ဂျိမ်းစ် ဂို့စ်လင်း

ဝီကီပီးဒီးယား မှ
(James Gosling မှ ပြန်ညွှန်းထားသည်)
2005 ခုနှစ် James Gosling

James Gosling (James Arthur Gosling 1955/5/19 - ) သည်ဆော့ဖ်ဝဲနည်းပညာရှင်တစ်ဦးဖြစ်ပြီး၊ ယခင်Sun MycorsystemsFellowတစ်ဦးဖြစ်၏။ Object Oriented Programming ဘာသာရပ်Java ကို မွေးဖွားစေခဲ့သော ဖခင်တစ်ဦးအနေဖြင့် လူသိများ၏။

အထုပ်ပတ္တိ[ပြင်ဆင်ရန်]

1955ခုနှစ်တွင်ကနေဒါနိုင်ငံAlbertaပြည်နယ်Calgaryဒေသတွင် မွေးဖွားခဲ့၏။
Albertaပြည်နယ်Calgary တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဘာသာရပ်ဖြင့် 1977ခုနှစ်တွင် မာစတာဘွဲ့ကို ရရှိခဲ့၏။
တဖန် Carnegie Mellon Universityတွင် ကွန်ပျူတာသိပ္ပံဘာသာရပ်ကို အထူးပြုပြီး၊ 1983ခုနှစ်တွင် Ph.D.ဘွဲ့ကို ရရှိခဲ့၏။
Ph.D.တက်နေစဉ်တွင် EmacsText အဲ့ဒီတာUNIXပေါ်တွင် အလုပ်လုပ်သော ပဋ္ဌမဦးဆုံး ဗားရှင်းကို တီထွင်ခဲ့၏။
တဖန် Sun Microsystemsတွင် အလုပ်မဝင်ခင်မှာပင် Multi Processorsသုံး UNIX ကို တီထွင်နိုင်ခဲ့ပြီး၊ ကွန်ပိုင်လာများနှင့်မေးလ်အင်ဂျင် (MTA) အချို့ကို တီထွင်ခဲ့၏။
1984ခုနှစ်တွင် Sun Microsystemsတွင် အလုပ်ဝင်ခဲ့၏။
1990ခုနှစ် နှစ်ဦးပိုင်းတွင်Object Oriented Programming ဘာသာရပ်Javaကို တီထွင်ခဲ့သည်။
2006ခုနှစ်တွင် Sun Microsystems၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး၊ တီထွင်ထုတ်လုပ်ရေးဌာန၏ အမြင့်ဆုံးတာဝန်ရှိ နည်းပညာရှင် (CTO) အဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။
2010/4/2 တွင် Sun Microsystemsအား Oracle မှဝယ်ယူလိုက်ချိန်တွင် ကုမ္ပဏီမှ နုတ်ထွက်ခဲ့၏။
2011/3/28 တွင် Google ဆီသို့ပြောင်းရွှေ့ခဲ့ပြီဖြစ်ကြောင်း ကိုယ်ပိုင်ဘလောဂ်တွင် ထုတ်ဖော်ပြောကြားခဲ့၏။
2011/8/30 တွင် Google မှ နုတ်ထွက်ခဲ့ပြီး၊ လူမဲ့သင်္ဘောဖြင့် သမုဒ္ဒရာ၏ အချက်အလက်များကို စုစည်း၍ Cloud အပေါ်ကို အပ်လုဒ်လုပ်သော Liaquid Robotics ၏ အဓိကဆော့ဖ်ဝဲနည်းပညာရှင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။

ရေးသားခဲ့သောစာအုပ်များ[ပြင်ဆင်ရန်]

  • Ken Arnold, James Gosling, David Holmes, The Java Programming Language, Fourth Edition, Addison-Wesley Professional, 2005, ISBN 0-321-34980-6
  • James Gosling, Bill Joy, Guy L. Steele Jr., Gilad Bracha, The Java Language Specification, Third Edition, Addison-Wesley Professional, 2005, ISBN 0-321-24678-0
  • Ken Arnold, James Gosling, David Holmes, The Java Programming Language, Third Edition, Addison-Wesley Professional, 2000, ISBN 0-201-70433-1
  • James Gosling, Bill Joy, Guy L. Steele Jr., Gilad Bracha, The Java Language Specification, Second Edition, Addison-Wesley, 2000, ISBN 0-201-31008-2
  • Gregory Bollella (Editor), Benjamin Brosgol, James Gosling, Peter Dibble, Steve Furr, Mark Turnbull, The Real-Time Specification for Java, Addison Wesley Longman, 2000, ISBN 0-201-70323-8
  • Ken Arnold, James Gosling, The Java programming language Second Edition, Addison-Wesley, 1997, ISBN 0-201-31006-6
  • Ken Arnold, James Gosling, The Java programming language, Addison-Wesley, 1996, ISBN 0-201-63455-4
  • James Gosling, Bill Joy, Guy L. Steele Jr., The Java Language Specification, Addison Wesley Publishing Company, 1996, ISBN 0-201-63451-1
  • James Gosling, Frank Yellin, The Java Team, The Java Application Programming Interface, Volume 2: Window Toolkit and Applets, Addison-Wesley, 1996, ISBN 0-201-63459-7
  • James Gosling, Frank Yellin, The Java Team, The Java Application Programming Interface, Volume 1: Core Packages, Addison-Wesley, 1996, ISBN 0-201-63453-8
  • James Gosling, Henry McGilton, The Java language Environment: A white paper, Sun Microsystems, 1996
  • James Gosling, David S.H. Rosenthal, Michelle J. Arden, The NeWS Book : An Introduction to the Network/Extensible Window System (Sun Technical Reference Library), Springer, 1989, ISBN 0-387-96915-2

တမ်းပလိတ်:Sun Microsystems