ISO 4217
ISO 4217 သည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (International Organization for Standardization - ISO) မှ ထုတ်ပြန်ထားသည့် စံနှုန်းတစ်ခု ဖြစ်ပါသည်။ ၎င်းစံနှုန်းသည် ငွေကြေးများကို ဖော်ပြရန်အတွက် အက္ခရာသုံးလုံးပါ ကုဒ် (ဥပမာ- အမေရိကန်ဒေါ်လာအတွက် USD၊ ယူရိုအတွက် EUR၊ မြန်မာကျပ်အတွက် MMK) နှင့် ဂဏန်းကုဒ်များကို သတ်မှတ်ပေးထားပါသည်။
ISO 4217 ကုဒ်များသည် ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများတွင် ငွေကြေးများကို ရှင်းလင်းပြတ်သားစွာ ဖော်ထုတ်နိုင်ရန် အသုံးပြုပါသည်။ ဤကုဒ်များသည် မတူညီသော ငွေကြေးအမည်များ သို့မဟုတ် မပွင့်လင်းသည့် ငွေကြေးသင်္ကေတများကြောင့် ဖြစ်ပေါ်နိုင်သည့် ရှုပ်ထွေးမှုများကို လျှော့ချပေးပြီး နိုင်ငံတကာ ငွေကြေးလဲလှယ်နှုန်းများ၊ ဘဏ်စာရင်းရှင်းတမ်းများနှင့် ငွေကြေးလွှဲပြောင်းမှုများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၇၃ ခုနှစ်တွင် ISO နည်းပညာ ကော်မတီ ၆၈ (ISO Technical Committee 68) သည် ကုန်သွယ်မှု၊ စီးပွားရေး သို့မဟုတ် ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ငွေကြေးများနှင့် ရန်ပုံငွေများကို ကိုယ်စားပြုသည့် ကုဒ်များ ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် ၁၇ ကြိမ်မြောက် အစည်းအဝေး၌ သက်ဆိုင်ရာ ကုလသမဂ္ဂ/ဥရောပစီးပွားရေးကော်မရှင် (UN/ECE) ကျွမ်းကျင်သူများအဖွဲ့က နိုင်ငံတကာစံနှုန်း ISO 4217 ဖြစ်သော "ငွေကြေးများနှင့် ရန်ပုံငွေများကို ကိုယ်စားပြုသည့် ကုဒ်များ" အတွက် သုံးလုံးပါ အက္ခရာကုဒ်များသည် နိုင်ငံတကာကုန်သွယ်မှုတွင် အသုံးပြုရန် သင့်လျော်ကြောင်း သဘောတူခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ငွေကြေးအသစ်များ ပေါ်ပေါက်လာပြီး ငွေကြေးအဟောင်းများ ရုပ်သိမ်းခြင်းများ ဖြစ်ပေါ်လာသည်။ ထိုသို့သော ပြောင်းလဲမှုများသည် များသောအားဖြင့် နိုင်ငံသစ်များ ထူထောင်ခြင်း၊ နိုင်ငံများအကြား ဘုံငွေကြေးဆိုင်ရာ သဘောတူစာချုပ်များ သို့မဟုတ် ငွေကြေးသမဂ္ဂများ ဖွဲ့စည်းခြင်း၊ သို့မဟုတ် ငွေကြေးဖောင်းပွမှု အလွန်အကျွံ ဖြစ်ခြင်းကြောင့် လက်ရှိငွေကြေး တန်ဖိုးပြန်လည် သတ်မှတ်ခြင်း (redenomination) များမှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ကုဒ်စာရင်းကို အခါအားလျော်စွာ မွမ်းမံရန် လိုအပ်ပါသည်။
ISO 4217 ထိန်းသိမ်းရေး အေဂျင်စီသည် ကုဒ်စာရင်းကို စဉ်ဆက်မပြတ် ထိန်းသိမ်းရန် တာဝန်ရှိပါသည်။
အမျိုးအစား
[ပြင်ဆင်ရန်]အမျိုးသားငွေကြေး (National Currency)
[ပြင်ဆင်ရန်]အမျိုးသားငွေကြေးများအတွက် အက္ခရာသုံးလုံးပါသော ကုဒ်၏ ပထမဆုံး အက္ခရာနှစ်လုံးမှာ ISO 3166-1 alpha-2 နိုင်ငံကုဒ် (ဥပမာ- ဂျပန်အတွက် JP) ဖြစ်ပြီး၊ တတိယမြောက် အက္ခရာသည် များသောအားဖြင့် ငွေကြေး၏ အဓိကယူနစ်၏ ပထမဆုံးအက္ခရာ (ဥပမာ- ယန်းအတွက် Y) ဖြစ်သည်။ ဤနည်းလမ်းသည် တန်ဖိုးများ သိသိသာသာ ကွာခြားနေသည့်တိုင် များစွာသောနိုင်ငံများတွင် Dollar, Franc, Peso နှင့် Pound ကဲ့သို့သော တူညီသည့် အမည်များကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းပေးသည်။
