အန်ဘီစီသတင်း
သတင်းဌာနခွဲ | အန်ဘီစီ |
---|---|
အဓိကပုဂ္ဂိုလ်များ | Noah Oppenheim (ဥက္ကဋ္ဌ) |
တည်ထောင် | ဖေဖော်ဝါရီ ၂၁၊ ၁၉၄၀ |
ရုံးချုပ် | အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ 30 Rockefeller Plaza |
အဓိက သတင်းအချက်လက်အဖွဲ့များ | West Coast Headquarters, Universal City, California Governmental Affairs Headquarters Washington, D.C. European Headquarters London] UK Asia Pacific Headquarters Singapore, Hong Kong |
ဝန်ဆောင်မှုနယ်ပယ် | ကမ္ဘာအနှံ့ |
ရုပ်သံအစီအစဉ်များ | Today NBC Nightly News Meet the Press Weekend Today Dateline NBC Early Today Today with Hoda & Jenna |
ဌာနခွဲများ | NBC News International |
Website | nbcnews.com |
အန်ဘီစီသတင်း သည် အမေရိကန် ရုပ်သံလွှင့်ကွန်ရက်အန်ဘီစီ၏ သတင်းဌာနဖြစ်သည်။ ကွန်ကတ်စ် ကော်ပိုရေးရှင်း၏ လုပ်ငန်းခွဲဖြစ်သော အန်ဘီစီယူနီဗာဆယ်၏ ဌာနခွဲ "NBCUniversal Television and Streaming" ၏ အောက်၌တည်ရှိသည်။ အန်ဘီစီသတင်းဌာန၏ အကြီးအကဲသည် နိုဝါ အာပန်ဟိုင်း (Noah Oppenheim) ဖြစ်၏ ။[၁][၂] အန်ဘီစီယူနီဗာဆယ်သတင်းအုပ်စုသည် "အမ်အက်စ်အန်ဘီစီ" (MSNBC) အထွေထွေသတင်းလိုင်း၊ စီးပွားရေးနှင့် သုံးစွဲသူဆိုင်ရာ သတင်းလိုင်းများဖြစ်သော စီအန်ဘီစီ (CNBC) ၊ စီအန်ဘီစီဝါးလ်ဒ် (CNBC World) တို့ကိုလည်း ပိုင်ဆိုင်ထားပြီး စပိန်ဘာသာဖြင့် Noticias Telemundo ရုပ်သံနှင့် ယူကေအခြေစိုက် စကိုင်းသတင်းဌာနကိုလည်း ပိုင်ဆိုင်သည်။[၃]
အန်ဘီစီသတင်းသည် ၁၉၄၀ ဖေဖော်ဝါရီ ၂၁ တွင် စတင်လွှင့်ထုတ်ခဲ့၍ နယူးယောက်မြို့တော်ရှိ အန်ဘီစီယူနီဗာဆယ်ရုံးချုပ် "30 Rockefeller Plaza" တွင် ရုပ်သံများကို ထုတ်လုပ်၊ လွှင့်တင်ကြသည်။ အန်ဘီစီသည် အမေရိက၏ နံပါတ်တစ်အဆင့်သတ်မှတ်ခံရသော သတင်းတင်ဆက်ခြင်း အစီအစဉ်[၄] NBC Nightly News နှင့် အမေရိကန်သမိုင်းတွင် သက်တမ်းအရင့်ဆုံး ရုပ်မြင်သံကြားအစီစဉ်တွဲဖြစ်သော Meet The Press ၊ တနင်္ဂနွေနံနက် သတင်းရေးရာ တွေ့ဆုံမေးမြန်းခန်း စသည်တို့ကို ထုတ်လွှင့်တင်ဆက်သည်။ ထို့အပြင် အန်ဘီစီ၌ နှစ်ပေါင်း ၇၀ သက်တမ်းရှိ ရှားပါးသော သမိုင်းဆိုင်ရာ ရုပ်သံမှတ်တမ်းများလည်း ရှိ၍[၅] အန်ဘီစီယူနီဗာဆယ် မော်ကွန်းများမှ အွန်လိုင်းတွင် ရရှိနိုင်ပေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Noah Oppenheim။ 14 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 19, 2021 တွင် ပြန်စစ်ပြီး။
- ↑ Battaglio၊ Stephen။ "'Today' show Executive Noah Oppenheim is named president of NBC News"၊ February 14, 2017။
- ↑ Brands, NBCUNIVERSAL MEDIA။
- ↑ Masonhall၊ Erika (January 23, 2013)။ "nbc nightly news" ratings win။ 1 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2021 တွင် ပြန်စစ်ပြီး။
- ↑ News Footage & Stock Video Footage။ NBCUniversal Archives။ 15 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2021 တွင် ပြန်စစ်ပြီး။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |