Faceless Void

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
This article is titled in another language/script, because there is no suitable name in Myanmar language yet.

(Level 1 - Time Walk)

Time Walk ရဲ့ manacost က 120 ကနေ 90 အထိ ကျသွားခဲ့ပြီး

ဒီပမာဏဟာ Mana Capacity နည်းတဲ့ Hero တစ်ကောင်အတွက်အလွန်ကို သိသာတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့ပါတယ်။ Time Walk ဟာ Dagger နဲ့ Anti-mage ရဲ့ Blink နဲ့ ပုံစံခြင်းမတူဘဲ Time Walk ခုန်တဲ့လမ်းတစ်လျှောက် 300 AoE အတွင်းမှာရှိတဲ့ enemy အားလုံး 50% Movement Speed And Attack Speed Slow ကိုဖြစ်ပေါ်စေပါတယ်။ ကြာချိန် 3 seconds ရှိတဲ့အတွက် သင်ဝင်ရောက်တိုက်ခိုက်မယ့် ရန်သူဟာ တစ်ယောက်တည်းဖြစ်နေခဲ့ရင်၊ Invisible spell တစ်ခုခု မပါခဲ့ရင် သို့မဟုတ် သင့်ကို stun မယ့် hero မဟုတ်ဘူးဆိုရင် Chronosphere ကို သုံးဖို့ မလိုဘဲ 50% Slow နေမယ့် ရန်သူကို ၃ စက္ကန့်အတွင်း အသာစီးယူပြီး တိုက်ခိုက် နိုင်မှာဖြစ်ပါတယ်။Void ဟာ Time Walk ခုန်နေတဲ့ အချိန်မှာ Invulnerable ဖြစ်နေတဲ့အတွက်ကြောင့် spell အများစုကို ရှောင်တိမ်း နိုင်တာကလည်း အခြား Escape Hero တွေနဲ့ မတူညီတဲ့ အားသာချက်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိမိဟာ တစ်ဖက်အသင်းရဲ့ တစ်ယောက်တည်း ပိုက်ဆံရှာနေတဲ့ Carry Hero (Drow Ranger, Nature Prophet ) တွေကို Chronosphere ကိုချက်ချင်းမသုံးပဲ အချိန်ရသလောက် အသာစီးယူပြီးတိုက်ခိုက်နိုင်ပါတယ်။ Item ရှာဖို့လိုတဲ့ Carry တစ်ကောင်ဖြစ်လို့ Ultimate မရခင်မှာ Time Walk ၂ ဆင့်လောက်ယူထားခြင်းက သင့်ရဲ့ အသက်ရှင်ရေးအပြင် Hero Kill ရမယ့် အခွင့်အရေးအတွက် များစွာအထောက်အကူပြုပါလိမ့်မယ်။

Backtrack ဆိုတဲ့အတိုင်း Faceless Void ဟာ သူ့အပေါ် အန ္တရာယ် တစ်ခုကျရောက်လာခါနီးလွန်ခဲ့တဲ့ စက္ကန့် ပိုင်းကို ပြန်သွားပြီး အဆိုပါ အန ္တရာယ်ကို ရှောင်တိမ်းလိုက်တဲ့ Ability ဖြစ်ပါတယ်။ နောက်ကျောက တိုက်ခိုက်မှသာ ရှောင်တိမ်းမယ့် ပုံစံ မဟုတ်ဘ25% Chance အထိ အချိန်ကိုနောက်ပြန်လှည့်ပြီးရှောင်တိမ်းနိုင်စွမ်းရှိတဲ့ သဘောဖြစ်လို့အဆိုပါ 25 % Chance အတွင်းကျရောက်တဲ့အခါတိုင်း မည့်သည့် Damage သတ်ရောက်မှုမျိူးမှ Void ပေါ်ကို ကျရောက်မှာမဟုတ်ပါဘူး။ Phantom Assassin ရဲ့ Blur ဟာ Physical Attack တစ်မျိူးတည်းကိုသာ ရှောင်တိမ်းနိုင်လို့ 50% Chance ဖြစ်နေပေမယ့် Backtrack ကတော့ Physical Damage, Magical Damage, Pure Damage အားလုံးကို ရှောင်တိမ်းနိုင်စွမ်းရှိပါတယ်။ Damage တွေကို ရှောင်တိမ်းတာဖြစ်လို့ Stun, Slow အစရှိတဲ့ Buff တွေကိုတော့ မရှောင်တိမ်းနိုင်ပါဘူး။ ဥပမာ Vengiful Spirit ရဲ့ Magic Missile ကို Backtrack ရှောင်နိုင်ခဲ့ရင် Damage ကိုသာ ကာကွယ်ပေးမှာဖြစ်ပေမယ့် Stun 1.75 seconds ကတော့ ပုံမှန်အတိုင်း သတ်ရောက်မှာဖြစ်ပါတယ်။ Backtrack ဟာ Evasion မဟုတ်တဲ့အတွက် Enemy က Void ကို Monkey King Bar ဆက်ပြီးတိုက်ခိုက်ရင်လည်း ပုံမှန်အတိုင်း Backtrack က ဆက်လက်ကာကွယ်နေမှာဖြစ်ပါတယ်။ အစောပိုင်းမှာ များများတင်ထားမယ့်အစား Time Walk နဲ့ Time Lock ကို ဦးစားပေးတင်ခြင်းက သင့် Void ကို ပိုမို အကျိူးရှိစေမယ်လို့ အကြံပြုချင်ပါတယ်။