အများစုသော ကိစ္စရပ်များတွင် ISO ကုဒ်သည် ငွေကြေး၏ အင်္ဂလိပ်အမည် အပြည့်အစုံ၏ အတိုကောက်နှင့် ဆင်တူသော်လည်း အမြဲတမ်း ထိုသို့ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အယ်လ်ဂျီးရီးယား ဒင်နာ (Algerian dinar)၊ အာရူဘန် ဖလော်ရင်း (Aruban florin)၊ ကေမန် ဒေါ်လာ (Cayman dollar)၊ ရမ်မင်ဘီ (renminbi)၊ စတာလင် (sterling) နှင့် ဆွစ်ဖရန့် (Swiss franc) ကဲ့သို့သော ငွေကြေးများအတွက် သတ်မှတ်ပေးထားသည့် ကုဒ်များသည် တရားဝင် ငွေကြေးအမည်များ၏ အတိုကောက်များနှင့် နီးစပ်စွာ ဆင်တူခြင်း မရှိပါ။
X အက္ခရာကုဒ်များ (ရန်ပုံငွေ၊ သတ္တု၊ အခြား)
[ပြင်ဆင်ရန်]ISO 4217 သည် နိုင်ငံများ၏ တရားဝင်ငွေကြေး ကုဒ်များအပြင် "နိုင်ငံတကာအဆင့် (supranational)" ငွေကြေးများ၊ လုပ်ငန်းစဉ်ဆိုင်ရာ ရည်ရွယ်ချက်များအတွက်နှင့် ငွေကြေးနှင့် "ဆင်တူသော" အရာများအတွက် ကုဒ်များကိုပါ သတ်မှတ်ပေးထားပါသည်။
အဖိုးတန်သတ္တုများဖြစ်သည့် ရွှေ (XAU)၊ ငွေ (XAG)၊ ပယ်လာဒီယမ် (XPD) နှင့် ပလက်တီနမ် (XPT) တို့အတွက် ကုဒ်များကို သတ္တု၏ ဓာတုသင်္ကေတရှေ့တွင် "X" အက္ခရာ ထည့်သွင်း၍ ဖွဲ့စည်းထားပြီး၊ ဤ "ငွေကြေးယူနစ်များ" ကို သတ်မှတ်ထားသော သတ္တု၏ တစ်ထရွိုင်အောင်စ (one troy ounce) အဖြစ် သတ်မှတ်သည်။ XTS ကုဒ်ကို စမ်းသပ်စစ်ဆေးခြင်းများအတွက် သီးသန့် သတ်မှတ်ထားပြီး၊ XXX ကုဒ်ကို ငွေကြေးမပါဝင်သော "အရောင်းအဝယ်" ကို ဖော်ပြရန်အတွက် အသုံးပြုသည်။ ထို့ပြင် နိုင်ငံတကာ ဘဏ္ဍာရေးတွင် အသုံးပြုသည့် ငွေကြေးဆိုင်ရာ ကိရိယာအချို့အတွက် ကုဒ်များလည်း ရှိသည်။ ဥပမာ- XDR သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) မှ ထုတ်ဝေသော အထူးထုတ်ယူခွင့် (special drawing right) ၏ သင်္ကေတ ဖြစ်သည်။
အရှေ့ကာရေဘီယံ ဒေါ်လာ (East Caribbean dollar)၊ CFP ဖရန့် (CFP franc)၊ CFA ဖရန့် BEAC နှင့် CFA ဖရန့် BCEAO စသည့် နိုင်ငံတကာအဆင့် ငွေကြေးအများစုအတွက်လည်း ကုဒ်များ သတ်မှတ်ပေးထားပါသည်။ ယူရိုငွေ၏ ရှေ့ပြေးဖြစ်သော ဥရောပငွေကြေးယူနစ် (European Currency Unit - ECU) တွင် XEU ကုဒ်ကို အသုံးပြုခဲ့သည်။ ဤရည်ရွယ်ချက်များအတွက် "X" အက္ခရာကို စတင်အသုံးပြုခြင်းမှာ ISO 3166 စံနှုန်း၏ "X" ဖြင့် စတင်သည့် တရားဝင် နိုင်ငံကုဒ်များကို ဘယ်တော့မှ သတ်မှတ်မည် မဟုတ်" ဟူသော စည်းမျဉ်းကြောင့် ပိုမို အဆင်ပြေစေသည်။
သို့သော် ဥရောပသမဂ္ဂ (European Union) ကို ဖော်ပြသော EU ကုဒ်အား ISO 3166-1 သီးသန့်ကုဒ် စာရင်းတွင် ထည့်သွင်းထားခြင်းကြောင့်၊ ယူရို (Euro) သည် နိုင်ငံတကာအဆင့် ငွေကြေးဖြစ်လင့်ကစား "X" ဖြင့် စတင်သည့် ကုဒ်အစား EUR အဖြစ် ကုဒ်သတ်မှတ်နိုင်ခဲ့ပါသည်။
ဂဏန်းကုဒ်များ
[ပြင်ဆင်ရန်]ISO 4217 မှလည်း အသုံးပြုသည့် ငွေကြေးတိုင်းအတွက် ဂဏန်းသုံးလုံးပါသော ဂဏန်းကုဒ်တစ်ခုစီ ဖော်ပြပေးထားသည်။ ဤဂဏန်းကုဒ်သည် သက်ဆိုင်ရာနိုင်ငံအတွက် ISO 3166-1 မှသတ်မှတ်ထားသော ဂဏန်းကုဒ်နှင့်အများအားဖြင့် တူညီသည်။ ဥပမာအားဖြင့် USD (အမေရိကန်ဒေါ်လာ) သည် ဂဏန်းကုဒ် ၈၄၀ ရှိပြီး၊ ၎င်းသည် “US” (အမေရိကန်ပြည်ထောင်စု) အတွက် ISO 3166-1 ကုဒ်နှင့်တူညီသည်။
ISO 4217 ငွေကြေးကုဒ်နံပါတ်များ
[ပြင်ဆင်ရန်]မှတ်စု
