အကူအညီ:ပုံတင်နည်းလမ်းညွှန်

ဝီကီပီးဒီးယား မှ

ဤစာမျက်နှာတွင် ဝီကီပီးဒီးယားတွင် ပုံတင်ခြင်းနှင့် ထည့်သွင်းအသုံးပြုခြင်း နည်းလမ်းများကို ရှင်းပြထားသည်။ ပုံတင်ခြင်း သို့မဟုတ် ဆောင်းပါးအတွက် သင့်လျော်သည့် ပုံကို ရွေးချယ်ခြင်းအတွက် အကူအညီလိုအပ်ပါက ပုံအသုံးပြုခြင်း မူဝါဒ ကို ဖတ်ရှုပါ။ အင်တာနက်ပေါ်တွင် တွေ့ရှိနိုင်သော အလွန်များပြားသည့် ပုံများနှင့် မာလတီမီဒီယာဖိုင်များသည် ဝီကီပီးဒီးယားပေါ်တွင် အသုံးပြုရန်အတွက် မသင့်တော်ပါ။ တင်မည့်ဖိုင်သည် ဝီကီပီးဒီးယားတွင် လက်ခံနိုင်သည့် ဖိုင်ဖြစ်ရန် သတိပြုပါ။ ဝီကီပီးဒီးယား၏ မူပိုင်ခွင့် မူဝါဒကိုလည်း ဖတ်ရှုပါ။ ဖြစ်နိုင်ပါက တင်မည့်ပုံသည် အရည်အသွေးကောင်းမွန်သည့် ပုံကိုသာ တင်ပါ။ သို့သော် ဖိုင်ဆိုဒ်သည် ၁၀၀ မက်ဂါဘိုက်ထက် မကျော်လွန်စေရန် သတိပြုပါ။

ပုံ မတင်မီ မိမိရေးသားထားသော အကြောင်းအရာအား အင်္ဂလိပ်ဝီကီပီးဒီးယားတွင် (သို့မဟုတ်) Wikimedia Commons တွင် အလျင် ဝင်ရောက် မွှေနှောက်ပါ။ လိုအပ်သော ပုံများအား တွေ့ရှိနိုင်ပါသည်။ ထိုပုံများကို ပြန်လည် သုံးစွဲခြင်းဖြင့် ပုံဖောင်းပွမှုအား ထိန်းချုပ်နိုင်ပါသည်။ ထိုပုံများအား ပြန်လည်အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော အရည်အသွေးများရရှိပြီး၊ ၎င်းပုံအား ဝီကီသူကြီး တစ်ဦးတစ်ယောက်မှ Update ပြုလုပ်ပြီးချိန်တွင် မိမိတို့အသုံးပြုထားသော ထိုပုံသည် အလိုအလျောက် Update ဖြစ်မည် ဖြစ်ပါသည်။

ပုံ တင်ရန်အတွက် ဝင်ခြင်းနှင့် အခြား[ပြင်ဆင်ရန်]

မိမိသည် လိုအပ်သော ပုံ များကို တင်နိုင်ရန်အတွက် Log In ဝင်ရောက်ရန် လိုအပ်ပေမည်။ အကယ်၍ မိမိသည် လော့ဂ် အင် မဝင်ထားသော ပုံတင်ရန်အတွက် "ဖိုင်တင်ရန်" ဆိုသည့် စာကြောင်းအား မြင်တွေ့ရမည် မဟုတ်ချေ။ လော့ဂ်အင် ဝင်ပြီး ဖြစ်သည်။ သို့သော် ဖိုင်တင်ရန် ဆိုသည့် စာကြောင်းအား မမြင်တွေ့ရသေးလျှင် အောက်ပါအကြောင်းကြောင့် ဖြစ်မည်။ အကောင့်လုပ်ပြီး လေးရက်ကြာမှ Autoconfirmed user အဆင့်ရောက်ရှိမှာဖြစ်ပြီး။ တချို့အပိုင်းများသည် Autoconfirmed user ဖြစ်ပြီးမှ အသုံးပြုနိုင်မည် ဖြစ်သည်။

ကွန်ပျူတာထဲမှ ပုံကို တင်ခြင်း[ပြင်ဆင်ရန်]

ပြင်ချင်သော (သို့မဟုတ်) ပုံထည့်သွင်းလိုသော အကြောင်းအရာတွေ့ရင် အဆိုပါအကြောင်းအရာဘယ်ဘက်ရှိ (လက်စွဲကိရိယာများ) အောက်ရှိ ဖိုင်တင်ရန် ကို နိုပ်လိုက်ပါ။ ချွင်းချက်အနေဖြင့် မိမိသည် wikipedia တွင် Sign In ဝင်ပြီးသားဖြစ်ရမည် ဖြစ်ပြီး ထိုမှသာလျှင် ဖိုင်တင်ရန် ဟူသော စာသားအား တွေ့မြင်ရမည် ဖြစ်သည်။ အောက်ပါပုံကို လေ့လာနိုင်ပါသည်။

ပုံတင်ရန် နမူနာ ၁
ပုံတင်ရန် နမူနာ ၂

ပြီးရင် ပုံမှန် Upload တင်နည်းအတိုင်း တင်ပို့နိုင်ပါသည်။

တင်ပြီးပုံများ ပြန်လည်သုံးစွဲနည်း[ပြင်ဆင်ရန်]

