စုစုပေါင်း ပြည်တွင်းထုတ်ကုန်

ဝီကီပီးဒီးယား မှ
(GDP(PPP) မှ ပြန်ညွှန်းထားသည်)

ဒေသနယ်‌မြေတစ်‌ခု၏ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု သို့မဟုတ် "ဂျီဒီပီ (gross domestic product, GDP)" ဆိုသည်‌မှာ ယင်း၏ စီးပွားရေး အဆောက်‌အအုံကြီး၏ ပမာဏအား တိုင်းတာသည့်‌ စနစ်‌တစ်‌ခုဖြစ်‌သည်။ နိုင်‌ငံတစ်‌ခု၏ 'ဂျီဒီပီ' ဟုဆိုရာတွင် တိုင်းပြည်တစ်‌ခု၏ သတ်မှတ်‌သော ကာလတစ်‌ခုအတွင်း အပြီးသတ်‌ ထုတ်‌လုပ်ပြီးသော ကုန်‌ပစ္စည်းများနှင့် ဝန်‌ဆောင်‌မှုများ အားလုံး၏ ဈေးကွက်‌တန်‌ဖိုးကို ဆိုလိုသည်။ တစ်‌နည်းအားဖြင့် အပြီးသတ်‌ပစ္စည်း ထုတ်‌လုပ်‌သည့် အဆင့်တိုင်းတွင် တန်‌ဖိုး မြင့်တက်‌အောင် ပေါင်းထည့်‌ရသော တန်‌ဖိုးနှင့် ဝန်ဆောင်‌မှု စုစုပေါင်းတို့၏ တန်‌ဖိုးကို သတ်‌မှတ်‌သည့် ကာလတစ်‌ခုအတွင်း တွက်ချက်၍ ရသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ ၁၉၈ဝ ပြည့်လွန်နှစ်များထိ အမေရိကန်နိုင်ငံတွင် 'ဂျီအင်ပီ' သို့မဟုတ် နိုင်ငံ၏ ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်း အတွက် အသုံးပြုခဲ့သော ဝေါဟာရ နှစ်ခုဖြစ်သည့် 'ဂျီဒီပီ' နှင့် 'ဂျီအင်ပီ' မှာ အတူတူနီးပါး ဖြစ်သည်။

'ဂျီဒီပီ' ကို အလွယ်ကူဆုံး ရှင်းလင်းစွာ သဘောပေါက်ရန်နှင့် တိုင်းတာရန် ချဉ်းကပ်နည်းမှာ ကုန်ကျစရိတ်ဖြင့် တွက်ချက်ခြင်းပင်ဖြစ်သည်။

ဂျီဒီပီ = စားသုံးမှု+ ရင်းနှီး မြှုပ်နှံမှု+ အစိုးရအသုံးစရိတ်+ (ထုတ်ကုန်-သွင်းကုန်)

'စုစုပေါင်း' ဟု ဆိုရာတွင် မတည်ပစ္စည်း၏ အလျော့တွက်တန်ဖိုးကို ထည့်သွင်းမထားချေ။ တန်ဖိုးလျှော့ကာ အသားတင် ရင်းနှီးမြှုပ်နှံမှုကိုသုံးပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု မဟုတ်ခဲ့လျှင် အသားတင်ပြည်တွင်း ထုတ်လုပ်မှုဖြစ်မည်။ ဤညီမျှခြင်း၏ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ အပြီးသတ် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုတို့အတွက် ကုန်ကျစရိတ် ဖြစ်လေသည်။ ညီမျှခြင်းတွင် ထုတ်ကုန် အနုတ် သွင်းကုန်ပိုင်း (တစ်စတစ်စ တိုးလာသော ထုတ်ကုန်ဟုလည်း ခေါ် လေ့ရှိ) တွင် ပြည်တွင်းထုတ်လုပ်မှုမဟုတ် (သွင်းကုန်) ဟူသည့်အပိုင်း၌ နုတ်ယူညှိချပြီး ပြည်တွင်း ထုတ်လုပ်မှု ပြည်တွင်း၌ မစားသုံး (ထုတ်ကုန်) ဘဲပြန်တင်ပို့သည့်ကိန်းတွင် ပေါင်းထည့်လိုက်ပါ။ စီးပွား ရေးပညာရှင်များ (ကိန်း ခေတ်မှစ၍) သည်အထွေထွေစားသုံးမှုကို နှစ်ပိုင်းခွဲ၍ စဉ်းစားလိုစိတ် ရှိကြသည်။ ပုဂ္ဂလိက စားသုံးမှုနှင့် ပြည်သူပိုင် ကဏ္ဍ (အစိုးရ) အသုံးစရိတ်ဟူ၍ ဖြစ်သည်။ မက်ခရို စီးပွား ရေးလေ့လာမှု ပညာတွင် စုစုပေါင်းစားသုံးမှုကို ဤသို့ သဘောတရား ရေးရာ ခွဲခြား ခြင်း၌ အကျိုး ကျေးဇူး နှစ်မျိုးမှာ- -ပုဂ္ဂလိက စားသုံးမှုသည် လူမှုဖူလုံမှု စီးပွား ရေးပညာ၏ အဓိကကျသော ဇောင်းပေးမှုဖြစ်သည်။ စီးပွားရေးတစ်ခုလုံး၏ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့ကို နောက်ဆုံးတွင် (ပင်မရေစီး ကြောင်း စီးပွား ရေးပုံစံများတွင်) ရေရှည် ပုဂ္ဂလိကစားသုံးမှု တိုးလာစေရန်ဘက်သို့ ရည်ရွယ်လေ သည်။ -အတွင်းမှ ပေါ်လာသော ပုဂ္ဂလိကစားသုံးမှုမှ ဖယ်ထုတ်လိုက်လျှင် အစိုးရအသုံးစရိတ်ကို ပြင်ပသုံးစရိတ်အဖြစ် ပြနိုင်ပြီး အဓိပ္ပာယ်ရှိသည့် မက်ခရို စီးပွားရေး လေ့လာမှုဘောင်အတွင်း ကွဲပြားသည့် အစိုးရအသုံးစရိတ်အဆင့်များကို စဉ်းစား၍ ရနိုင်သည်။

ဂျီဒီပီ၏ အစိတ်‌အပိုင်းဇယား[ပြင်ဆင်ရန်]

ကိန်းရှင်များ C,I,G နှင့် NX (ဂျီဒီမှာ= C+ I +G + NX အထက်ပါအတိုင်း)

- C သည် ပုဂ္ဂလိက စားသုံးမှုဖြစ်သည် (သို့မဟုတ် စားသုံးသူ၏ အသုံးစရိတ်)။ ဤသည်တွင် အိမ်ထောင်စုများ၏ စရိတ်အားလုံးနီးပါး ပါဝင်ပြီး စားကုန်များ၊ ငှားရမ်းခများ၊ ဆေးကုသခများ စသည်တို့ဖြစ်ပြီး အိုးအိမ်သစ် ကုန်ကျစရိတ် မပါချေ။

