Jeng Phang နော်တောင်
သရေစည်သူ၊ ဦး Jeng Phang နော်တောင် | |
|---|---|
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း တွေ့ရစဥ်(၂၀၂၆) | |
| အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ မတ် ၂၀၂၆ | |
| ခေါင်းဆောင် | အောင်လင်းဒွေး |
| ယခင်လူ | အေးသာအောင် |
| အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၈ မတ် ၂၀၂၆ | |
| ယခင်လူ | ဒေါ်ရှီလာနန်တောင် |
| မဲဆန္ဒနယ် | ကချင်ပြည်နယ် မဲဆန္ဒနယ် (၂) |
| အနိုင်ရမဲ အရေအတွက် | ၈,၃၇၆ (၈၂.၅၆%) |
| ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇူလိုင် ၂၀၂၅ – ၁၈ မတ် ၂၀၂၆ | |
| လက်ထောက် | ဦးဖြိုးဇော်စိုး |
| ခေါင်းဆောင် | ညိုစော |
| ယခင်လူ | ဒေါ်သက်သက်ခိုင် |
| အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၃၁ ဇန်နဝါရီ ၂၀၂၅ – ၁၈ မတ် ၂၀၂၆ | |
| လက်ထောက် | ဦးဇင်မင်းထက် ဦးထိန်လင်း |
| ခေါင်းဆောင် | ညိုစော |
| ယခင်လူ | ဦးမင်းသိန်းဇံ |
| တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး | |
| တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၃ – ၃၁ ဇန်နဝါရီ ၂၀၂၅ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ခေါင်းဆောင် | မင်းအောင်လှိုင် |
| ယခင်လူ | စောထွန်းအောင်မြင့် |
| ဆက်ခံသူ | ခွန်သန့်ဇော်ထူး |
| နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် | |
| တာဝန်သက်တမ်း ၃ ဖေဖော်ဝါရီ ၂၀၂၁ – ၃၁ ဇန်နဝါရီ ၂၀၂၃ | |
| ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
| ကိုယ်ရေး အချက်အလက်များ | |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | USDP |
| အလုပ်အကိုင် | နိုင်ငံရေးသမား |
| စစ်မှုထမ်းဘဝ | |
| သစ္စာခံနိုင်ငံ | |
| လက်နက်ကိုင်တပ် | |
| ရာထူးအဆင့် | ဗိုလ်မှူး (ငြိမ်း) |
| ဆုတံဆိပ်များ | သရေစည်သူဘွဲ့ (၂၀၂၆) |
ဦး Jeng Phang နော်တောင် (အင်္ဂလိပ်: Jeng Phang Naw Htaung) သည် ကချင်တိုင်းရင်းသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိတွင် တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ၎င်းသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။[၁]
ဘဝအစောပိုင်း
[ပြင်ဆင်ရန်]၎င်းသည် မြန်မာ့တပ်မတော်တွင် အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်သင်ဗိုလ် ဗိုလ်လောင်းအပတ်စဉ် (၅)(OTS - 5) သင်တန်းဆင်းတစ်ဦး ဖြစ်သည်။ တပ်မတော်တွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်မှူး အဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။
နိုင်ငံရေးဘဝ
[ပြင်ဆင်ရန်]ဦးနော်တောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးကဏ္ဍ၌ ပါဝင်လာခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၄/၂၀၂၁) ဖြင့် ရခိုင်တိုင်းရင်းသူ ဒေါ်အေးနုစိန် အပါအဝင် အခြားသော တိုင်းရင်းသားကိုယ်စားလှယ် ၄ ဦးနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အဖွဲ့ဝင်အဖြစ် စတင်ခန့်အပ်ခြင်း ခံခဲ့ရသည်။[၂]
ထို့နောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၆/၂၀၂၃) အရ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဆိုပါဝန်ကြီးဌာနမှ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်သို့ ပြောင်းလဲတာဝန်ယူခဲ့ပြီး ၎င်း၏နေရာတွင် ခွန်သန့်ဇော်ထူးက ဆက်ခံခဲ့သည်။[၃]
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစတင်ကာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့သည်။
၂၀၂၅-၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ရွေးကောက်ခံခဲ့ရပြီး၊ ခိုင်လုံသောမဲ အရေအတွက် စုစုပေါင်း ၈,၃၇၆ မဲ (စုစုပေါင်းမဲ၏ ၈၂.၅၆ ရာခိုင်နှုန်း) ဖြင့် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။[၄]
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် တတိယအကြိမ် အမျိုးသားလွှတ်တော်၏ ဒုတိယဥက္ကဋ္ဌအဖြစ် ပြိုင်ဘက်မရှိတင်မြှောက်ခြင်း ခံခဲ့ရသည်။[၅]
ဂုဏ်ထူးဆောင်ဘွဲ့များ
[ပြင်ဆင်ရန်]အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော (၆၄) ကြိမ်မြောက် လယ်သမားနေ့ အထိမ်းအမှတ်အဖြစ် Jeng Phang နော်တောင်အား သရေစည်သူဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်။ MOI Myanmar (၁၇ ဇူလိုင် ၂၀၂၂)။ ၁၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ( ၁၄ / ၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက် (in my)။ 7 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 February 2021 တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၄ ၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ Myanmar Digital News (၁ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (in en)။ 5 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-03-19 တွင် ပြန်စစ်ပြီး။
- ↑ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် Jeng Phang နော်တောင် ရွေးချယ်ခံရ - New Day Myanmar (in en-US) (2026-03-18)။ 2026-03-19 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ခြင်း။ MOI Myanmar (၂ မတ် ၂၀၂၆)။ ၁၈ မတ် ၂၀၂၆ တွင် ပြန်စစ်ပြီး။