ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း

ဝီကီပီးဒီးယား မှ
(Hollywood Walk of Fame မှ ပြန်ညွှန်းထားသည်)
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း
Hollywood Walk of Fame
6801 Hollywood Boulevard
near the Dolby Theatre
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း သည် လော့စ်အိန်ဂျယ်လိစ်မြို့ တွင် တည်ရှိသည်
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း
ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း
လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း တည်နေရာ
တည်ထောင်ခြင်း၁၉၅၈ ခုနှစ်
ကိုဩဒိနိတ်34°06′06″N 118°19′36″W / 34.101630°N 118.326684°W / 34.101630; -118.326684
အမျိုးအစားဖျော်ဖြေရေးဆိုင်ရာ ကျော်ကြားမှုခန်းမ
လည်ပတ်သူများနှစ်စဉ် ၁၀ သန်းခန့်
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်
ရွေးချယ်ခြင်းဇူလိုင် ၅၊ ၁၉၇၈
ရည်ညွှန်းနံပါတ်194

ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း (အင်္ဂလိပ်: Hollywood Walk of Fame) သည် အမေရိကန်နိုင်ငံလော့စ်အိန်ဂျယ်လိစ်မြို့ဟောလိဝုဒ် ရုပ်ရှင်နယ်မြေကြီးတွင် ရှိသည့် ပြတိုက်ဆန်ဆန် နေရာတစ်ခု ဖြစ်သည်။ ရုပ်ရှင်၊ ဂီတ၊ ရုပ်မြင်သံကြား၊ ရေဒီယို စသည့် ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်ကျော်ကြားသော အနုပညာရှင် ငွေကြယ်ပွင့်များကို ဂုဏ်ပြုသည့်အနေဖြင့် ကြေးဝါစသည်ဖြင့် ပြုလုပ်ထားသည့် ထိပ်ချွန်းငါးဖက်ပါ အထိမ်းအမှတ်ကြယ်ပွင့်များကို ထိုလျှောက်လမ်းတစ်လျှောက်တွင် အမှတ်တရ မော်ကွန်းတင်ထည့်သွင်းမြှုပ်နှံထားသည်။ ဟောလိဝုဒ်လမ်းကျယ်ကြီး (Hollywood Boulevard) ၏ ဘလောက် ၁၅ ခုနှင့် ဗိုင်းန်လမ်း (Vine Street) ၏ ဘလောက် ၃ ခုတို့ တစ်လျှောက်တွင် ကြယ်ပွင့်ပေါင်း ၂၆၀၀ ကျော်ကို မြှုပ်နှံထားခြင်း ဖြစ်သည်။[၁] ထိုကြယ်ပွင့်များသည် ဖျော်ဖြေရေးဆိုင်ရာ ထုတ်လုပ်မှုများတွင် အောင်မြင်ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်၊ ဂီတပညာရှင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတဆိုင်ရာအဖွဲ့၊ စိတ်ကူးယဉ်ဇာတ်ကောင် စသူတို့ကို ဂုဏ်ပြုမော်ကွန်းစိုက်ထူထားခြင်း ဖြစ်သည်။ ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ်လမ်းကြောင်းသည် နှစ်စဉ် ခရီးသွားဧည့်သည်ပေါင်း ၁၀ သန်းခန့် လာရောက်လည်ပတ်သော လူသိများသည့် နာမည်ကြီးနေရာတစ်ခု ဖြစ်သည်။[၂]

ဖော်ပြချက်[ပြင်ဆင်ရန်]

အထိမ်းအမှတ်လျှောက်လမ်းသည် ဂိုဝါလမ်း (Gower Street) မှ လာဘီရာရိပ်သာလမ်း (La Brea Avenue) အထိ ဟောလိဝုဒ်လမ်းကျယ်ကြီးပေါ်တွင် အရှေ့မှ အနောက်သို့ ၁.၃ မိုင် (၂.၁ ကီလိုမီတာ) ရှိပြီး၊ ဟောလိဝုဒ်နှင့် လာဘီရာ ကြားတွင် ထောင့်ဖြတ်လမ်းတိုပိုင်းတစ်ခု ပေါင်းထည့်သည်။ ယုကလမ်း (Yucca Street) နှင့် နေဝင်ချိန်လမ်းမ (Sunset Boulevard) ကြား ဗိုင်းန်လမ်းပေါ်တွင် မြောက်မှ တောင်သို့ ဝ.၄ မိုင် (ဝ.၇ ကီလိုမီတာ) ရှိသည်။

အမျိုးအစား[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ်တွင် ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်းတွင် ၆ ပေ (၁.၈ မီတာ) ခြားတစ်ခါ ကြယ်ပွင့်ပေါင်း ၂၆၀၀ ကျော် ရှိသည်။ [၁] ထိုကြယ်ပွင့်များတွင် ဂုဏ်ပြုခြင်းခံရသူ၏ အမည်ကို ထွင်းထားပြီး သက်ဆိုင်ရာကဏ္ဍ အမျိုးအစားအလိုက် အမှတ်တံဆိပ် ပုံရိပ်များကို ထည့်သွင်းထားသေးသည်။ ကဏ္ဍအလိုက် ပုံရိပ်အမျိုးအစားငါးမျိုးရှိပြီး ၎င်းတို့မှာ

  • ရုပ်ရှင်ကင်မရာ တံဆိပ် (ရုပ်ရှင်ဇာတ်ကားများ အတွက်)
  • ရုပ်မြင်သံကြား တံဆိပ် (ရုပ်မြင်သံကြား အတွက်)
  • ဓာတ်ပြားခွေ တံဆိပ် (အသံသွင်းနှင့် ဂီတဆိုင်ရာ အတွက်)
  • ရေဒီယိုမိုက်ခရိုဖုန်း တံဆိပ် (ရေဒီယိုဆိုင်ရာ အတွက်)
  • ဟာသရုပ်ပြောင်မျက်နှာဖုံး တံဆိပ် (ပြဇာတ်များ အတွက်) တို့ ဖြစ်သည်။ လျှောက်လမ်းရှိ ကြယ်ပွင့်များအနက် ရုပ်ရှင်ဆိုင်ရာ ၄၇ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြားဆိုင်ရာ ၂၄ ရာခိုင်နှုန်း၊ အသံသွင်းဆိုင်ရာ ၁၇ ရာခိုင်နှုန်း၊ ရေဒီယိုဆိုင်ရာ ၁၀ ရာခိုင်နှုန်းနှင့် ပြဇာတ်ဆိုင်ရာ ၂ ရာခိုင်နှုန်း ရှိပြီး၊ တစ်နှစ်လျှင် ခန့်မှန်းခြေ ကြယ်အသစ် ၂၀ ခန့် ထပ်မံမော်ကွန်းတင်လေ့ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Upcoming Star Ceremonies။ Hollywood Chamber of Commerce (February 10, 2017)။ February 10, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 10, 2017 တွင် ပြန်စစ်ပြီး။ “Dedication of the 2,601st star on the Hollywood Walk of Fame”
  2. Martín၊ Hugo။ "Golden milestone for the Hollywood Walk of Fame" (in en-US)၊ Los Angeles Times၊ 2010-02-06။