အတိုက်ခိုက်ခံရတဲ့ Unit ကို ခဏရပ်သွားအောင် လုပ်ဆောင်ပေးနိုင်မယ့် Time Lock ဟာ Basher, Abyssal Blade တို့နဲ့ တွဲဖက်သက်ရောက်နိုင်ခြင်း မရှိပါဘူး။ Time Lock သတ်ရောက်သွားတဲ့ Unit ကို 40/50/60/70 Bonus Damage သတ်ရောက်မှာဖြစ်ပြီး Chronosphere ထဲက Unit ကို သတ်ရောက်တဲ့အခါမှာတော့ 80/100/120/140 Bonus Damage ဆိုပြီး နှစ်ဆတိုးသွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင် Lvl 8 အရောက်မှာ ဂိတ်ဆုံးတင်ထားခြင်းအားဖြင့် Attack Speed တိုးစေတဲ့ Item တွေကို ဦးစားပေးရွေးချယ်ရတဲ့ ပွဲအစောပိုင်းမှာ များပြားသော Physical Damage နဲ့တိုက်ခိုက်နိုင်ဖို့ အထောက်အကူဖြစ်မှာဖြစ်ပါတယ်။ Time Lock ကြောင့် ရရှိလာတဲ့ Bonus Damage ဟာ Lifesteal အတွက် ထည့်သွင်းတွက်ချက်ပေးပေမယ့် Critical Damage နဲ့ Cleave Damage တွေမှာတော့ ထည့်သွင်း မတွက်ချက်ပါဘူး။

Aoe Ability တစ်ခုဖြစ်တဲ့ Chrnosphere ဟာ Enemy, Ally, Neutral, Tower အားလုံးကို ရပ်တန့်ထားနိုင်တဲ့ အနည်းငယ် Overpower ဖြစ်နေတဲ့ Ability တစ်ခုဖြစ်ပါတယ်။ အားနည်းချက်ကတော့ Chrnosphere အပြင်မှာကျန်ခဲ့တဲ့ တစ်ဖက်အသင်းရဲ့ Disabler က သင့်ကို စိတ်တိုင်းကျ မတိုက်ခိုက်နိုင်အောင် အနှောင့်အယှက်ပေးနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ လက်တစ်လောမှာတော့ Chronosphere နဲ့ တွဲဖက်ပြီး Death Ward (Witch Doctor), Chain Frost (Lich), Sunstrike (Invoker), Mystic Flare (Skywrath Mage) အစရှိတဲ့ Combo တွေဖန်တီးပြီး တိုက်ခိုက်တဲ့ နည်းလမ်းများ ခေတ်စားနေသလို မိမိတစ်ကိုယ်တော် အစွမ်းပြတဲ့အခါမှာလည်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ Chronosphere အတွင်းမှာ 1000 ပုံသေ Movement Speed နဲ့ ကျော်ခွသွားနိုင်တဲ့ Phase Effect ကို ရရှိနေမှာဖြစ်တဲ့အတွက် Chronosphere အတွင်းမှာ ရှိနေမယ့် Void ကို Movement Speed Slow ပြီးတိုက်ခိုက်ခြင်းက အသုံးမဝင်ဖြစ်ပါလိမ့်မယ်။ Aghanim's Scepter ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ Chronosphere ရဲ့ Cooldown ဟာ 130/110/90 seconds ကနေ ပုံသေ 60 seconds အထိ လျော့ကျသွားစေမှာဖြစ်ပြီး Chrnosphere အတွင်းမှာရှိတဲ့ Invisible Enemy Unit တွေကို မြင်ရမှာဖြစ်ပြီး Invisible Ally Unit တွေကိုတော့ ဖုံးကွယ်ပေးထားနိုင်စွမ်းရှိပါလိမ့်မယ်။ နေရာပြောင်းစေတဲ့ Ability ဖြစ်တဲ့ Meat Hook နဲ့ Chronosphere အပြင်ကို ဆွဲထုတ်နိုင်သော်လည်း Force Staff, Geomagnetic Grip တို့နဲ့တော့ အဆိုပါ Unit ကို အပြင်ဆွဲထုတ်လို့ မရနိုင်ပါဘူး။

