မာတိကာသို့ ခုန်သွားရန်

Beijing Genomics Institute

ဝီကီပီးဒီးယား မှ
(BGI Group မှ ပြန်ညွှန်းထားသည်)
BGI
အမျိုးအစားPrivate Company
လုပ်ငန်းGenome sequencing
ဇီဝနည်းပညာ
တည်ထောင်သူများWang Jian
Yu Jun
Yang Huanming
Liu Siqi
တည်နေရာ
ဝန်ဆောင်မှု ဧရိယာWorldwide
အရေးပါ ပုဂ္ဂိုလ်များWang Jian (President, Chairman)
ထုတ်ကုန်ပစ္စည်းDNBseq Platform (next-generation sequencing platform), The NIFTY Test (a non-invasive prenatal test)
ဝင်ငွေIncrease $251 million (2016)
အသားတင် ဝင်ငွေIncrease $51.7 million (2016)
ပိုင်ရှင်များWang Jian
အလုပ်သမားဦးရေ~ 6,000 (worldwide)
ဌာနခွဲများBGI China (Mainland)
BGI Asia Pacific
BGI Americas
BGI Europe (Europe and Africa)
ကုမ္ပဏီခွဲ

BGI (ဘီဂျီအိုင်) ၊ ယခုအခေါ်အဝေါ်  BGI Group (ဘီဂျီအိုင် အုပ်စု) ၊ ယခင်အခေါ်အဝေါ် Beijing Genomics Institute သည် မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း အချက်အလက်များ စူးစမ်းလေ့လာသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ အခြေစိုက်ရုံးချုပ်မှာ တရုတ်နိုင်ငံ Guangdong ပြည်နယ် Shenzhen မြို့တွင် တည်ရှိသည် [][]

လူသားမျိုးရိုးဗီဇဖွဲ့စည်းပုံ စူးစမ်းလေ့လာသော စီမံကိန်းတွင်မျိုးရိုးဗီဇသုတေသနဌာန တစ်ခုအဖြစ် ပါဝင်ရန် ၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည်။[] ထို့အပြင် အခြားတိရစ္ဆာန်များ၊ အပင်များနှင့် သေးငယ်သောဇီဝဗေဒသတ္တဝါများ၏ မျိုးရိုးဗီဇအစဉ်အတိုင်းလိုက်ခြင်း စူးစမ်းလေ့လာမှုကိုလည်း လုပ်ဆောင်သည်။[] ဤကုမ္ပဏီသည် ပန်ဒါဝက်ဝံများနှင့် စပါးပင်များ၏ မျိုးရိုးဗီဇကို အဓိပ္ပါယ်ဖော်သော သုတေသနဌာနမှပြောင်းလဲ၍ တိရစ္ဆာန်ပုံတူပွားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စာချုပ်သုတေသနများ တက်ကြွစွာလုပ်ဆောင်သော ကုမ္ပဏီအဖြစ် အသွင်ပြောင်းခဲ့သည်။ ကုမ္ပဏီ၏ အကျိုးအမြတ်မယူသော သုတေသနလုပ်ငန်းလုပ်ကိုင်မှုကို Beijing Institute of Genomics ၊ ၂၀၀၆ ခုနှစ်တွင် ခွဲထွက်သွားသော တရုတ်နိုင်ငံသိပ္ပံပညာဆိုင်ရာ သင်တန်းကျောင်းနှင့်အတူ BGI Research[] နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် China National GeneBank တို့မှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]