ကားလ် အိုက်ခန်

ဝီကီပီးဒီးယား မှ
(Carl Celian Icahn မှ ပြန်ညွှန်းထားသည်)
ကားလ် အိုက်ခန်
မွေးသက္ကရာဇ် ၁၆ ဖေဖော်ဝါရီ ၁၉၃၆

ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလျံ
မွေးရပ်ဇာတိ နယူးယောက်အမေရိကန်
ကြင်ဖော် Gail Icahn
သားသမီး Brett Icahn, Michelle Icahn

အမေရိကန်ငွေကြေးသမား၊ လုပ်ငန်းကျွမ်းကျင်သူ၊ ကိုယ်ပိုင်ရှယ်ယာများဖြင့် ရင်းနှီးမြှုပ်နှံသူ Carl Celian Icahn ကို ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

အတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

Icahn သည် သူအထက်တန်းကျောင်းတက်ရာနေရာ New York, Queens ရှိ Far Rockaway မြို့တွင် ကြီးပြင်းခဲ့သည်။ သူ၏ဖခင်သည် ဂျူးဓမ္မတေးသီချင်းများကို ဦးဆောင်သီဆိုသူတစ်ယောက်ဖြစ်ပြီး မိခင်မှာ ကျောင်းဆရာမ တစ်ဦးဖြစ်သည်။ Icahn သည် Princeton တက္ကသိုလ်မှ A.B., Philosophy မေဂျာဖြင့် ၁၉၅၇ ခုနှစ်တွင် အောင်မြင်ခဲ့ပြီး New York ဆေးတက္ကသိုလ်မှ ဘွဲ့မရခင် ကျောင်းထွက်လာသည်။

၁၉၆၁ ခုနှစ်တွင် Icahn သည် သူ၏ဘဝတက်လမ်းအတွက် Wall Street မဂ္ဂဇင်းတွင် စတင်လုပ်ကိုင်ခဲ့သည်။ ၁၉၆၈ တွင်တော့ လက်လှည့်ရောင်းခြင်းနှင့် အလဲအလှယ်တို့ကို အဓိကထားသည့် အာမခံလုပ်ငန်းတစ်ခု ဖြစ်သော Icahn & Co. ကို တည်ထောင်ခဲ့သည်။ ၁၉၇၈ တွင် သက်ဆိုင်ရာကုမ္ပဏီများတွင် နေရာယူနိုင်သည်။

RJR Nabisco, TWA, Texaco, Phillips Petroleum, Western Union, Gulf & Western, Viacom, Uniroyal, Dan River, Marshall field, E-II(Culligan and Samsonite), American Can, USX, Marvel Comics, Revlon, Imclone, Federal-Mogul, Fairmont Hotels, Blockbuster, Kerr-McGee, Time Warner နှင့် Motorola ကုမ္ပဏီများ၏ အဓိကနေရာတွင် ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ သည်။ TWA ကုမ္ပဏီနှင့်လက်တွဲလုပ်စဉ် ထိုကုမ္ပဏီမှလက်မှတ်များကို အလွန်အမင်းလျော့၍ ရောင်းချခွင့်ကို ရရှိခဲ့သည်။ ပြည်သူလူထုက သူရောင်းချသောလက်မှတ်များကို ဝယ်ယူပြီး TWA လုပ်ငန်းကို တိုးတက်စေခဲ့သည်။

၂၀၁၀ ဖေဖော်ဝါရီတွင် Icahn သည် Gemzyme ဘုတ်အဖွဲ့တွင် နေရာ ၄ နေရာယူနိုင်ရန် ကြိုးစားခဲ့သည်။ လတ်တလောတွင်တော့ Icahn သည် Yahoo! ကို လွှဲပြောင်းရယူရန်နှင့် Microsoft Web Company ၏ CEO ရာထူးကို လက်ရှိပိုင်ဆိုင်သူ Jerry Yang ထဲမှ ကုမ္ပဏီကိုဝယ်ယူရန်လည်း စိတ်ဝင်စားလျက်ရှိ သည်။ ၂၀၀၈ ဇွန်လတုန်းက Icahn သည် ရှယ်ယာပိုင်ဆိုင်သူများ၏အခွင့်အရေးကို ဖော်ပြလှုံ့ဆော်ထား သည့် The Icahn Report ကိုထုတ်ခဲ့သည်။ ထိုမှတ်တမ်းစာစောင်ကို United Shareholders of America တွင်လက်ခံရယူနိုင်ပြီး ထိုနေရာတွင် ရင်းနှီးမြှုပ်နှံလိုသူများ စာရင်းသွင်းကာ ပါဝင်နိုင်လေသည်။ ဇွန်လ ၂၀၁၀ တွင် Mentor Graphics က Poison Pill အတွက်ထောက်ပံ့ရန် သဘောတူလက်မှတ် ရေးထိုးခဲ့သဖြင့် Icahn သည် Mentor Graphics တွင် ရှယ်ယာ ၁၄ ရာခိုင်နှုန်းခန့် ပါဝင်သူဖြစ်လာ သည်။ ၂၀၁၀ စက်တင်ဘာတွင် Mentor Graphics တွင် Icahn ပိုင်သောရှယ်ယာမှာ ၁၅ ရာခိုင်နှုန်းထက် မလျော့နည်းခဲ့ပေ။