[ပြင်ဆင်ရန်]- ↑ The number of digits after the decimal separator.
- ↑ Entities listed in the ISO 4217 standard. See the list of circulating currencies for de facto currency use.
- 1 2 3 4 Not part of the European Union, but uses euro via monetary agreement.
- 1 2 Adopted unilaterally, not an actual part of the eurozone.
- ↑ Jeon is defined as 1/100 won by the Bank of Korea Act, Article 47-2,[၅] but it is not practically used and only used for exchange rates.
- 1 2 The Malagasy ariary and the Mauritanian ouguiya are technically divided into five subunits (the iraimbilanja and khoum respectively) the coins display "1/5" on their face and are referred to as a "fifth" (Khoum/cinquième); These are not used in practice, but when written out, a single significant digit is used. E.g. 1.2 UM.
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www.six-group.com/en/products-services/financial-information/data-standards.html
- ↑ Renminbi Services။ 14 February 2018 တွင် ပြန်စစ်ပြီး။
- 1 2 Unidad de valor real (UVR) – Banco de la República de Colombia (in es)။ 29 November 2013 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 163။ SIX Interbank Clearing (2017-06-09)။
- ↑ Bank of Korea Act။ Korea Legislation Research Institute။ August 20, 2021 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 165။ SIX Interbank Clearing (2017-12-14)။
- 1 2 3 ISO 4217 Amendment Number 168။ SIX Interbank Clearing (2018-08-02)။ 2020-08-07 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 171။ SIX Interbank Clearing (2022-03-16)။ 2022-11-03 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 172။ SIX Interbank Clearing (2022-06-27)။ 2022-11-03 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 173။ SIX Interbank Clearing (2022-09-23)။ 2022-11-03 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 164။ SIX Interbank Clearing (2017-09-22)။
- ↑ ISO 4217 Amendment Number 169။ SIX Interbank Clearing (2018-08-17)။ 2020-08-07 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 170။ SIX Interbank Clearing (2021-10-01)။ 2021-10-01 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 179။ SIX Interbank Clearing (2025-05-02)။ 2025-05-20 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 148။ SIX Interbank Clearing (2010-08-17)။
- ↑ ISO 4217 Amendment Number 151။ SIX Interbank Clearing (2011-04-07)။ 2020-08-07 တွင် ပြန်စစ်ပြီး။
- ↑ ISO 4217 Amendment Number 177 (in en-us)။ SIX Group (20 June 2024)။ 20 June 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 June 2024 တွင် ပြန်စစ်ပြီး။