Kardel Sharpeye

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

လွန်လေပြီးသော အချိန်ကာလကတည်းက Knollen လို့အမည်ရသော တောင်ခြေရင်းလျှိူမြောင်ကြားထဲမှာ ဖွဲ့စည်းထားတဲ့ ကျေးရွာကလေး တစ်ရွာမှာ Kardel Sharpeye ကို မွေးဖွားခဲ့ပါတယ်။ သူတို့လူမျိူးစုဟာ မက်စောက်သော တောင်နံရံမှ တွဲခိုနေထိုင်တဲ့ ထူးဆန်းသော ငှက်မျိူးစိတ်တစ်စုကို အမဲလိုက်ပစ်ခက်ရင်း ရရှိလာတဲ့ အသား၊ အရေခွံအစိတ်အပိုင်းများကို အသက်ရှင်နေထိုင်သများဖြစ်ပါတယ်။ Sharpeye ဟာ အဆိုပါ လူထူးဆန်းမျိူးနွယ်ထဲမှာ သူ့ရဲ့ထူးခြားတဲ့ အဝေးပစ်လက်နက်နှင့် သေသပ်တဲ့ အပစ်အခတ်စွမ်းရည်တို့ကြောင့် သဘာဝ ကျကျ အထင်ပေါ်ဆုံးနဲ့အတော်ဆုံးသူ တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ Sharpeye ဟာ အပစ်အခက်စွမ်းရည်နဲ့ပတ်သတ်ပြီး မျိူးရိုးစဉ်ဆက် ထိန်းသိမ်းခဲ့တဲ့ စမ်းသပ်မှုတစ်ခုကိုဖြေဆိုဖို့ အကြောင်းကြားခံရပါတယ်။ တောင်နံရံပေါ်က ငှက်ကို တစ်ချက်တည်းဖြင့် ထိအောင်ပစ်ခက်ပြရမယ့် အဆိုပါ စမ်းသပ်မှုဟာ လွဲချော်သွားခဲ့မယ်ဆိုရင်တော့ သိက္ခာကျဆင်းသွားမှာဖြစ်လို့ တစ်ရွာလုံးက ရွာသားများဟာ အဆိုပါ ပွဲကို ကြည့်ရှုဖို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ Sharpeye ဟာ တစ်ချက်တည်းဖြင့် တောင်စောင်းငှက် မြေပေါ်ကျလာအောင် ပစ်ခက်နိုင်ခဲ့တဲ့အတွက် လူထုကြီးဟာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသော်လည်း ရရှိလာတဲ့ ငှက်သေကို ရယူလိုက်ချိန်မှာတော့ တစ်ရွာလုံး တိတ်ဆိတ်သွားခဲ့ပါတယ်။ Sharpeye ပစ်လွတ်လိုက်တဲ့ကျည်ဆံဟာ ငှက်ရဲ့ အလယ်ဗဟိုရ်မျက်လုံးကို ဖောက်ထွင်းသွားခဲ့ပြီး အပေါ်နှုတ်သီးရဲ့အလည်တည့်တည့်အတွင်းထဲမှာ ညပ်နေတာကို ကျေးရွာရဲ့အကြီးအကဲက တွေ့ရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီနိမိတ်ဆိုးလက္ခဏာဟာ ထိုကဲ့သို့ပစ်ခက်လာမယ့် သေနတ်သမားတစ်ဦးရဲ့ ကြီးမြတ်ခြင်းနဲ့အတူ နယ်နှင်ဒဏ်ပေးပစ်ရမယ့် အမိုက်မှောင်ရဲ့ရှေ့ဖြစ်ဟောတစ်ခုအဖြစ် နိမိတ်ကောက်ယူထားတဲ့အတွက် ဒီလိုပစ်ခတ်မှုပြုခဲ့တဲ့ Sharpeye The Sniper ဟာ သူ့ရဲ့ အရည်အချင်းကြောင့်ပဲ သူ့မျိူးနွယ်ရဲ့ စွန့်ခွာခြင်းကို ခံလိုက်ရပါတော့တယ်။ Sharpeye ဟာ သူ့ကိုမကြိုဆိုတဲ့ မျိူးနွယ်စုအတွက် မပြီးဆုံးသေးတဲ့ အဆိုပါရှေ့ဖြစ်ဟောရဲ့ ရလဒ်များကို အဆုံးသက်စေဖို့ တိုက်ပွဲများအတွင်းမှာ ၎င်းရဲ့ဒဏ္ဍာရီလာ အစွမ်းစရိုက်များကို ဖြည့်စည်းဖော်ထုတ် လျက်ရှိပါတော့တယ်။