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ်တွင်တော့ Icahn နှင့် သူ့အသင်းဝင်များသည် ACF Industries, American Railcar Industries, XO Communications, Philip Services နှင့် American Real Estate Partners ဟု သိကြသော NYSE-listed Icahn Enterprise စသည့်ကုမ္ပဏီကြီးများတွင် အဓိကအုပ်ချုပ်ရေး နေရာများကို ထိန်းချုပ်ခဲ့သည်။ Icahn သည် Blockbuster တွင် ၂၀၁၀ ဇန်နဝါရီအထိ အုပ်ချုပ်ရေးဒါရိုက်တာလုပ်ခဲ့ပြီး Imclone, Icahn Enterprise, XO Communications, West Point Home, Cadus နှင့် American Railcar Industries များတွင်လည်း ဥက္ကဋ္ဌဖြစ်ခဲ့သည်။

သူသည် Adventrx ဆေးဝါးလုပ်ငန်းအတွက် အကျိုးပြုသောပိုင်ရှင်တစ်ဦးဖြစ်ပြီး Time Warner တွင်တော့ ထင်ရှားသောနေရာမှပါဝင်သည့် ရှယ်ယာများကို ပိုင်ဆိုင်ထားသည်။ Icahn သည် Avi Arad, Ron Perelman နှင့် Ike Perlmutter တို့နှင့် အတိုက်အခံပဋိပက္ခအဖြစ်ခံကာ Marvel Comics လုပ်ငန်းကို ရယူနိုင်ရန်ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ၂၀၀၉ နှောင်းပိုင်းတွင် Marvel ကုမ္ပဏီက The Walt Disney ကုမ္ပဏီနှင့် ပူးပေါင်း ဆည်းပူးသွားသဖြင့် ပြီးဆုံးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် Mylan ဓာတ်ခွဲခန်းက King ဆေးဝါးလုပ်ငန်းနှင့် ပူးပေါင်းလေ့လာလိုသည်ဟု ကြေညာခဲ့သောကြောင့် Icahn သည် Mylan ဓာတ်ခွဲခန်း၏ရှယ်ယာများကို အမြောက်အမြား ဝယ်ယူခဲ့ပြန်သည်။

Icahn သည် လုပ်ငန်းအပေးအယူကိစ္စတွင် Mylan တို့ဖက်ကို ငွေကြေးမတန်တဆ ပေးရန် လိုအပ်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ သူက Mylan ကုမ္ပဏီ၏ အမှုဆောင်ချုပ် Robert J. Coury သည် အထိန်းချုပ်လွန်နေပြီး Mylan ၏အုပ်ချုပ်ပုံ သည် ဆိုးဝါးလှသော ချို့ယွင်းချက်များရှိနေသည်ဟု အခိုင်အမာပြောဆိုခဲ့သည်။ ၂၀၀၅ ခုနှစ်အစောပိုင်းတွင် Mylan ကုမ္ပဏီသည် King နှင့်လက်တွဲရန် ကြိုးပမ်းမှုများကို လျှော့ချလိုက်သော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာအရ Icahn ၏ဖိအားများကြောင့်မဟုတ်ပဲ သက်ဆိုင်သည့်အချက်အလက်များ ကို စောင့်ကြည့်ပြီးနောက်မှ ဆုံးဖြတ်ချက်ချခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် Icahn သည် ကိုရီးယားဆေးရွက်ကြီးနှင့်ဂျင်စင်းလုပ်ငန်း KT & G မှ သူပိုင်ဆိုင်သော ရှယ်ယာ အစုများကို အမြတ်များများရသောကြောင့် ရောင်းထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် Icahn သည် Nevada ရှိ ကာစီနိုရုံမှအမြတ်များကိုလည်း ရောင်းခဲ့သည်။