မိမိတင်ထားသော ပုံတစ်ပုံ (သို့မဟုတ်) အခြားသူ တင်ထားသော ပုံတစ်ပုံကို သုံးစွဲရာတွင် ပုံ၏အမည်ကို ကူးယူပါ။ အောက်ပါပုံ၌ ပြထားသော မျဉ်းနီသားထားသော စာသားသည် မိမိ အသုံးပြုမည့် ဖိုင်အမည်ဖြစ်သည်။ ထိုအမည်ကို ကူးယူပါ။

ဥပမာပုံစံ

ထို့နောက် အောက်ပါကုဒ်ကို ရေးသားနိုင်ပါသည်။ Image:ဖိုင်အမည်|thumb|150px|မိမိ ရေးသားချင်သော အကြောင်းအရာဖြစ်သည်။ ထို့နောက် Image: ဟူသော စာသားရှေ့တွင်( [[ )ကို ထည့်ပေးရမည်၊၊ ထို့ကြောင့် ( [[Image:ဖိုင်အမည် )ကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ ထို့နောက် နောက်ပိတ် အနေဖြင့် ]] ကို ထည့်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် အောက်ပါအတိုင်း ဖြစ်မည်။ ( |thumb|150px|မိမိ ရေးသားချင်သော အကြောင်းအရာ]] )အတိုင်း ဖြစ်မည်ဖြစ်သည်။ ဤနေရာတွင် 150px သည် ပုံ၏ အရွယ်အစားအတွက် ဖြစ်သည်။ ထိုနေရာတွင် ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ အကယ်၍ သင်သည် 280px ထားလျှင် အောက်ပါပုံအတိုင်း ပြမည်ဖြစ်သည်။ ထိုအပြင် ပုံ သို့မဟုတ် ဖိုင်တစ်ခုအား နေရာရွေ့နိုင်သေးသည်။

မြန်မာနိုင်ငံတော် အလံဘယ်ဘက်တွင်
  • | thumb|left|150px ဟူ၍ ရေးလျှင် ပုံသည် ဘယ်ဘက်သို့ ရွှေ့သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတော် အလံ ညာဘက်တွင်
  • | thumb|right|150px ဟုရေးလျှင် ညာဘက်သို့ ရွှေ့သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတော် အလံ အလယ်တွင်
  • | thumb|center|150px ဟုရေ:လျှင် အလယ်တွင် ရှိနေပေမည် ဖြစ်သည်။
မြန်မာနိုင်ငံတော် အလံ အလယ်တွင်
  • | thumb|100px]] ဟုရေးလျှင် ပုံသည် ၁၀၀ ပစ်ဇယ်မျှ ပြပေးမည် ဖြစ်သည်။ |thumb|မိမိထည့်ချင်သော အတိုင်းအတာpx| ဟူ၍ ဖြစ်မည်။

ဂယ်လာရီ (Gallery) ပြုလုပ်ခြင်း[ပြင်ဆင်ရန်]

ဆောင်းပါတစ်ခုအား မြိုင်ဆိုင်၊ ဝေဆာစေရန်အတွက် ဓာတ်ပုံများအား စနစ်တကျ ထည့်သွင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ ၎င်းမှာ ခက်ခဲလှသည် မဟုတ်ချေ။ အောက်ပါကုဒ်များအား ကူးယူပါ။ ပြီးလျှင် ၏ နောက်တွင် ဖိုင်အမည်အား ထည့်သွင်းပါ။ ( | (အိုင်) သို့မဟုတ် (အယ်) အက္ခရာသေး မဟုတ်ချေ)ခြားပါ။ Back Key ၏ ဘယ်ဘက်တွင် ရှိသော ခလုတ်အား Shift နိုပ်၍ ရယူနိုင်သည်။ ထို့နောက် ၎င်းနှင့် သက်ဆိုင်သော အမည် ရေးသားနိုင်ပါသည်။

<gallery> 
Image:|
Image:|
Image:|
</gallery>

ထိုနေရာတွင်၊ Image: ၏ နောက်၌ ဖိုင်အမည် အားထည့်သွင်းပါ။ | ၏ နောက်တွင်မူ သက်ဆိုင်သော အမည်အား ရေးသားနိုင်ပါသည်။

 <gallery perrow=လိုအပ်သော တိုင်အရေအတွက်>

ကဲ့သို့ ရေးသားခြင်းဖြင့် လိုအပ်သော တိုင် အရေအတွက်ကို ထည့်သွင်းနိုင်သည်။ ဥပမာ အနေဖြင့်- မြန်မာနိုင်ငံတော် အလံအား ၄ တိုင် ဖော်ပြရန်လိုအပ်သည်။ ထို့ကြောင့် Flag of Myanmar.svg မှာ ဖိုင်အမည် ဖြစ်သည်။ perrow= တွင် 4 ထည့်သွင်းလိုက်သည်။ Myanmar Flag 1၊ 2 ၊ 3 ၊ 4 မှာ သက်ဆိုင်သော အမည်ဖြစ်သည်။ ဤသို့ ရရှိပါမည်။

နမူနာ[ပြင်ဆင်ရန်]

နမူနာ လေ့လာရန်: ဗိုလ်ချုပ်အောင်ဆန်း