မော်ဂန် စတန်လေ
ပုံပန်းသွင်ပြင်
(Morgan Stanley မှ ပြန်ညွှန်းထားသည်)
| အမျိုးအစား | အများနှင့်သက်ဆိုင်သော ကုမ္ပဏီ |
|---|---|
| လုပ်ငန်း | ငွေကြေးဝန်ဆောင်မှု |
| ရှယ်ယာရောင်းဝယ်ရာနေရာ | တမ်းပလိတ်:Nyse |
| တည်ထောင်သည့်နှစ် | ၁၉၃၅ |
| တည်ထောင်သူများ | ဟင်နရီ အက်စ် မော်ဂန် ဟာရိုးစတန်လေ |
| ဌာနချုပ် | နယူးယောက်မြို့၊ U.S |
| ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတဝှမ်းလုံး |
| အရေးပါ ပုဂ္ဂိုလ်များ | John J. Mack (Chairman) James P. Gorman (President and CEO) Ruth Porat (CFO) |
| ထုတ်ကုန်ပစ္စည်း | ရင်းနှီးမြှုပ်နှံမှုဘဏ် ကူးသန်းရောင်းဝယ်ရေးဘဏ် Commodities ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲခြင်း Retail brokerage |
| ဝင်ငွေ | |
| အခွန်မဆောင်မီ ဝင်ငွေ | |
| အသားတင် ဝင်ငွေ | |
| AUM | |
| ရင်းနှီးမြှုပ်နှံမှု | |
| စုစုပေါင်း ရှယ်ယာတန်ဖိုး | |
| အလုပ်သမားဦးရေ | ၆၂,၄၅၂ (မေလ ၂၀၁၀)[၁] |
| ဝက်ဘ်ဆိုက် | MorganStanley.com |

မော်ဂန် စတန်လေသည် တကမ္ဘာလုံးဆိုင်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်း ကုမ္ပဏီဖြစ်ပြီး ဌာနချုပ်မှာ နယူးယောက်မြို့ တော်တွင် တည်ရှိသည်။ ၎င်း၏ ဖောက်သည်များမှာ နယ်ပယ် အမျိုးမျိုးမှဖြစ်ပြီး ကော်ပိုရေးရှင်းများ၊ အစိုးရများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းများ နှင့် တစ်သီးပုဂ္ဂလများ ပါဝင်သည်။ မော်ဂန် စတန်လေသည် တကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် လုပ်ငန်း လုပ်ဆောင်လျက် ရှိပြီး ရုံးပေါင်း ၆၀၀ ကျော် နှင့် ဝန်ထမ်းပေါင်း ၆၀,၀၀၀ ကျော် ရှိသည်။ မော်ဂန် စတန်လေသည် အမေရိကန် ဒေါ်လာ ၇၇၉ ဘီလီယံ ပမာဏ ရှိသော ရင်းနှီးမြှုပ်နှံမှုများကို စီမံခန့်ခွဲလျက် ရှိကြောင်း ကြေညာထားသည်။ ၎င်း၏ ဌာနချုပ်မှာ နယူးယောက်မြို့လယ် ရှိ မစ်ဒ်တောင်း မက်ဟက်တန် တွင် ရှိသည်။