- I သည် မတည်ရင်းနှီးငွေ ပါဝင်သည်။ စီးပွားရေး မတည်ရင်းနှီးငွေတွင် ဥပမာအားဖြင့် သတ္တုတွင်းသစ် ဖွင့်လှစ်ခြင်း၊ ဆော့ဖ်ဝဲဝယ်ယူမှု၊ စက်ရုံအတွက် စက်နှင့် စက်ပစ္စည်းဝယ်ယူမှုများ ပါဝင်သည်။ အိမ်ထောင်စုများက အိုးသစ်အိမ်သစ် ဝယ်ယူမှုများသည်လည်း ရင်းနှီး မြှုပ်နှံမှုတွင် ပါဝင်သည်။ 'ဂျီဒီပီ' ၏ ရင်းနှီး မြှုပ်နှံမှုတွင် ငွေကြေးမဟုတ်သော ဝယ်ယူမှုများဟု သေချာစွာပိုင်းခြား ဖော်ပြထားသည်။

မက်ခရိုစီးပွားရေးပညာ တွင် ငွေကြေးဆိုင်ရာ ကုန်ပစ္စည်းဝယ်ယူမှုကို စုဆောင်း ငွေအောက်တွင် ထည့်သွင်းပြီး ရင်းနှီး မြှုပ်နှံမှုအောက်တွင် မထည့်သွင်း ချေ။ (ဂျီဒီပီ ဖော်မြူလာအောက်တွင် အသုံးစရိတ် အဖြစ် တွေ့ ရသည်။) ကွဲပြား ခြားနားမှုမှာ (စာတွေ့တွင်) ရှင်းပါသည်။

ငွေကြေးကို ကုန် သို့မဟုတ် ဝန်ဆောင်မှုအဖြစ် ပြောင်းလိုက်လျှင်၊ တစ်ခုခုဖြင့် အစားထိုး ပြန် မရနိုင်လျှင် ၎င်းသည် ရင်းနှီး မြှုပ်နှံမှုအဖြစ် ယူဆသည်။ ဥပမာအား ဖြင့် ငွေချေးစာချုပ် သို့မဟုတ် ရှယ်ယာတစ်ခုဝယ်လျှင် တန်ဖိုးကို ရယူပိုင်ဆိုင်မှုမှာ အမည်ခံမျှသာဖြစ်ပြီး ဤပြောင်းလဲပေးချေခြင်းကို 'ဂျီဒီပီ' ၏ စုစုပေါင်း တန်ဖိုးထဲတွင် မထည့်သွင်းပေ။ သာမန်အားဖြင့် ဤဝယ်ယူမှုမျိုးကို ရင်းနှီး မြှုပ်နှံမှုဟုဆိုမည်ဖြစ်သည်။ စီးပွားရေးကဏ္ဍ တစ်ရပ်လုံးကို ခြုံစဉ်းစားလျှင် ဤကိစ္စများမှာ ပိုင်ဆိုင်မှု ဖလှယ်ခြင်းသက်သက် သာဖြစ်ပြီး အမှန်တကယ် စီးပွားရေး သို့မဟုတ် 'ဂျီဒီပီ'ဖော်မြူလာတွင် အကျုံးမဝင်ပေ။

- G သည် အစိုးရ၏ အပြီးသတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ်တွင် ကုန်ကျပြီး သော အသုံးစရိတ်ဖြစ်သည်။ အစိုးရဝန်ထမ်းများအတွက် ပေးရသော လစာငွေများ၊ စစ်လက်နက်ဝယ်ယူခများနှင့် အစိုးရ၏ မည်သည့်ရင်းနှီးမြှုပ်နှံမှုမဆို အကျုံးဝင်သည်။ ပြောင်းလဲပေးသွင်းရ ငွေများ ဖြစ်သည်။ လူမှုဖူလုံရေး ထောက်ပံ့ငွေ သို့မဟုတ် အလုပ်လက်မဲ့နစ်နာကြေးများ အကျုံးမဝင်ချေ။ 'ဂျီဒီပီ'တစ်ခုလုံးနှင့်ယှဉ်သော် တွေ့ ရသည့် အစိုးရအသုံးစရိတ် တစ်ခုလုံး၏ နှိုင်းယှဉ်ထုထည်မှာ အဖျားရှူးသွား ခြင်း သီအိုရီနှင့် ကိန်း၏ သဘောတရားများ စပ်ကြားတွင် အခရာကျလှသည်။

- X သည် စုစုပေါင်း ပို႔ကုန်ဖြစ်သည်။ ဂျီဒီပီသည် တိုင်း ပြည်တစ်ခု၏ ကုန်ထုတ်လုပ်မှုအားလုံး၊ နိုင်ငံခြား စားသုံးမှုအတွက် ပါဝင်သော ကုန်ထုတ်လုပ်မှုများနှင့် ဝန်ဆောင်မှုအားလုံး အပါအဝင်ကို ထည့်သွင်းစဉ်းစားသည့်အတွက် ထုတ်ကုန်များကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။

- M သည် စုစုပေါင်းတင်သွင်းမှုဖြစ်သည်။ သွင်းကုန်ကို နုတ်ယူရသည်။ အကြောင်းမှာ သွင်းကုန်သည် G , I သို့မဟုတ် C တို့တွင် ပါဝင်မည်ဖြစ်သဖြင့် နိုင်ငံရပ်ခြားထုတ်လုပ်မှုကို ပြည်တွင်းစားသုံးမှုအဖြစ် မရေတွက်မိစေရန် ဖြစ်သည်။

- NX သည် စီးပွား ရေးတစ်ခု၏ 'စုစုပေါင်းထုတ်ကုန်' ဖြစ်သည်။ စုစုပေါင်းထုတ်ကုန်၊ စုစုပေါင်းငွေ သွင်းကုန် ပုံသေ ဆက်စပ်မှုရှိသည်။ NX = X - M

တစ်မျိုးသားလုံး၏ စာရင်းရှင်းတမ်း[ပြင်ဆင်ရန်]

-ကိန်း၏ သဘောတရားများ သို့မဟုတ် လက်သစ်ဂန္ထဝင် စီးပွားရေးပညာ ကိစ္စရပ်များကို ကောင်းစွာ နားလည်သဘောပေါက်ရန် ကိန်းရှင်တစ်ခုစီ၏ ဆိုလိုရင်းကို ကောင်းစွာသိရှိရှင်းလင်းရန် လိုအပ်သည်။

ဂျီဒီပီတွင် ပါဝင်သော ကိန်းရှင်‌နမူနာများ[ပြင်ဆင်ရန်]

C,I,G နှင့် NX နမူနာများ - ဧည့်သည်တိုးပြီးလာစေရန် သင်၏ ဟိုတယ်အား မွမ်းမံပြင်ဆင်ခကုန်ကျလျှင် ၎င်းသည် ပုဂ္ဂလိရင်းနှီး မြှုပ်နှံခြင်း ဖြစ်သည်။ ဤကိစ္စကို ဆောင်ရွက်ရန် ယာယီအကျိုးတူပူး ပေါင်းလုပ်ဆောင်ခဲ့လျှင် ၎င်းသည် စုဆောင်း ငွေဖြစ်သည်။ ပထမအဓိပ္ပာယ်မှာ ဂျီဒီပီကို တွက်ချက်ရာ တွင် အကျုံးဝင်သည်။ ဒုတိယအဓိပ္ပာယ်မှာ မပါဝင်ပေ။ သို့သော်လည်း ယာယီအကျိုးတူလုပ်ငန်းသည် မိမိအသုံးစရိတ်ကို တွက်ချက်ရာတွင် မွမ်းမံပြင်ဆင်စရိတ်ကို ဂျီဒီပီထဲ ထည့်သွင်းမည်ဖြစ်သည်။ အကယ်၍ ဟိုတယ်သည် သင်၏ ကိုယ်ပိုင်နေအိမ်လည်း ဖြစ်ခဲ့လျှင် မွမ်းမံပြင်ဆင်စရိတ် များမှာ စားသုံးမှုဖြစ်မည်။ သို့သော် အကယ်၍ အစိုးရဌာနတစ်ခုက ဤဟိုတယ်ကိုပင် ဝန်ထမ်းများ၏ ရုံးခန်းအဖြစ် ပြောင်းလဲသုံးခဲ့ပါလျှင် ဤမွမ်းမံ ကုန်ကျစရိတ်များသည် ပြည်သူပိုင်သုံးစွဲစရိတ် ခေါင်းစဉ်အောက် ( G ) တွင် ကျရောက်မည်ဖြစ်သည်။

