုခဲ့ကြပါသည်။ တစ်ဟုန်ထိုး တိုးတက်ခဲ့သော လျှပ်စစ်နှင့်သက်ဆိုင်သည့် နည်းပညာများကြောင့် လူအဖွဲ့အစည်းများ၏ လူနေမှုအဆင့်အတန်းများနှင့် စက်မှုလုပ်ငန်းများလည်း များစွာ ဖွံဖြိုးတိုးတက်ခဲ့ပါသည်။ယနေ့တွင်တော့ လျှပ်စစ်စွမ်းအားသည် ကျွန်ုပ်တို့ နေ့စဉ် ရှင်သန် နေထိုင်ရာဘဝတွင် လွန်စွာ အဓိကကျသော အခန်းမှ ပါဝင်နေပါသည်။

Rocket[ပြင်ဆင်ရန်]

အရစ္စတိုတယ်(ဘီစီ ၃၈၄-၃၂၂)
ဂရိလူမျိုး အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။

အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။ [၁]

ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင် ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။

ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။

ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒဇီဝဗေဒသတ္တဗေဒပထဝီဝင်ရူပဗေဒခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။

Laser[ပြင်ဆင်ရန်]

မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ/4

Interstellar travel[ပြင်ဆင်ရန်]

မုခ်ဝ:နည်းပညာ/အထူးဆောင်းပါးများ/5