ယင်းတို့သည် Icahn ၏အဓိကကုမ္ပဏီ Icahn Enterprise ၏လုပ်ငန်းအခွဲများဖြစ်သည့် Stratosphere, Arizona Charlie’s Boulder, Arizona Charlie’s Decatur, နှင့် Aquarius ကာစီနို အပန်းဖြေစခန်းတို့ဖြစ်ကြ သည်။ သူရောင်းချခဲ့သော ရောင်းဈေး ဒေါ်လာ ၁.၃ ဘီလီယံသည် မူလပိုင်ဆိုင်မှုအတွက် ပေးချေခဲ့ရ သည်ထက် ဒေါ်လာ ၁ ဘီလီယံခန့် ပိုများသည်။ Icahn သည် Time Warner တွင် ကုမ္ပဏီတန်ဖိုး ဘီလီယံများစွာတန်သော ၃.၃ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားပြီး အဓိကရှယ်ယာပိုင်ရှင်ဖြစ်ရန် ကြိုးပမ်းခဲ့သည်။ သူသည် ထိုကုမ္ပဏီရှိ အမှုဆောင်ချုပ် Richard Parsons နှင့် မကြာခဏ ပဋိပက္ခဖြစ်လေ့ရှိပြီး ကုမ္ပဏီ အုပ်ချုပ်ရေးပိုင်းတွင် လွှမ်းမိုးနိုင်ရန် ကြိုးစားလျက်ရှိသည်။ Time Warner သည် AOL ဌာန၏ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရောင်းချခဲ့သော်လည်း Icahn က ရှယ်ယာတန်ဖိုးများထပ်တိုးလာစေရန် ဖိအားပေးခဲ့သည်။

၂၀၀၆ ဖေဖော်ဝါရီ ရ ရက်နေ့တွင် Icahn ဦးဆောင်သော Lazard Fre`res နှင့် Bruce Wasserstein တို့အဖွဲ့ သည် Time Warner ကို ကုမ္ပဏီလေးခုအဖြစ် ခွဲထုတ်ရန်နှင့် ဒေါ်လာ ဘီလီယံ ၂၀ တန်ဖိုးခန့်ရှိသော စတော့ ရှယ်ယာများကို ပြန်လည်ဝယ်ယူရန် တင်ပြထားသည့် စာမျက်နှာ ၃၄၃ မျက်နှာ ပါဝင်သော အဆိုပြုချက်တစ်ခု ကိုဖော်ထုတ်ခဲ့သည်။ ထိုနှစ်ပိုင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် Icahn တို့အဖွဲ့သည် ၂၀၀၆ ခုနှစ်အတွင်းပြုလုပ်မည့် အစည်းအဝေး တစ်ရပ်တွင် ဘုတ်အဖွဲ့ဝင်အသစ်များ ပြန်လည်ရွေးချယ်တင်မြှောက်ရာတွင် အပြိုင်အဆိုင်မလှုပ်ရှားရန် Time Warner နှင့် သဘောတူညီမှုရရှိခဲ့သည်။

Icahn ၏ရန်ပုံငွေများသည် ဇီဝနည်းပညာကုမ္ပဏီ Biogen Idec တွင် ၅.၆ ရာခိုင်နှုန်းခန့်ရှိသည်။ ၂၀၀၇ ခုနှစ်စစချင်းပင် ကုမ္ပဏီအမျိုးမျိုးသောအပိုင်းများကို ပူးပေါင်းရန်၊ ခွဲထုတ်ရန်၊ ပြန်လည် ရောင်းချရန် အတွက် Icahn သည် သူပိုင်ရှယ်ယာများကို တဖြည်းဖြည်းဖြင့် တိုးမြှင့်ခဲ့သည်။ ၂၀၀၉ ဇွန်လတွင် ကုမ္ပဏီကိုနှစ်ပိုင်းခွဲလိုက်ရန် နှင့် သူအပြစ်လိုက်ရှာနေတတ်သော မူလ CEO James C. Mullen နေရာတွင် အစားထိုးရန် Biogen ဘုတ်အဖွဲ့ရှိ သူ၏မဟာမိတ်များဖြင့် တိုင်ပင်စီမံခဲ့သည်။