Parallels desktop

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
This article is titled in another language/script, because there is no suitable name in Myanmar language yet.

Parallels Desktop ဆိုသည်မှာ Intel processor (1.66 GHz or more) ကို အသုံးပြုထားတဲ့ Macintosh ကွန်ပျူတာတွေမှာ virtual machine တွေဖန်တီးဖို့ရန် ဖြစ်ပါတယ်။ သင်ဟာ ၎င်း application ကိုသုံးခြင်းဖြင့် Mac OS မှာ Windows Linux version ကွဲပြားသော Mac OS X အပြင် တခြားသော OS တို့ကို virtual machine အနေဖြင့် တစ်ခုဆီ ဖန်တီးလို့ရမှာ ဖြစ်ပါတယ်။ ထိုသို့ ကိုယ်ကြိုက်နှစ်သက်သော တခြား OS တွေကို virtual machine အဖြစ် ပြုလုပ်လိုက်တဲ့ အခါ ရှိပြီးသား Mac ရဲ့ appliaction များနှင့်အတူ တခြား OS က appliaction များကိုပါ တပြိုင်နက်တည်း side by side သုံးလို့ရမှာ ဖြစ်ပါတယ်။ ၎င်း application သုံးရခြင်းတွင် ရရှိမယ့် ကောင်းကျိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ၁။ Virtual machine တစ်ခုကို အသုံးပြုရတာ လွယ်ကူခြင်း ၂။ Virtual machine ကို 32bit အပြင် 64bit ကိုပါ သုံးနိုင်ခြင်း ၃။ သင်အခုလက်ရှိသုံးနေသော Mac ကို restart လုပ်စရာမလိုဘဲ virtual machine ပြုလုပ်ထားတဲ့ windows linux OS တို့မှ applicaiton များနှင့် side by side အသုံးပြုနိုင်ခြင်း ၄။ Virtual machine က OS (သို့) Mac OS မှ application တစ်ခု⁠ခုဖြင့် ဖန်တီးထားတဲ့ file ဖြစ်သော်ငြားလည်း ဘယ် OS တွင်မဆို ပြန်ဖွင့်ရနိုင်ခြင်း

ထိုသို့အပြိုင်သုံးခွင့် ရရှိခြင်းဖြင့် သင်ရဲ့ OS တစ်ခုထက်မက အသုံးပြုနိုင်တဲ့ အတွေ့ကြုံကို တိုးတက်စေမှာဖြစ်ပါတယ်။

လမ်းညွှန်

ဒီလမ်းညွှန်ဟာ Mac computer ပေါ်မှာ အခြား OS များကို virtual machine အနေနှင့် အပြိုင်အသုံးပြုချင်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။ ဆိုလိုသည်မှာ OS နှစ်ခု (သို့) နှစ်ခုထက်မက OS တွေကို Mac ပေါ်မှာ အပြိုင်သုံးချင်းသူများ အတွက် ရည်ရွယ်ထားပါသည်။ ဒီလမ်းညွှန်မှာ အတိုကောက် စာလုံးအနေနဲ့ OS ဟာ operating system ဖြစ်ပြီး VM ကတော့ virtual machine ဖြစ်ပါတယ်။

အဓိပ္ပါယ် ဖွင့်ဆိုချက် Primary operating system (primary OS) ဆိုသည်မှာ computer ကိုဖွင့်လိုက်တဲ့အခါ ၎င်း၏ I/O device တွေကို ထိန်းချုပ်ပေးသော operating syatem ကိုဆိုလိုပြီး ဒီလမ်းညွှန်မှာတော့ Mac OS X ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။ Guest operating system (guest OS) ဆိုသည်မှာ ဒီလမ်းညွှန်မှာဆို virtual machine အဖြစ်ဖန်တီးမယ့် operating system ဘဲဖြစ်ပါတယ်။