Linear regression
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
Linear Regression ဟာ Machine learning (ဒေတာအခြေပြုသင်ယူမှုစနစ်) မှာ အသုံးများပြီး အခြေခံအဖြစ် ထင်ရှားတဲ့ supervised learning algorithm တစ်မျိုးဖြစ်သည်။ ၎င်းသည် input variables (features) နှင့် output variable (target) တြားအကြားရှိ သဘာဝဆက်နွယ်မှုကို မျဉ်းတစ်ကြောင်း (linear relationship) ဖြင့် ဖော်ပြရေးသားသတ်မှတ်သော နည်းပညာဖြစ်သည်။
Linear Regression ကို အများအားဖြင့်
- ခန့်မှန်းခြေ (prediction)
- ဆက်နွယ်မှုတွေ့ရှိမှု (relationship analysis)
- Trend analysis
စသည့် နယ်ပယ်များတွင် မြန်ဆန်လွယ်ကူစွာ အသုံးပြုကြသည်။
Mathematical Formulation
[ပြင်ဆင်ရန်]Linear Regression ၏အခြေခံချဉ်းကပ်ပုံမှာ အောက်ပါ Equation ဖြစ်သည်–
y^=β0+β1x1+β2x2+...+βnxn
Variable များ၏အနိမ့်အဓိပ္ပါယ်
[ပြင်ဆင်ရန်]- ŷ (y-hat) – Model ထုတ်ပေးသည့် ခန့်မှန်းတန်ဖိုး
- β₀ (Intercept) – Input values မပါခင် Y value
- β₁, β₂, ..., βₙ (Coefficients / Weights) – Feature တစ်ခုချင်းစီက output ကို ဘယ်လောက် သက်ရောက်သလဲဆိုတာကို ဖော်ပြသော ကိန်းဂဏန်းများ
- x₁, x₂, ..., xₙ (Features) – Input variables
ဥပမာ — အိမ်ဈေးနှုန်း ခန့်မှန်းရာတွင်
- Input = အိမ်အကျယ်, အခန်းအရေအတွက်, တည်နေရာ
- Output = အိမ်ဈေးနှုန်း
Cost Function — Ordinary Least Squares (OLS)
[ပြင်ဆင်ရန်]Linear Regression သည် အကောင်းဆုံးမျဉ်း (best-fit line) ကိုရှာဖွေရန် Actual Value နှင့် Predicted Value တြားက error ကိုအနည်းဆုံး ဖြစ်အောင်လုပ်ခြင်းကို ရည်ရွယ်သည်။
အသုံးများသော cost function သည် Mean Squared Error (MSE) ဖြစ်သည်—
MSE=n1∑(yi−y^i)2
အသေးစိတ်-
- yᵢ – Actual value
- ŷᵢ – Predicted value
- n – Data points အရေအတွက်
Gradient Descent ဆိုသော Optimization Algorithm ကို သုံး၍ β coefficients များကို တဖြည်းဖြည်း update လုပ်ပြီး error ကို minimize လုပ်သွားသည်။
Applications in the Real World
[ပြင်ဆင်ရန်]1. Real Estate — Zillow Zestimate
[ပြင်ဆင်ရန်]အမေရိကန်ရှိ Zillow က အိမ်ဈေးနှုန်း ခန့်မှန်းရာတွင် Linear Regression ကိုအသုံးပြုကာ "Zestimate" ဟုခေါ်သော automated valuation model ကို တည်ဆောက်ခဲ့သည်။
Features အနေနဲ့–
- အိမ်အကျယ်
- အခန်းအရေစုံ
- တည်နေရာ စသဖြင့် အသုံးပြုခဲ့သည်။
2021 ခုနှစ်တွင် Zillow ၏ iBuying Program မှာ Model Error ကြောင့် အနည်းဆုံး $300 million ခန့် ဆုံးရှုံးခဲ့မှုဖြင့် Model Accuracy ၏အရေးပါမှုကို ထင်ရှားစွာ ပြသခဲ့သည်။
2. Health Sector — Heart Disease Prediction
[ပြင်ဆင်ရန်]ဆေးဘက်နယ်ပယ်တွင်လည်း Linear Regression သည်
- အသက်
- ကိုယ်အလေးချိန်
- သွေးတင်းကြပ်မှု စသကဲ့သို့သော variables များအပေါ် အခြေခံကာ Heart Disease Risk ကို ခန့်မှန်းရာတွင် အသုံးပြုသည်။
Framingham Heart Study က ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းခဲ့သော dataset ကို အသုံးပြုကာ Risk Prediction Models များကို တည်ဆောက်ရာတွင် Linear Regression ကို သုံးခဲ့သည်။