အကူအညီ:Wiki Markup နှင့် ပုံတင်ခြင်း မိတ်ဆက်/၃

ဝီကီပီးဒီးယား မှ


မိတ်ဆက်
ဝီကီပီးဒီးယားသို့ ပုံများတင်ခြင်း

မူပိုင်ခွင့် လွတ်လပ်သော အကြောင်းအရာ
ကျွန်ုပ်တို့ ပိုမိုလိုလားသည့် ပုံအမျိုးအစား

အခမဲ့မဟုတ်သော အကြောင်းအရာ
တစ်ခါတစ်ရံ လက်ခံသည်

Wikimedia Commons
ပုံများကို ပိုမိုကျယ်ပြန့်စွာ မျှဝေခြင်း

ပုံအသုံးပြုခြင်း
ဆောင်းပါးတွင်းသို့ ထည့်သွင်းခြင်း

အကျဉ်းချုပ်
သင်ဘာတွေ တတ်ကျွမ်းသွားသလဲ ကြည့်ရအောင်




တစ်ခါတစ်ရံတွင် အကြောင်းအရာသီးသန့် တစ်ခုအတွက် လွတ်လပ်သည့် ပုံတစ်ပုံရှိမနေနိုင်ပါ။ သို့အတွက်ကြောင့် မြန်မာဝီကီပီးဒီးယားသည် သီးသန့်အခြေအနေများတွင် အခမဲ့မဟုတ်သော အကြောင်းအရာ (non-free content) များကို ကန့်သတ်အရေအတွက်ဖြင့် ခွင့်ပြုထားသည်။ နမူနာပြရသော် စာအုပ်မျက်နှာဖုံးများ၊ ဂီတနှင့် ဗီဒီယိုဂိမ်း မျက်နှာဖုံးကာဗာများ၊ အဖွဲ့အစည်းလိုဂိုများ၊ ဆော့ဖ်ဝဲလ် သို့မဟုတ် ဝက်ဘ်စာမျက်နှာများ၏ screenshot များ စသည်တို့ ဖြစ်သည်။ အခမဲ့မဟုတ်သော အကြောင်းအရာများအား အနည်းဆုံး ပမာဏဖြင့် ထိန်းသိမ်းရန်အတွက် ဝီကီပီးဒီးယား၏ သတ်မှတ်ချက်များသည် ပိုမိုတင်းကြပ်သော်လည်း ဤသည်မှာ ဥပဒေကြောင်းအရ တရားမျှတစွာ အသုံးပြုခြင်း ဖြစ်သည်။


အခမဲ့မဟုတ်သော အကြောင်းအရာအတွက် လိုအပ်ချက်များ အပြည့်အစုံကို ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက် တွင် တွေ့ရှိနိုင်ပါသည်။ အကျဉ်းချုပ်အားဖြင့် အခမဲ့မဟုတ်သည့် ပုံတစ်ပုံသည် အောက်ပါ အချက်များအားလုံးနှင့် ကိုက်ညီနေမှသာလျှင် ပုံအား ထိန်းသိမ်းထားမည် ဖြစ်သည်။

  • အနည်းဆုံး ဆောင်းပါးတစ်ခုတွင် အသုံးပြုထားရမည်။ (ပုဂ္ဂိုလ်ရေးရာ အသုံးပြုသူစာမျက်နှာများကဲ့သို့သော ဆောင်းပါးမဟုတ်သော စာမျက်နှာများတွင် အသုံးပြုခြင်းအား တားမြစ်ထားသည်။)
  • ဆောင်းပါးတွင်းတွင် ထည့်သွင်းထားခြင်းသည် စာဖတ်သူများအား အကြောင်းအရာကို သိသိသာသာ ပိုမိုနားလည်စေနိုင်ရမည်ဖြစ်ပြီး ထိုသို့နားလည်စေခြင်းအား မထိခိုက်မနစ်နာစေရပါ။
  • တူညီသော စွယ်စုံကျမ်းရည်ရွယ်ချက်အတိုင်း ဖြစ်စေမည့် အခြားသော တူညီသည့် အခမဲ့အကြောင်းအရာ မရှိစေရ၊ သို့မဟုတ် မဖန်တီးစေရ။
  • ယင်း၏ အသုံးပြုခြင်းသည် ပိုင်ဆိုင်သူ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း မရှိစေရ။ (ဆိုလိုသည်မှာ ပုံ၏ အရည်အသွေးသည် နားလည်နိုင်ရန် လိုအပ်သည်ထက် ပိုမိုကောင်းမွန်နေစေခြင်း မရှိစေရန် ဖြစ်သည်။)


ပုံ၏ ဖော်ပြချက် စာမျက်နှာတွင်လည်း အောက်ပါအချက်များ ပါရှိနေရမည်။

  • ပုံ၏ ရင်းမြစ်နှင့် ဖြစ်နိုင်ပါက ဖန်တီးသူ၊ ထုတ်ဝေသူနှင့် မူပိုင်ခွင့်ပိုင်ရှင် အချက်အလက်များ
  • Wikipedia:File copyright tags/Non-free မှ သင့်လျော်သော မူပိုင်ခွင့် စာတွဲ
  • အသုံးပြုထားသည့် ဆောင်းပါးတစ်ခုချင်းစီ၏ အမည်နှင့် တစ်ခုချင်းစီ အသုံးအတွက် {{Non-free use rationale}} အပြည့်အစုံ


အခမဲ့မဟုတ်သည့် ပုံများအား အလွယ်ကူဆုံးတင်ရန် နည်းလမ်းမှာ ဝီကီပီးဒီးယား၏ File Upload Wizard ဖြစ်ပြီး ယင်းသည် လိုအပ်သည့် အချက်အလက်များ ထည့်သွင်းနိုင်ရန် ကူညီပေးပါလိမ့်မည်။