မွမ်းမံပြင်ဆင်မှုတွင် နိုင်ငံခြားမှ မီးဆိုင်းတစ်ခု ဝယ်ယူတင်သွင်း ခြင်း ပါခဲ့လျှင် ယင်းဝယ်ယူမှုကို သွင်းကုန်တွင် ထည့်သွင်းရမည်။ ထိုအခါ NX တန်ဖိုးကျဆင်းသွား သော်လည်း ထိုဝယ်ယူမှုကြောင့် စုစုပေါင်းဂျီဒီပီကို ထိခိုက်ခြင်း မရှိချေ။ (ဤအချက်က ဂျီဒီပီသည် ပြည်တွင်းထုတ်လုပ်မှုကို တိုင်းတာခြင်းသာဖြစ်ပြီး စုစုပေါင်းစားသုံးမှု သို့မဟုတ် သုံးစွဲမှုကို တိုင်းတာခြင်းမဟုတ်ပေ။ သုံးစွဲမှုသည် ထုတ်လုပ်မှုကို ဖော်ပြရာတွင် အဆင်ပြေစေသော တိုင်းတာမှုသာဖြစ်သည်။) သင့်အား ဤမီးဆိုင်းကို နိုင်ငံခြားဟိုတယ်တစ်ခုတွင် ချိတ်ဆွဲရန် ထုတ်လုပ်စေခဲ့လျှင် အထက်ပါ အခြေအနေတစ်ခုလုံး ပြောင်း ပြန်ဖြစ်သွားမည်ဖြစ်ပြီး ရရှိမည့် ပေး ချေငွေမှာ NX တွင် ထည့်သွင်းရမည်ဖြစ်သည်။ (ထုတ်ကုန်အဖြစ် ခိုင်မာစွာပါဝင်သည်။) ဂျီဒီပီကို ဤနေရာတွင် ထုတ်လုပ်မှု အသုံးစရိတ်တစ်ခုအဖြစ် တွေ့ရမည်ဖြစ်သည်။ အကယ်၍ မီးဆိုင်းကို ပြည်တွင်း၌ စားသုံးသူတစ်ဦးမှ သို့မဟုတ် လုပ်ငန်းရှင်တစ်ဦးဦးမှ ဝယ်ယူခဲ့ခြင်း ဖြစ်ခဲ့လျှင် ဂျီဒီပီကိန်းဂဏန်း၏ (C သို့မဟုတ် I ) တွင် ဖော်ပြရမည်ဖြစ်သည်။

သို့သော်လည်း ထုတ်ကုန်အဖြစ် တင်ပို့ထားခြင်း ဖြစ်သဖြင့် ပြည်တွင်းစားသုံးမှု ကိန်းဂဏန်းအား 'အမှန်ပြရန်' ပြင်ဆင်ချက် ထုတ်ပြီး ပြည်တွင်းထုတ်လုပ်မှု အဖြစ် ပြရမည်။ (ပြည်တွင်းစုစုပေါင်း ထုတ်လုပ်မှုတန်ဖိုးမှာကဲ့သို့ ဖြစ်သည်။)

ဂျီပီဝင်ငွေစာရင်း[ပြင်ဆင်ရန်]

ဂျီဒီပီကို တိုင်းတာနည်း နောက်တစ်နည်းမှာ ပေးရန်ရှိဝင်ငွေ စုစုပေါင်းကို တိုင်းတာခြင်း ဖြစ်သည်။ ဤနည်းအား ဖြင့်လည်း ဂျီဒီပီ ကိန်းဂဏန်းကို ယခင်နည်းအတိုင်းပင် ရရှိနိုင်သည်။ ပုံသေနည်း ဖြင့် ချတွက်၍ရလာသော ဂျီဒီပီဝင်ငွေစာရင်း GDP ( I ) သည်- ဂျီဒီပီ= ဝန်ထမ်းအားလုံး၏ ဝင်ငွေ+စုစုပေါင်းလည်ပတ်ငွေမှပိုငွေ+စုစုပေါင်းဝင်ငွေရော+ထုတ်လုပ်စရိတ်နှင့် သွင်းကုန်အပေါ် ပံ့ပိုး ငွေနုတ်ပြီး အခွန် အတုတ်များ -ဝန်ထမ်းအားလုံး၏ ဝင်ငွေ (COE) ။ ။ ပြီးဆုံးသွား သော အလုပ်များအတွက် ပေး ချေရသော လုပ်ခစုစုပေါင်း ဤစာရင်းတွင် လုပ်အားခများ၊ လစာငွေ များနှင့်အတူ အလုပ်ရှင်မှ ထည့်ဝင်ရသည်။ လူမှုဖူလုံရေး ထည့်ဝင်ငွေနှင့် အခြားအလားတူ ငွေများပါဝင်သည်။

-စုစုပေါင်း လည်ပတ်ငွေမှ ပိုငွေ (GOS) ။ ။ မှတ်ပုံတင်ထား သော လုပ်ငန်းမှ ပိုင်ရှင်အတွက် ရရှိမည့်အမြတ်ငွေများ ဖြစ်သည်။ GOS တွက်ချက်ရန် စုစုပေါင်း ထုတ်လုပ်မှုစရိတ်မှ ကုန်ကျငွေ တစ်စိတ်တစ်ပိုင်းကိုသာ နုတ်ယူ တွက်ချက်ထားခြင်း ဖြစ်သော်လည်း သာမန်အားဖြင့် အမြတ်စွန်း ရရှိသည့်ငွေ ဖြစ်သည်။

-စုစုပေါင်း ဝင်ငွေရော (GMI) ။ ။ ဂျီအိုအက်စ် အတိုင်း တိုင်းတာသည်။ မှတ်ပုံမတင်ထားသော လုပ်ငန်းများအတွက်သာ ဖြစ်သည်။ ဤကိန်းဂဏန်းတွင် လုပ်ငန်းငယ်အများစု ပါဝင်သည်။

COE ၊ GOS နှင့် GMI တို့ အားလုံး၏ စုစုပေါင်းရ ငွေကို စုစုပေါင်း အခြေခံဝင်ငွေဟု ခေါ်ပြီး ဂျီဒီပီ၏ တန်ဖိုးကို အခြေခံအဆင့်တွင် တွက်ယူထား ခြင်း ဖြစ်သည်။ အခြေခံဝင်ငွေနှင့် နောက်ဆုံး ဈေးနှုန်း (အသုံးစရိတ် ကုန်ကျငွေကို တွက်သည့်နည်း) တို့၏ ခြားနား ခြင်းမှာ ထုတ်လုပ်မှုပေါ်တွင် အစိုးရမှ ကောက်ခံသည့် အခွန်အတုတ်များနှင့် ကူညီပံ့ပိုး ငွေတို့ ဖြစ်သည်။ ထုတ်လုပ်စရိတ်နှင့် သွင်းကုန်အပေါ် ပံ့ပိုး ငွေနုတ်ပြီး အခွန်အတုတ်များ ပေါင်းထည့်လိုက်လျှင် ဂျီဒီပီကို အခြေခံကုန်ကျစရိတ်တို့ GDP (I) သို့ ပြောင်းလဲပေးမည်။ နောက်ထပ် ပုံသေနည်းတစ်ခုကို ဤကဲ့သို့ ရေးနိုင်သည်။

