Beijing Genomics Institute

ဝီကီပီးဒီးယား မှ
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
BGI
အမျိုးအစားPrivate Company
လုပ်ငန်းGenome sequencing
ဇီဝနည်းပညာ
တည်ထောင်သူများWang Jian
Yu Jun
Yang Huanming
Liu Siqi
တည်နေရာ
ဝန်ဆောင်မှု ဧရိယာWorldwide
အရေးပါ ပုဂ္ဂိုလ်များWang Jian (President, Chairman)
ထုတ်ကုန်ပစ္စည်းDNBseq Platform (next-generation sequencing platform), The NIFTY Test (a non-invasive prenatal test)
ဝင်ငွေIncrease $251 million (2016)
အသားတင် ဝင်ငွေIncrease $51.7 million (2016)
ပိုင်ရှင်များWang Jian
အလုပ်သမားဦးရေ~ 6,000 (worldwide)
ဌာနခွဲများBGI China (Mainland)
BGI Asia Pacific
BGI Americas
BGI Europe (Europe and Africa)
ကုမ္ပဏီခွဲ

BGI (ဘီဂျီအိုင်) ၊ ယခုအခေါ်အဝေါ်  BGI Group (ဘီဂျီအိုင် အုပ်စု) ၊ ယခင်အခေါ်အဝေါ် Beijing Genomics Institute သည် မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း အချက်အလက်များ စူးစမ်းလေ့လာသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ အခြေစိုက်ရုံးချုပ်မှာ တရုတ်နိုင်ငံ Guangdong ပြည်နယ် Shenzhen မြို့တွင် တည်ရှိသည် [၁][၂]

လူသားမျိုးရိုးဗီဇဖွဲ့စည်းပုံ စူးစမ်းလေ့လာသော စီမံကိန်းတွင်မျိုးရိုးဗီဇသုတေသနဌာန တစ်ခုအဖြစ် ပါဝင်ရန် ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[၃] ထို့အပြင် အခြားတိရစ္ဆာန်များ၊ အပင်များနှင့် သေးငယ်သောဇီဝဗေဒသတ္တဝါများ၏ မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း စူးစမ်းလေ့လာမှုကိုလည်း လုပ်ဆောင်သည်။[၄] ဤကုမ္ပဏီသည် ပန်ဒါဝက်ဝံများနှင့် စပါးပင်များ၏ မျိုးရိုးဗီဇကို အဓိပ္ပါယ်ဖော်သော သုတေသနဌာနမှပြောင်းလဲ၍ တိရစ္ဆာန်ပုံတူပွားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စာချုပ်သုတေသနများ တက်ကြွစွာလုပ်ဆောင်သော ကုမ္ပဏီအဖြစ် အသွင်ပြောင်းခဲ့သည်။ ကုမ္ပဏီ၏ အကျိုးအမြတ်မယူသော သုတေသနလုပ်ငန်းလုပ်ကိုင်မှုကို Beijing Institute of Genomics ၊ ၂၀၀၆ ခုနှစ်တွင် ခွဲထွက်သွားသော တရုတ်နိုင်ငံသိပ္ပံပညာဆိုင်ရာ သင်တန်းကျောင်းနှင့်အတူ BGI Research[၅] နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် China National GeneBank တို့မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]