Items

Base Damage များလွန်းတဲ့ Faceless Void ကို ပွဲအစမှာ Quelling Blade တစ်ခုလောက် မဖြစ်မနေ ဆောင်ထားသင့်ပြီး Dota 2 မှာ Orb Effect (Unique Attack Modifier) ရဲ့ သက်ရောက်ပုံကို အနည်းငယ် ပြောင်းလဲလိုက်တဲ့အတွက် ယခင်က မမြင်ခဲ့ရတဲ့ Madness + Maelstorm ပုံစံဟာ မြင်တွေ့ရကျ Item အတွဲဖြစ်လာခဲ့ပါတယ်။ Chain Lightning ထွက်သွားတဲ့ တစ်ချိန်မှာသာ Lifesteal Effect ပျောက်နေမှာဖြစ်လို့ Time Lock လိုမျိူး Bonus Damage Ability ပါဝင်နေတဲ့ Faceless Void အတွက် Attack Speed ဟာ ဦးစားပေးရွေးချယ်ရလို့ အဆိုပါ Item အတွဲဟာ အခြေခံလိုအပ်ချက်လိုဖြစ်နေပါတယ်။ ကစားပွဲအခြေအနေကိုလိုက်ပြီး Hand of Midas ကိုရွေးချယ်နိုင်သလို သင့်ရဲ့ ၄ ခုမြောက် Item ကတော့ Black King Bar ဖြစ်နေမယ်ဆိုရင် Team Fight တိုင်းကို ကြောက်စရာမလိုဘဲ ရှေ့ဆုံးက စတင်ဦးဆောင်နိုင်တဲ့ Initiator တစ်ကောင်ဖြစ်လာစေမှာပါ။ သင့်ရဲ့ ကြိုက်သက်မှုပေါ်မူတည်ပြီး နောက်ဆုံး Item ၂ ခုကို Battlefury, Butterfly, Daedalus, Monkey King Bar, Satanic, Assault Curiass, Aghanim's Secpter တို့ကို ပွဲအခြေအနေပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ သင့်ရဲ့ Faceless Void ဟာ Main Carry တစ်ကောင်မဟုတ်ဘဲ Team Fight ပုံစံ အသုံးပြုရရင်တော့ Power Treads, Hand of Midas, Madness, Black King Bar, Aghanim's Scepter နဲ့ Refresher Orb တို့ကို ရွေးချယ်အသုံးပြုနိုင်ပါလိမ့်မယ်။

Overview

Faceless Void ဟာ သူ့ရဲ့အဓိကအားသာချက်အဖြစ် အခြား AoE Disable Hero တွေထက် များစွာအားသာတဲ့ Chronosphere ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Chronosphere အပြင်ဘက်မှာကျန်ခဲ့တဲ့ Enemy Hero တစ်ကောင်က သင့်အပေါ်များစွာ ဒုက္ခပေးနိုင်တဲ့အတွက် တစ်ဖက်အသင်းရဲ့ Carry ကို ဦးတည်ပြီးအုတ်မလား၊ နောက်က Support Hero တွေကို ဦးတည်ပြီးအုတ်မလားဆိုတာကတော့ အချိန်တိုအတွင်းမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ချနိုင်ဖို့တော့လိုပါလိမ့်မယ်။ Faceless Void ရဲ့ အဓိကစိတ်အနှောက်အယှက်ပေးတဲ့ backtrack နဲ့ Time Lock ဟာ Aghanim's Scepter ဆက်ထားတဲ့ Doom နဲ့တိုက်ခိုက်ခံရတဲ့အခါမှာတော့ အဆိုပါ Buff ၂ ခုလုံးကို ရပ်တန့်သွားစေနိုင်တဲ့အတွက် Doom ဟာလည်း Linken's Sphere မဆက်တဲ့ Faceless Void အတွက် Counter ကောင်းတစ်ကောင်ဖြစ်ပါတယ်။ ကိုတေဇာ