GDP = R + I + P + SA + W R = ငှားရမ်းခ I = အတိုး ငွေ P = အမြတ် SA = စာရင်းအင်းညှိနှိုင်းမှု (ကုမ္ပဏီဝင်ငွေခွန်၊ မပေးရ သေး သော ကုမ္ပဏီအမြတ်များ) W = လုပ်အားခများ

တိုင်းတာခြင်း[ပြင်ဆင်ရန်]

နိုင်‌ငံတကာစံချိန်‌စံညွှန်း[ပြင်ဆင်ရန်]

ဂျီဒီပီကို နိုင်ငံတကာ စံချိန်စံညွှန်းမီ တိုင်းတာနည်းကို 'အမျိုးသား ငွေစာရင်းစနစ်စာအုပ်' (၁၉၉၃) တွင် ပြုစုထားသည်။ ယင်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ဥရောပသမဂ္ဂ ၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၊ ကုလသမဂ္ဂ နှင့် ကမ္ဘာ့ဘဏ်တို့မှ ကိုယ်စားလှယ်များ စုပေါင်း ပြုစုထားခြင်း ဖြစ်သည်။ ဤစာအုပ်ကို SNA 93 ဟု ရည်ညွှန်းပြီး ယခင် ၁၉၆၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် SNA 68 နှင့် ခွဲခြားသတ်မှတ်ထားသည်။ SNA 93 တွင် နိုင်ငံ့စာရင်းများအား တိုင်းတာရာတွင် လိုက်နာရမည့် ဥပဒေသများနှင့် စည်းကမ်းများကို ဖော်ပြထားသည်။ စံချိန်စံညွှန်းများကို ဒေသတစ်ခုအတွင်း ယင်းလိုအပ်ချက်အခြေအနေများ၊ ခြားနားမှုများနှင့် လိုက်လျောညီထွေ ရှိရန် ရည်ရွယ်ထားသည်။

အတိုးနှုန်း[ပြင်ဆင်ရန်]

ကဏ္ဍအားလုံးတွင် ဘဏ္ဍာရေးမှလွဲ၍ အသားတင် အတိုး ပေး ချေရမှုမှာ လွှဲပြောင်း ပေးရ ငွေ ဖြစ်သည်။ ဘဏ္ဍာရေးကဏ္ဍတွင်မူ အသားတင် ပေး ချေရ သည့် အတိုး ငွေကို ထုတ်လုပ်မှုအဖြစ် လက်ခံ၍ တန်ဖိုးတက်စေသည်ဟု ယူဆကာ ဂျီဒီပီတွင် ပေါင်းထည့်သည်။

နိုင်‌ငံအလိုက် နှိုင်းယှဉ်ချင်း[ပြင်ဆင်ရန်]

ဂျီဒီပီ၏ အဆင့်ကို နိုင်ငံအလိုက် ယှဉ်ကြည့်ခြင်း ပြုရာတွင် ယင်းတန်ဖိုးများကို

-ငွေလဲနှုန်း ပေါက်ဈေးအတိုင်း။ ။ နိုင်ငံတကာငွေလဲနှုန်း ပေါက်ဈေး ဖြင့် တွက်ချက်ကာ

-ဝယ်လိုအား အဆင့်တူ ငွေလဲနှုန်း။ ။ ဂျီဒီပီကို အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် တူညီမည့် ဝယ်လိုအားသို့ ပြောင်းလဲပြီး တွက်ချက်ခြင်းတို့ဖြင့် နှိုင်းယှဉ် နိုင်သည်။

ဤနည်းနှစ်နည်းဖြင့် ယှဉ်ထိုးနှိုင်းယှဉ်လျှင် နှိုင်းရအဆင့်များ ကွဲပြား ခြားနားစွာ တွေ့ရှိရမည်။

-ကမ္ဘာ့ငွေကြေးလဲလှယ်နှုန်း ပေါက်ဈေးကို အသုံး ပြုလျှင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတန်ဖိုးတို့ကို ပြောင်းပစ်ပြီးမှ တွက်ချက်သည်။ ၎င်းသည် တိုင်းပြည်တစ်ခု၏ နိုင်ငံတကာ ဝယ်လိုအားနှင့် နှိုင်းရ စီးပြား ရေးတောင့်တင်းမှုကိုပို၍ ထင်ဟပ်စေနိုင်သည်။ ဥပမါ ဂျီဒီပီ၏ ၁ဝ ရာခိုင်နှုန်းကို ခေတ်မီ နိုင်ငံခြား ဖြစ် လက်နက်ဝယ်ယူခဲ့ပါက ဝယ်ယူသည့်လက်နက်အရေအတွက်မှာ ငွေလဲလှယ်နှုန်း ပေါက်ဈေး ပေါ်တွင် မူတည်သည်။ အဘယ့်ကြောင့်ဆိုသော် လက်နက်များမှာ နိုင်ငံတကာ ဈေးကွက်တွင် ဝယ်ယူရခြင်း ဖြစ်သည်။ (ခေတ်မီလက်နက်များအတွက် ပြည်တွင်း ပေါက်ဈေးမရှိချေ။)

-ဝယ်လိုအား အဆင့်တူငွေလဲနှုန်း (ပီပီပီ) ဖြင့် တွက်ချက်သည့်နည်းတွင် စီးပြား ရေးစနစ်တစ်ခုအတွင်း ယေဘုယျ ထုတ်လုပ်သူနှင့် စားသုံးသူတို့၏ ပြည်တွင်းနှိုင်းရထိရောက်သော ဝယ်လိုအားအဆင့်တူ ငွေလဲနှုန်းကို မူတည်၍ တွက်ချက်ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုနည်း သော တိုင်းပြည်များ၏ လူနေမှုအဆင့်အတန်းကို ဤတွက်ချက်နည်းက ပိုမိုပေါ်လွင်စွာ ပြသနိုင်သဖြင့် ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် ဤနိုင်ငံများ၏ ငွေလဲနှုန်းအားနည်းချက် များကို အစားထိုး၍ အသုံး ပြုနိုင်သည်။ ပီပီပီဖြင့် ဂျီဒီပီကို ပြောင်းလဲတွက်ချက်သည့်စနစ်သည် ကုန်သွယ်ဖလှယ်ခြင်း မပြုသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အတွက် အလွန်သင့်တော်ထိရောက်သော စနစ်ဖြစ်သည်။

ဝင်ငွေမြင့်သော တိုင်းပြည်များ၏ ဂျီဒီပီကို ပီပီပီတွက်ချက်နည်းက ကမ္ဘာ့ငွေလဲနှုန်း ပေါက်ဈေးသုံး၍ တွက်ချက်နှိုင်းယှဉ်နိုင်သည့် နည်းထက် ကွာဟချက် လျော့နည်းစွာဖြင့် ပြနိုင်သည်။ ဤတွေ့ရှိချက်ကို ယင်း၏ အကျိုးသက်ရောက်မှုဟုခေါ်ဆိုသည်။

ဂျီဒီပီနှင့် လူနေမှုအဆင့်အတန်း[ပြင်ဆင်ရန်]

စီးပွားရေးစနစ်တစ်ခုတွင် လူနေမှုအဆင့်အတန်းကို တစ်ဦးချင်း ဂျီဒီပီနှင့် ပြ လေ့ရှိသည်။ ဤနည်းသည် အားသာချက်များရှိသော်လည်း လူနေမှု အဆင့်အတန်းကို ဖော်ပြရာတွင် ယင်းကိုအသုံး ပြုခြင်းအပေါ် ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ တစ်ဦးချင်း ဂျီဒီပီဝင်ငွေကို လူနေမှုအဆင့်အတန်း နှိုင်းယှဉ်မှုပြုရာတွင် အသုံး ပြုခြင်း၏ အားသာချက်များမှာ ဤတိုင်းတာမှုကို မကြာခဏ ပြုလုပ်၍ ရခြင်း၊ ကျယ်ပြန့်စွာ ပြုလုပ်နိုင်ခြင်းနှင့် တစိုက်မတ်မတ် ပြုလုပ်၍ ရခြင်းများ ဖြစ်သည်။ နိုင်ငံများစွာတွင် ဂျီဒီပီကိန်းဂဏန်းများကို ၃ လပတ်တကြိမ် ထုတ်ပေးခြင်း (ဤသို့ဖြင့် စီးပွား ရေးစနစ်၏ ဦးတည်ရာကို ဆောလျင်စွာ ဖော်ထုတ်သိရှိနိုင်ခြင်း)၊ ကျယ်ပြန့်စွာရရှိနိုင်သည်ဟု ဆိုရာဝယ် တိုင်းပြည်တိုင်း လိုလို၏ ဂျီဒီပီအချို.အစိတ်အပိုင်းကို သိရှိနိုင်ခြင်း (ဤသို့ဖြင့် နိုင်ငံများ၏ လူနေမှုအဆင့်အတန်းကို အကြမ်းဖျင်းနှိုင်းယှဉ်နိုင်ခြင်း၊) တစိုက်မတ်မတ်ဟု ဆိုရာတွင် ဂျီဒီပီကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အသုံး ပြုသည့် ဘောင်စနစ်များမှာ နိုင်ငံများအတွင်း တစ်ပုံစံတည်း နှီးပြားတူညီသည်ဟု ယူဆ ထားရှိခြင်းတို့ ဖြစ်ကြသည်။

ဂျီဒီပီကို အသုံး ပြုရာတွင် အဓိကအားနည်းချက်မှာ ဤကိန်းသည် တိတိကျကျ ပြောရလျှင် လူနေမှုအဆင့်အတန်းကို မဖော်ညွှန်းနိုင်ခြင်း ဖြစ်သည်။ ဂျီဒီပီ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်ခုအတွင်း စီးပြား ရေးလောက၏ သီးခြားအကန့်များအတွင်း လှုပ်ရှားမှုကို သိရှိနိုင်ရန် ဖြစ်သည်။ ဂျီဒီပီ၏ မည်သည့်အစိတ်အပိုင်းကမျှ ၎င်းသည် လူနေမှုအဆင့်အတန်းကို ပြသခြင်းမပြုချေ။ အစွန်း ရောက် ဥပမါတစ်ခုဖြင့် ပြရလျှင် တိုင်းပြည်တစ်ခုသည် မိမိ၏ထုတ်လုပ်မှု ၁ဝဝ ရာခိုင်နှုန်းကို ထုတ်ကုန်အဖြစ် တင်ပို့ခဲ့လျှင် ဂျီဒီပီမြင့်မား နေသော်လည်း လူနေမှု အဆင့်အတန်းများကမူ နိမ့်ကျနေမည်သာ ဖြစ်သည်။

ဂျီဒီပီကို ဖော်ညွှန်းရာတွင် ၎င်းသည် လူနေမှုအဆင့်အတန်းကို မှန်ကန်စွာ ပြသနိုင်ခြင်း ကြောင့် လက်ခံရခြင်း မဟုတ်ပေ။ (အခြားကက္ဍများအားလုံး တူညီနေပါက) တစ်ဦးချင်း ဂျီဒီပီတက်နေပါက လူနေမှုအဆင့်အတန်းပါ လိုက်တက်သည်ကို တွေ့ရ သောကြောင့်ဖြစ်သည်။ ဤအချက်က ဂျီဒီပီသည် လူနေမှုအဆင့်အတန်းကို တိုက်ရိုက်ပြသနိုင်ခြင်း မရှိသော်လည်း လူနေမှုအဆင့်အတန်းကို ကိုယ်စား ပြုလျက် ရှိခြင်းပင်ဖြစ်သည်။ တစ်ဦးချင်းဂျီဒီပီသည် အလုပ်သမားများ၏ ကုန်ထုန်စွမ်းအားကိုလည်း ပြနိုင်သည်။ ကုန်ထုတ်စွမ်းအား မြင့်မားသည်နှင့်အမျှ အလုပ်ရှင်များသည် လုပ်အားခတိုးပေး ခြင်း ဖြင့် အလုပ်သမားများအား ထိန်းထားရသည်။ ကုန်ထုတ်စွမ်းအား ကျဆင်းလျှင် လုပ်ခကိုပါ လျှော့ပေးရသည်။ သို့မှသာလျှင် မြတ်စွန်းမည်ဖြစ်သည်။ ဂျီဒီပီကို အသုံး ပြုသည့်အပေါ် အငြင်းပွားစရာများစွာ ရှိလေသည်။

ဝေဖန်‌ချက်‌များနှင့် ကန့်သတ်‌အားနည်းချက်‌များ[ပြင်ဆင်ရန်]

စီးပွားရေးစနစ်တစ်ခု၏ လှုပ်ရှားမှုကို လေ့လာရာတွင် စီးပွားရေးပညာရှင်များသည် ဂျီဒီပီကို ကျယ်ပြန့်စွာ အသုံးချကြသည်။ အဘယ့်ကြောင့်ဆိုသော် ပြောင်းလဲမှုကို လျင်မြန်စွာဖော်ထုတ်၍ ရသောကြောင့် ဖြစ်သည်။ သို့သော်လည်း လူနေမှုအဆင့်အတန်း၏ အညွှန်းအဖြစ် အသုံး ပြုရာတွင်မူကား အားနည်းချက်များရှိသည်ဟု ယူဆကြသည်။ အစားထိုး ရွေးချယ်စရာတစ်ခုမှာ ကုလသမဂ္ဂက အသုံး ပြုသော လူသားဖွံ့ဖြိုးမှု ညွှန်းကိန်း ဖြစ်သည်။ ဤညွှန်း ကိန်းတွက်ချက်ရာတွင် ဂျီဒီပီသည် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သည်။ ဂျီဒီပီကို ဝေဖန်ဆန်းစစ်ရာတွင် အောက်ပါတို့ ပါဝင်သည်။ -ဂျီဒီပီသည် မှောင်ခိုကက္ဍကို ထည့်သွင်း ခြင်း မရှိပေ။ သုံးစွဲခံရသည့် လည်ပတ်ငွေကို ရေတွက် ရာတွင် မထည့်သွင်းပေ။ တစ်ဖန် ငွေကြေးကဏ္ဍမပါသည့် စီးပွားရေးနယ်ပယ်တွင် ငွေကြေးကဏ္ဍမပါရှိမှုကြောင့် ကိန်းဂဏန်းမှားယွင်း ခြင်း သို့မဟုတ် ဂျီဒီပီကိန်းဂဏန်းများ များစွာလျော့နည်း နေခြင်းများ တွေ့ရမည်။ ဥပမာအားဖြင့် တရားမဝင် စီးပွား ရေးလုပ်ငန်းများသာ ထွန်းကားသည့် တိုင်းပြည်တွင် ဒေသ၏ စီးပွားရေးအစိတ်အပိုင်းများစွာတို့သည် လွယ်လင့်တကူ မှတ်ပုံတင်ထား ခြင်း မရှိနိုင်။ ငွေကြေးသုံးစွဲမှုထက် ဘာတာစနစ်က ပိုမိုတွင်ကျယ်မည် ဖြစ်သည်။ ဝန်ဆောင်မှုပိုင်းတွင်လည်း (ကျွန်ုပ်သင့်အိမ်ဆောက်ရာတွင် ကူညီခဲ့ပြီးပြီးဖြစ်၍ ကျွန်ုပ်အိမ်ကိုလည်း ပြန်ကူဆောက်ပေးပါစသည်ဖြင့် ဖြစ်သည်။) -ဤအဓိကကျသောစီးပွားရေးခွဲခြမ်းစိတ်ဖြာမှုတွင် ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဝမ်းစာဖူလုံရုံမျှ ထုတ်လုပ်မှုနှင့် အိမ်တွင်းမှုလုပ်ငန်းများကို လျစ်လျူရှု ထားသည်။ လက်ရှိစနစ်သည် ရေနံစိမ်းယိုဖိတ်မှု၊ စစ်မက်ဆင်နွှဲမှုများကို စီးပွားရေး တက်စေသည့် ကဏ္ဍများအဖြစ် ယူဆပြီးကလေးသူငယ်များ ထိန်းကျောင်းခြင်းနှင့် အိမ်တွင်းလုပ်ငန်းများကိုမူ တန်ဖိုးမရှိဟု ယူဆထားသည်။ နယူးဇီလန် စီးပွားရေးပညာရှင် မေရီလင်ဝဲရင်း၏ ထောက်ပြချက်အတိုင်း လုပ်ခမဲ့ ဝန်ဆောင်မှု အားလုံးကို စု၍ ဖော်ထုတ်ရလျှင် (အချို့ကိစ္စရပ်များတွင် ကယ္ြန်သဖွယ်) ဒီမိုကရေစီရှင်သန်ရေးအတွက် လိုအပ်မည့် တာဝန်ခံမှုနှင့် ထင်သာမြင်သာရှိမှုအတွက် မတရားမှုများကို ဖယ်ရှားရာတွင်တစ်စိတ်တစ်ဒေသ ထောက်ကူလိမ့်မည်။ အချိန်အတိုင်းအတာ တစ်ခုအတွင်း အောင်မြင် မှုကို တိုင်းတာလျှင် လွန်ခဲ့သည့် နှစ် ၅ဝ ကျော်က လုပ်ရသည့် အိမ်တွင်းမှုလုပ်ငန်းများသည် ယနေ့ထက် ပိုမိုသာလွန်မည်ဖြစ်သည်။ ထို့ကြောင့် ကာလတစ်ခု အတွင်း ဂျီဒီပီကို တိုင်းတာရာတွင် လူနေမှုစရိတ် ပုံစံနှင့် လူနေမှုစနစ် ပြောင်းလဲမှုများကိုလည်း ထည့်မတွက်နိုင်သည်ကို တွေ့ရ ပေမည်။

-လုပ်အားပေး ခြင်းများကိုလည်း အသိအမှတ် မပြုချေ။ ဥပမာ လင်းနပ်ဆော့ဖ်ဝဲ သည် ဂျီဒီပီကို မည်သို့မျှ အထောက်အကူမပြုပေ။ သို့သော် တွက်ချက်မှုများအရ စီးပွားရေး ကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခဲ့လျှင် ရင်းနှီးငွေ ဒေါ်လာ တစ်ဘီလီယံ ကုန်ကျမည်ဟု မှန်းဆကြသည်။

-ဂျီဒီပီတွက်ချက်သည့် နည်းများကလည်း တစ်ခုနှင့် တစ်ခု ရှုပ်ထွေး စေသည်။ နိုင်ငံနှိုင်းယှဉ်မှုများတွင် ဝယ်လိုအား အဆင့်တူငွေလဲနှုန်းကို အခြေခံသော ပီပီပီစနစ် သို့မဟုတ် လက်ရှိငွေလဲနှုန်း ပေါက်ဈေးကို အခြေခံသောစနစ်ဟူ၍ ကွဲပြားစွာသိရှိထားရမည်။

-ဂျီဒီပီသည် အသားတင် ပြောင်းလဲမှုမရှိသော ကိစ္စများနှင့် အပျက်အစီး ပြန်လည်တည်ဆောက်မှုများ ကြောင့် ကုန်ကျစရိတ်များကို ထည့်သွင်း ရေတွက်သည်။ ဥပမာ သဘာဝဘေးဒဏ်နှင့် စစ်ဘေးဒဏ်ကြောင့် ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရာတွင် စီးပွားရေး လှုပ်ရှားမှုများစွာရှိပြီး ဂျီဒီပီကို တိုး စေမည်ဖြစ်သော်လည်း စကတည်းက ဤကိစ္စများ မပေါ် ပေါက်ခဲ့ပါက အကောင်းဆုံး ဖြစ်ပေမည်။

ကျန်းမာရေးဝန်ဆောင်မှုသည်လည်း အခြားဂန္ထဝင် ဥပမာဖြစ်သည်။ လူအများ ဖျားနာကြပြီး ငွေကုန်ကြေးကျများစွာဖြင့် ကုသရပါက ဂျီဒီပီတက်လာမည်ဖြစ်သော်လည်း လိုလားအပ်သော ကိစ္စမဟုတ်ပေ။

အခြားစီးပွားရေး တိုင်းတာနည်းများ၊ လူနေမှုအဆင့်အတန်းနှင့် လိုအပ်လျှင် လိုအပ်သလို တွက်ချက်သော တစ်ဦးချင်း ဝင်ငွေတို့သည် လူတို့၏ စီးပွားရေး အကျိုးရှိရှိ အသုံးဝင်မှုကို ပိုမိုထိရောက်စွာ ဖော်ညွှန်းနိုင်ပေသည်။

-လူနေမှုအနှစ်သာရ။ ။ လူသားများ၏ စိတ်ချမ်းသာမှုကို ရုပ်ဝတ္ထုပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကသာ ဆောင်ကြဉ်း ပေးနိုင်စွမ်း ရှိသည်မဟုတ်ပေ။ အခြားအကြောင်းအချက်များစွာ ရှိသေးသည်။ အခြားစီးပွားရေး တိုင်းတာနည်းများကလည်း လူနေမှုအဆင့်အတန်းနှင့် ဝင်ငွေတို့ကို ထည့်သွင်းစဉ်းစား ထားခြင်း မရှိပေ။

