ဂျေ (အက္ခရာ)
| အခြေခံ လက်တင်အက္ခရာ | |||||
|---|---|---|---|---|---|
| Aa | Bb | Cc | Dd | ||
| Ee | Ff | Gg | Hh | ||
| Ii | Jj | Kk | Ll | Mm | Nn |
| Oo | Pp | Rr | Ss | Tt | |
| Uu | Vv | Ww | Xx | Yy | Zz |
J သည် ဒဿမမြောက် အခြေခံ လက်တင်အက္ခရာတစ်ခုဖြစ်သည်။ J သည် ပုံနှိပ်လုပ်ငန်း၌ အချို့သော ရောမဂဏန်းများ၏နောက်ဆုံး I နေရာတွင် တစ်ခါတစ်ရံအသုံးပြုကြသည်။ ထို့ပြင် အလယ်ခေတ် အဆင့်မြင့်ဂျာမန်ဘာသာတွင် အသုံးပြုခဲ့သေးသည်။ ဂိန်း ဂျောဂျီအို ထရစ်ရှီနို(၁၄၇၈-၁၅၅၀) သည် I နှင့် J ၏ အသံထွက်ကို ကွဲပြားထင်းရှားစေရန်အတွက် သူ၏ Ɛpistola del Trissino de le lettere nuωvamente aggiunte ne la lingua italiana ("Trissino's epistle about the letters recently added in the Italian language") တွင် အသံထွက်များကို ပထမဦးစွာ ခွဲခြားပေးခဲ့သည်။ ပထမဦးစွာ I နှင့် သည် /i/, J သည် /iː/ ကို ကိုယ်စားပြုခဲ့သည်။ သို့သော် ရောမဘာသာတွင် Jနှင့် G ပုံစံမှ အသံထွက် အသစ်များ ပေါ်ထွက်လာသည်။ ထိုအသံထွက်များသည် J နှင့် I အား ကိုယ်စားပြုရန်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် ပြင်သစ် J အား အသုံးပြုခဲ့သည်။ ပြင်သစ် J ၏အသံအနေအထားမှာ အင်္ဂလိပ်ဘာသာရှိ I နှင့် အတော်ပင် ကွာခြားလေသည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]| NATO ဖိုနက်တစ် | မော့စ် သင်္ကေတ |
| Juliet |
အသံဖိုင် "ဂျေ (အက္ခရာ) morse code.ogg" ကို မတွေ့ရှိပါ |
| ဖိုင်:Sign language .svg | |||
| ရေကြောင်းသုံးသင်္ကေတအလံ | အလံနှစ်ခုသုံး အချက်ပြသင်္ကေတ | ဆွံ့အနားမကြားလက်သင်္ကေတ (AMA သို့မဟုတ် ASL) | Braille dots-245 မျက်မမြင်သင်္ကေတ (UEB) |
မည်သို့ပင် ဖြစ်စေကာမူ ယနေ့အချိန်တွင် J အား ကျယ်ပြန့်စွာ အသုံးပြုနေကြပြီး ဖြစ်သည်။ အောက်ပါတို့မှာ နိုင်ငံတကာ အသုံးပြုမှု အချို့ဖြစ်သည်။
- အပြည်ပြည်ဆိုင်ရာ တိုင်းတာရေးစနစ်တွင် J သည် ဂျိုး(Joule-အလုပ်ယူနစ်) တစ်ခုအား တိုင်းတာသည်။
- အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းရှိ မှတ်ပုံတင်ဌာနတွင် J သည် ဂျပန်နိုင်ငံအား ကိုယ်စားပြုသော အက္ခရာဖြစ်သည်။
- ထို့ပြင် NATO အက္ခရာတွင် J သည် ဂျူးလီးယက်(Juliet)ဖြစ်သည်။
- အင်္ဂလိပ်ပြက္ခဒိန်တွင် J သည် ဇန်နဝါရီ(January)၊ဇွန်(June)၊ ဇူလိုင်(July) စသည့် လအချို့၏ အဓိပ္ပာယ်အချို့လည်း ဖြစ်နိုင်သည်။
- ဖဲကစားရာတွင် J သည် Jacks များကို ကိုယ်စားပြုသော အက္ခရာတစ်ခုဖြစ်သည်။
- ထို့ပြင် အချို့ Middle Name ရှိသော သူများအတွက် Jack၊ James၊ John၊ Jesus၊ Jason အစရှိသော အမည်များလည်း ရှိလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]| ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
