Portal:နည်းပညာ
နည်းပညာ စာကြည့်တိုက် တံခါးပေါက်ဝ
နည်းပညာ ဆိုသည်မှာ သိပ္ပံ နှင့် အင်ဂျင်နီယာ ဘာသာတို့ကို လူသား နှင့် လူသားတို့ အကျိုးအတွက် အသုံးချခြင်းပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော်က လူတို့၏ ဘိုးဘေးများသည် ကျောက်ဖြင့် ပြုလုပ်ထားသော ကိရိယာများကို အသုံးပြုခဲ့ကြသည်မှာ နည်းပညာ၏ အစောဆုံး ဥပမာ တစ်ရပ်ပင် ဖြစ်သည်။ အခြားသော အစောပိုင်း ဥပမာများမှာ မီးအသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အဝတ်အထည်များကို အသုံးပြုခြင်းနှင့် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်းတို့ပင်ဖြစ်သည်။ ထိုနည်းပညာများနှင့် အခြားနည်းပညာများမှာ လူတို့ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်ယှက်နွယ်နေကြပုံကို များစွာ အထောက်အကူ ပြုပေသည်။ နည်းပညာ တိုးတက်မှုအများစုမှာ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်နေပြီး အစောဆုံး ဥပမာ အချို့မှာ ပင်လယ်တွင်း သွားနိုင်သော လှေများနှင့် ဘီး ကို တီထွင်ခြင်း စသည်တို့ ဖြစ်ကြသည်။ ယခုခေတ်နှင့် နီးစပ်သော ဥပမာများမှာ ရထားပို့ဆောင်ရေး၊ မော်တော်ကား၊ လေကြောင်းသွားလာရေး နှင့် အာကာသ စူးစမ်းလေ့လာရေး တို့ ဖြစ်ကြသည်။ အချို့သော နည်းပညာများမှာ လူတို့ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆက်ဆံမှုကို တိုးတက်စေသည်။ စာရေးသားမှု ပုံနှိပ်ထုတ်ဝေမှု၊ တယ်လီဖုန်းနှင့် လောလောလတ်လတ် ပေါ်ပေါက်လာသော အင်တာနက် စသည်တို့ ပေါ်ပေါက်လာခြင်း ကို ဥပမာ အနေနှင့် ကြည့်နိုင်သည်။
အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။ [၁]
ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင် ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။
ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။
ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။- ကွန်ပျူတာ ပရိုဂရမ် ဟူသည်မှာ အဘယ်နည်း။ မည်သို့အလုပ်လုပ်၍ မည်သို့ အကျိုးရှိပါသနည်း။ လေ့လာရန် ...
- တယ်လီဖုန်းကို မည်သည့်ခုနှစ်၊ မည်သည့်နေရာတွင် မည်သူက ပထမဦးဆုံး စတင် တီထွင် ခဲ့ပါသနည်း။ လေ့လာရန် ...
- တိုက်ချင်းပစ်ဒုံးပျံသည် အကွာအဝေး မည်မျှအထိ ပစ်ခတ် တိုက်ခိုက် နိုင်ပါသနည်း။ လေ့လာရန် ...
- ဥမင်တူးဖောက်စက် ကို သင်မြင်ဖူးပါသလား။ လေ့လာရန် ...
- ဆီလီကွန်တောင်ကြား ဟူသည် အဘယ်နည်း။ မည်သည့်နေရာတွင် တည်ရှိပါသနည်း။ လေ့လာရန် ...
ဆောင်းပါးများ
နည်းပညာဆိုင်ရာ သဘောတရားများနှင့် ပြဿနာများ • သိပ္ပံနှင့်နည်းပညာသမိုင်း • စက်မှုလုပ်ငန်း • ပတ်ဝန်းကျင်ညစ်ညမ်းမှု • မဟာဗျူဟာမြောက်နည်းပညာ •
နည်းပညာနှင့် အသုံးချသိပ္ပံ •
လေကြောင်းနှင့်အာကာသပညာ •
စိုက်ပျိုးမွေးမြူရေး • စိုက်ပျိုးရေးသိပ္ပံ •
ဗိသုကာပညာ •
ဉာဏ်တု •
အော်တိုမေးရှင်း •
ကား •
ဇီဝနည်းပညာ •
ဓာတု အင်ဂျင်နီယာ ဘာသာရပ် •
ဆက်သွယ်ရေးစနစ် •
ကွန်ပျူတာသိပ္ပံ •
ကွန်ပျူတင်း •
ပရိုဂရမ်မင်း •
ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ပညာရပ် •
ဆောက်လုပ်ရေး •
ပညာရေး •
အီလက်ထရွန်းနစ် •
စွမ်းအင်ဖွံ့ဖြိုးရေး •
စွမ်းအင်သိုလှောင်ရေး •
အင်ဂျင်နီယာ နည်းပညာ •
မီးသတ်ခြင်း •
ဥပဒေရေးရာ သိပ္ပံပညာ •
သစ်တောပညာ •
အခမဲ့ဆော့ဖ်ဝဲလ် •
ကျန်းမာရေးသိပ္ပံ •
ကျန်းမာရေး •
စက်ရုံ •
သတင်းအချက်အလက် သိပ္ပံပညာ •
သုတနည်းပညာ •
အင်တာနက် •
စာကြည့်တိုက်နှင့် သတင်းအချက်အလက် သိပ္ပံပညာ •
စက်ယန္တရား •
စက်မှုစီမံခန့်ခွဲမှု •
ကုန်ထုတ်လုပ်ခြင်း •
စီးပွားဖြစ်ထုတ်လုပ်ခြင်း •
ဆေးပညာ •
စစ်ရေးသိပ္ပံ •
စစ်ရေးနည်းပညာနှင့် ကိရိယာများ •
သတ္တုတူးဖော်ခြင်း •
နာနိုတက္ကနော်လော်ဂျီ •
နျူးကလီးယား နည်းပညာ •
အာဟာရ •
ထုတ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်း
ရိုဘော့ •
အာကာသ စူးစမ်းရှာဖွေရေး •
နည်းပညာဆိုင်ရာ ခန့်မှန်းခြင်း •
တယ်လီဖုန်းဆက်သွယ်ရေး •
ကိရိယာများ •
သယ်ယူပို့ဆောင်ရေး •
ယာဉ် •
လက်နက်