-တရားဝင် ဂျီဒီပီစာရင်းအင်းပညာရပ်တွင် ကိန်းဂဏန်းသည် အရေးပါအရာရောက်ဆုံး ဖြစ်သဖြင့် မရိုးမသား လိမ်လည်ဖော်ပြမှုပြုခြင်း အများဆုံး ရှိနိုင်သည်။ အမေရိကန်နိုင်ငံတွင် အစိုးရ၏ ဂျီဒီပီကိန်းဂဏန်းများကို လူအများ စိတ်ချမ်းသာအောင် ပြင်ဆင်ဖော်ပြတတ်သည်။ ရင်းနှီး မြှုပ်နှံငွေမရှိဘဲ စာရင်း အရ ငွေဖေါင်းပွနှုန်းကို နှိမ့်၍ပြ ခြင်းမျိုး ဖြစ်သည်။

-ကုမ္ပဏီတစ်ခုအတွင်း နိုင်ငံကျော်ဖြတ်၍ မြင့်မား သော အခွန်အတုတ်များကို တိမ်း ရှောင်ကြသဖြင့် ဂျီဒီပီကို ကမောက်ကမ ဖြစ်စေခဲ့သည်။ ဥပမာအားဖြင့် ဂျာမန် အီးဘေးကုမ္ပဏီသည် ဂျာမနီအခွန်ကို ရှောင်ရန် ဆွစ်ဇာလန်နိုင်ငံတွင် လုပ်ငန်းလုပ်ပြီး အမေရိကန် ကုမ္ပဏီများသည် အိုင်ယာလန်နိုင်ငံတွင် ဦးပိုင်ကုမ္ပဏီများ ထူထောင်ကာ အိုင်ယာလန်မှပင် ဈေးနှုန်းချိုသာစွာ ဝယ်ယူထားသော ကုန်ပစ္စည်းများကို လက်တွေ့ တင်ပို့ခြင်းမပြုဘဲ အမြတ်တင်၍ အရောင်းပြခြင်း ဖြင့် မိမိတို့ပေးရမည့် အခွန်လျော့နည်း စေပြီး အိုင်ယာလန်ဂျီဒီပီကို တက်စေသည်။

-လူအများသည် ဈေးပေါ၍ တာရှည်မခံသော ကုန်ပစ္စည်းများကို မကြာခဏ ဝယ်ယူပြီး ဈေးကြီး၍ တာရှည်ခံသော ပစ္စည်းများကို ရံဖန်ရံခါသာ ဝယ်ယူကြသည်။ ဤနည်းဖြင့် ပထမကိစ္စတွင် ကုန်ပစ္စည်း ရောင်းရငွေ ပိုမိုများခြင်း ကြောင့် ဂျီဒီပီတက်ခြင်းမှာ ခရီးမရောက်ဘဲ အလေအလွင့်များ စေသည်။ (ဤဖြစ်ရပ်မျိုးမှာ အမြဲမဖြစ်တတ်ချေ။ တာရှည်ခံပစ္စည်းများမှာ ထုတ်လုပ်ရာတွင် တာရှည်မခံသော ကုန်ပစ္စည်းထက် ခက်ခဲပြီး စားသုံးသူသည် ရေရှည် အကိုက်ဆုံးလမ်းကို ရွေးမည်ဖြစ်သည်။ ဖက်ရှင်နှင့် နည်းပညာမြင့်သော ကုန်ပစ္စည်းများတွင် တိုတောင်း သော ကာလအတွင်း အသစ်အဆန်းများ မကြာခဏ ပြောင်းလဲခြင်းသည် စားသုံးသူ၏ ကျေနပ်ရောင့်ရဲမှုကို ပိုမိုဖြစ်စေနိုင်သည်။)

-တိုင်းပြည်တစ်ပြည်သည် ငွေမသုံးစွဲဘဲ နိုင်ငံခြားတွင် ရင်းနှီး မြှုပ်နှံလျှင် ငွေချေး၍ သုံးစွဲသော တိုင်းပြည်ထက် မိမိ၏ ဂျီဒီပီကိန်းများ လျော့နည်းမည်။ ထို့ကြောင့် စုပုံလာသည့် စုဆောင်း ငွေနှင့် ကြွေးမြီများကို ငွေကြေးပိုင်းမှ ဆက်တိုက်လိုက်နိုင်လျှင် ထည့်သွင်းစဉ်းစားခြင်း မပြုလုပ်တော့ပေ။

-ဂျီဒီပီသည် စီးပွားရေးတိုးတက်နှုန်း ထိန်းထားနိုင်ခြင်းကို မတိုင်းတာနိုင်ချေ။ နိုင်ငံတစ်နိုင်ငံသည် သယံဇာတများကို အလွန်အကျွံထုတ်ခြင်း သို့မဟုတ် ရင်းနှီး မြှုပ်နှံမှု လွဲမှား နေရာချထား ခြင်းများ ကြောင့် မြင့်မား သော ဂျီဒီပီကို အခိုက်အတံ့ ရရှိနိုင်ပေမည်။

ဥပမာအား ဖြင့် နော်ရူးကျွန်းနိုင်ငံသည် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး တစ်ဦးချင်း ဂျီဒီပီပိုင်ဆိုင်သူများအဖြစ် မိမိ၏ ဖေါ့စဖိတ်သတ္တုသိုက်ကြောင့် ရရှိခဲ့သော်လည်း ၁၉၈၉ မှစ၍ ယင်းသတ္တုသိုက် ကုန်ဆုံးသွားသဖြင့် လူနေမှုအဆင့်မှာ များစွာနိမ့်ကျခဲ့ရသည်။ ရေနံကျွယ်ဝသော နိုင်ငံများသည် စက်မှု လုပ်ငန်းများ မထူထောင်ဘဲ ဂျီဒီပီမြင့်မားစွာ ထိန်းထားနိုင်မည် ဖြစ်သော်လည်း ဤအခြေအနေကို ရေနံကုန်ခန်းသွားပြီး နောက်ပိုင်း ထိန်းထားနိုင်မည် မဟုတ်ပေ။ စီးပွားရေးပူဖေါင်း၊ အိမ်ရာ ဆောက်လုပ်ရေးပူဖေါင်း သို့မဟုတ် စတော့ရှယ်ယာပူဖေါင်းနှင့် ပုဂ္ဂလိက ငွေစုဆောင်းနှုန်း နိမ့်ကျနေခြင်းများသည် အပေါ်ယံအား ဖြင့် စားသုံးမှု မြင့်မား စေ သည်။ အနာဂတ်ကို ပေါင်နှံထား ခြင်း ကြောင့် တိုးတက်နှုန်း မြန်ဆန်သည်ဟု ထင်ရတတ်သည်။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို လျစ်လျူရှုခြင်းသည် နဂို အခြေအနေပြန်ရောက်စေရန် ကယ်တင်စရိတ်များ ကြီးမား စေတတ်သည်။ ဂျီဒီပီသည် ဤကဲ့သို့ ကိစ္စများကို ထည့်သွင်း မစဉ်းစားချေ။

-အမှန်တကယ်ရောင်းရ ငွေကို တိုင်းတာရာတွင် ဂျီဒီပီသည် ပေးလိုက်ရမည့် ငွေနှင့် ပြန်ရမည့် ပုဂ္ဂလဓိဋ္ဌာန်ကျသော တန်ဖိုးတို့၏ ခြားနား ချက်ကို ထိမိစွာ မဖော်ညွှန်းနိုင်ပေ။ ထို့ကြောင့် ၎င်းသည် ပျမ်းမျှအသုံးတည့်မှုကို လျှော့ပြနိုင်ချေရှိသည်။

