မာတိကာသို့ ခုန်သွားရန်

Brave (ဝက်ဘ် ဘရောက်ဇာ)

ဝီကီပီးဒီးယား မှ

ဘရေ့ဗ် (အင်္ဂလိပ်စာဖြင့်- Brave) သည် ကိုယ်ရေးအချက်အလက် လုံခြုံမှုနှင့် စွမ်းဆောင်ရည် အလေးထား ဖန်တီးထားသော ဝက်ဘ်ဘရောက်ဇာတစ်ခု ဖြစ်သည်။ ၎င်းက အွန်လိုင်း ကြော်ငြာများနှင့် နောက်ယောင်ခံကုဒ်များကို ပုံသေအားဖြင့် ပိတ်ပင်ပေးသည်။ ထိုသို့ ပိတ်ပင်ပေးခြင်းသည် ဒေတာ စုဆောင်းရယူမှုကို လျှော့ချပေးသဖြင့် စာမျက်နှာ ပြသရန်ကြာချိန် လျော့ကျစေသည်။[]

Brave သည် ကိုယ်ရေးအချက်အလက် လုံခြုံရေး လုပ်ဆောင်ချက်များကို အော်တို ဖွင့်ပေးထားသောကြောင့် အခြား ဘရောက်ဇာများစွာနှင့် ကွာခြားပါသည်။ သုံးစွဲသူများအနေဖြင့် အခြေခံ ကာကွယ်မှု ရရှိရန်အတွက် Extension များ ထပ်မံ ထည့်သွင်းရန် မလိုပါ။ ဤဘရောက်ဇာကို Brave ဆော့ဖ်ဝဲက ဖန်တီးရေးသားထားပါသည်။[] Brave တွင် မိမိဆန္ဒအရ ရွေးချယ်နိုင်သည့် ကိုယ်ရေးအချက်အလက် လုံခြုံမှုရှိသည့် ကြော်ငြာပြသရေးနှင့် ရှာဖွေရေးဆိုင်ရာ လုပ်ဆောင်ချက်များလည်း ပါရှိပါသည်။ ဤလုပ်ဆောင်ချက်များသည် ပင်မ ရှာဖွေကြည့်ရှုရေး လုပ်ဆောင်ချက်များအပြင် သီးခြားပါရှိသော လုပ်ဆောင်ချက်များဖြစ်သည်။[]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

Brave ကို 2016 ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ Brave ကို Brendan Eich နှင့် Brain Bondy တို့က ပူးတွဲတည်ထောင်ခဲ့ကြသည်။ Brendan Eich သည် Java Script ကဲ့သို့ ဝက်ဘ်နည်းပညာများတွင် ပါဝင်ဆောင်ရွက်မှုအတွက် လူသိများသော ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးဖြစ်သည်။ တည်ထောင်သူများသည် ကိုယ်ရေးအချက်အလက် လုံခြုံမှု၊ ကြော်ငြာတင်မှုနှင့် ဝက်ဘ်ပေါ်တွင် သုံးစွဲသူ ထိန်းချုပ်ပိုင်ခွင့်စသည့် ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန် Brave ကို ဖန်တီးခဲ့ကြသည်။ ၎င်းတို့ နှစ်ဦးသားသည် အဆိုပါဘရောက်ဇာကို ဖန်တီးရေးသား၍ မွမ်းမံထိန်းသိမ်းရန် Brave Software Inc ကို တည်ထောင်ခဲ့ကြသည်။ အစောပိုင်း ဖန်တီးရေးသားမှုတွင် ဘရောက်ဇာအဆင့်၌ ကြော်ငြာများနှင့် နောက်ယောင်ခံကုဒ်များကို ပိတ်ပင်ခြင်းကို အလေးထား၍ ဖန်တီးခဲ့ကြသည်[]

2017 ခုနှစ်မှ 2020 ခုနှစ်အကြားတွင် Brave သည် စားပွဲတင် ကွန်ပျူတာနှင့် မိုဘိုင်း ပလက်ဖောင်းများစွာကို တိုးချဲ့ပံ့ပိုးပေးခဲ့သည်။ ဤကာအလအတွင်း၌ ဘရောက်ဇာတွင် ကိုယ်ရေးအချက်အလက်လုံခြုံရေး တူးလ်များနှင့် စွမ်းဆောင်ရည် မွမ်းမံမှုများကို ထည့်သွင်းပေးခဲ့သည်။[]

2021 ခုနှစ်နောက်ပိုင်းမှစ၍ ရှာဖွေရေး၊ မိုဘိုင်း အထောက်အကူနှင့် ကိုယ်ရေးအချက်အလက်လုံခြုံရေး စံသတ်မှတ်ချက်များစသည်တို့တွင် ဆက်လက်ဖန်တီးခဲ့ကြသည်။ 2020 နှစ်လယ်ပိုင်းအထိ Brave ကို ဆက်လက် မွမ်းမံထိန်းသိမ်းလျက်ရှိသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. What is Brave | Definition, history, evolution and uses (in en-US) (2023-04-08)။ 2026-01-12 တွင် ပြန်စစ်ပြီး။
  2. Brave Browser Definition | CoinMarketCap (in en)။ 2026-01-12 တွင် ပြန်စစ်ပြီး။
  3. What is Brave Software? (in en)။ 2026-01-12 တွင် ပြန်စစ်ပြီး။
  4. The Browser (with Brendan Eich, Chief Architect of Netscape + Mozilla and CEO of Brave) | Acquired Podcast 2026-01-12 တွင် ပြန်စစ်ပြီး။
  5. What is Brave Browser? A Complete Guide to the Privacy-Focused Web Browser - 9meters (in en-US) (2025-11-06)။ 2026-01-12 တွင် ပြန်စစ်ပြီး။
  6. About Brave (in en)။ 2026-01-12 တွင် ပြန်စစ်ပြီး။