-နှစ်စဉ်အမှန်တကယ် ဂျီဒီပီ တိုးတက်နှုန်းကို တွက်ရာတွင် 'ဂျီဒီပီစားကိန်း' ကိုသုံး၍ ညှိရသည်။ ဤချိန်ညှိခြင်း ကြောင့် ထုတ်လုပ်ပစ္စည်းတို့.ဓမ္မဓိဋ္ဌာန် ကျသော အရည်အသွေးများကို အချိန်တစ်ခုအတွင်း လျှော့ပြရာ ရောက်စေသည်။ (စားကိန်းသည် တိကျသော ပုဂ္ဂလဓိဋ္ဌာန် အတွေ့အကြုံများကို တိုင်းတာရာတွင် အခြေခံသည်။ ယင်းမှာ ၁၉၈ဝ ဦးပိုင်းကစပြီး ကွန်ပျူတာ၏ ထက်မြက်သော စွမ်းပကား ဖြင့် စားသုံးသူများ ရရှိသည့် အကျိုး ကျေးဇူးကို တိုင်းတာခြင်း ဖြစ်သည်။) ထို့ကြောင့် ဂျီဒီပီ ကိန်းဂဏန်းသည် နည်းပညာတိုးတက်မှုကြောင့် ရရှိမည့် အမှန်တကယ် လူနေမှုမြင့်မားလာမည့် ကိစ္စကို လျှော့ပြထား ခြင်းမျိုး ရှိနိုင်သည်။

-ဂျီဒီပီသည် ဆင်းရဲချမ်းသာ ကွာဟချက်ကို ထင်ဟပ်ဖော်ပြမထား ပေ။

ဂျီဒီပီ၏ ကန့်သတ်ချက် (သို့မဟုတ် အနည်းငယ်ကွာခြားသည့် ဂျီအင်ပီ) ကို ပုဂ္ဂိုလ်နှစ်ဦးက ဝေဖန်ထားသည်။ ရောဘတ်ကင်နေဒီ ၏အဆိုအရ- ဂျီအင်ပီတွင် လေထုညစ်ညမ်းမှု စရိတ်များ၊ စီးကရက်ကြော်ငြာခများနှင့် ကားလမ်း ပေါ်တွင် ယာဉ်တိုက်မှု ရှင်းလင်းစရိတ်များ ထည့်သွင်းထားသည်။ တံခါးခတ်ရန် သုံးသည့် အထူးစီမံ ထုတ်လုပ်ထားသည့် သော့များနှင့် ဤသော့များကို ချိုးဖွင့်သူများကို ထိန်းချုပ်ရာတွင် ကုန်ကျမည့် အကျဉ်း ထောင်စရိတ် များပါဝင်သည်။ ဂျီအင်ပီတွင် ရက်ဝုဒ်အပင်ကြီးများအား ခုတ်လှဲဖျက်ဆီးပစ်ခများ၊ ဆူပီရီးယား ရေအိုင်အား တိမ်ကောစေရန် ပြုလုပ်သည့် စရိတ်များပါဝင် သည်။ မီး လောင်ဗုံး၊ ဒုံးကျည်နှင့် အဏုမြူထိပ်ဖူးဗုံး ထုတ်လုပ်မှုတိုးလျှင် ဂျီအင်ပီပါ တိုးသည်။ သို့သော်လည်း မိမိ၏မိသားစုကျန်းမာသဖြင့် ရရှိသည့် အကျိုး ကျေးဇူး၊ သူတို့၏ ပညာရေးမှ ရရှိမည့်အမြတ်၊ ကစား ပျော်ရွှင်၍ ရရှိလာမည့် အကျိုးများကို ထည့်မတွက်ထား ချေ။ စက်ရုံများ၊ လမ်းများ လုံခြုံစိတ်ချရမှု၏ အကျိုး ကျေးဇူးများ မပါဝင်ချေ။ ကဗျာတစ်ပုဒ်၏ အလှ၊ အိမ်ထောင်တစ်စုသာယာမှု၏ တန်ဖိုး သို့မဟုတ် လူထုစကားရည်လုပွဲများ၏ အကျိုး၊ လူကြီးလူကောင်းဝန်ထမ်း ကောင်းများ၏ တန်ဖိုးစသည်များလည်း ထည့်သွင်းတွက်ချက်ထား ခြင်း မရှိချေ။ လူဖြစ်ရကျိုးနပ်စေသည့် ကိစ္စများမှ လွဲ၍ အားလုံးကို ထည့်သွင်းတွက်ချက်ထားသည်။

ဒုတိယ ဝေဖန်သူ ဆိုင်မွန်ကုဇ်နက်သည် ဂျီဒီပီကို တီထွင်သူဖြစ်ပြီး ၁၉၃၄ ခုနှစ် အမေရိကန် လွှတ်တော်သို့ ပထမဦးဆုံးအကြိမ် အစီရင်ခံစာ တင်သွင်း ချိန်က ပြောခဲ့သည်မှာတိုင်း ပညာတစ်ခု၏ စည်ပင်ဝပြောမှုသည် အမျိုးသားဝင်ငွေကို တိုင်းတာရုံနှင့် မသိရှိနိုင်ပေ။ ဂျီဒီပီ တက်နေချိန်တွင် အမေရိကန်နိုင်ငံ ကျနေရသည်။ အရေအတွက်နှင့် အရည်အချင်း၊ ကုန်ကျစရိတ်ငွေနှင့် အကျိုးအမြတ်၊ ရေရှည်နှင့် ရေတိုကာလစသည်တို့ ခြားနားမှုကို ကောင်းစွာနားလည်သဘောပေါက် ဖို့ လိုအပ်ပေသည်။ တိုးတက်မှုပန်းတိုင် ဆိုရာတွင် မည်သည့်ပန်းတိုင်၊ မည်သည့်အတွက်ကြောင့် စသည်တို့ကို ကွဲပြားစွာ သိရှိရမည်။

အချို့စီးပွားရေး ပညာရှင်များသည် ဂျီဒီပီ၏ အထက်ပါ ဝေဖန်မှုများ ကြောင့် အခြားတစ်ခုဖြင့် အစားထိုးရန် ကြိုးစားအားထုတ်ကြသည်။ ယင်းမှာ အမှန်တကယ် တိုးတက်နှုန်း ညွှန်းကိန်း (ဂျီပီအိုင်) ဖြစ်သည်။ နိုင်ငံများစွာသည် တစ်နိုင်ငံလုံး၏ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းထည့်ပြီး အမျိုးသားဓန ဆိုသည်ကို တွက်ချက်သည်။ သို့သော်လည်း ဤကိန်းဂဏန်းက နောင်ကာလတွင် ပေါ် ပေါက်မည့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ အိမ်ရာဈေးကွက်ပူဖေါင်း များနှင့် ကြွေးမြီများကို ထည့်သွင်းမပြသနိုင်ချေ။ ဘူတန်ကဲ့သို့သော နိုင်ငံက လူနေမှုအဆင့်အတန်းကို စုစုပေါင်းအမျိုးသား ပျော်ရွှင်မှုနှင့် တိုင်းတာရန် လိုလားအဆိုပြုသည်။ (ဘူတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးသော နိုင်ငံဖြစ်သည်ဟု ကြွေးကြော်ထားသည်။)